အရာရာဟာ ကိုယ်နဲ့မဆိုင်တော့သလို
ကိုယ်ဟာအရာရာနဲ့မဆိုင်တော့
အားလုံးနဲ့ဝေး
ငြိတွယ်ရာ ဖက်တွယ်ရာနဲ့ဝေး
ရူးသွပ်မှုနဲ့ဝေး
စိတ္တဇနာမ်အားလုံးနဲ့ဝေး။
ကလေးငယ်လေးက ပုန်ကန်တတ်တယ်
မိဘစကားနားမထောင်ဘူး
သူထင်ရာသူလုပ်တယ်
တဇွတ်ထိုးလေး
ဖောက်ထွက်တယ်
သူ့ကိုပိတ်လှောင်ထားတဲ့နံရံတွေကို ဖောက်ထွက်တယ်
သူမိထားတဲ့ လောင်းရိပ်ကို ပေါင်းသင်ပစ်တယ်
အချုပ်အနှောင်တွေအားလုံးကို ဖောက်ထွက်တယ်
နောက်ဆုံး ဖောက်ထွက်စရာရှာမရရင်
သူ့ကိုယ်သူဖောက်ထွက်ပစ်တယ်
ခေတ်ကိုဦးဆောင်မဲ့ လူ။
ကျောင်းတတ်ရမှာပျင်းပြီး
ကျောင်းလစ်မိရင် ကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံး
ဘယ်လိုလူ့အဖွဲ့အစည်းနဲ့မှ အံမ၀င်သူ။
ဘီယာကို အမြှုပ်ထလို့ကြိုက်တယ်
ဘီယာကို ခါးလို့ကြိုက်တယ်
ဘီယာဟာ ရီ ဝေ ဝေ မို့ကြိုက်တယ်
ဘီယာဟာ ခန္ဓာကိုယ်ထဲမှာ ကြာကြာမနေလို့ကြိုက်တယ်။
နာကျင်မှုတွေကို မုန်းသလောက်
နာကျင်မှုမရှိရင်မနေတတ်တဲ့
ဒီလူ့အန္ဓက
သူ့ကိုယ်သူ mind freak လို့ခေါ်သတဲ့။
Hello Mr.Mind Freak
Nice to meet you
How do you do?
What u gonna do?
-- Loading—
?problem loading page
Reload
Web page not available.
Thank you.
ခေတ်ကို မျက်ခြေမပြတ်စေနဲ့
ခေတ်နောက်ကိုလိုက်
လိုက် … လိုက်
ခေတ်ရဲ့ခြေရာကို မျက်ခြေမပြတ်စေနဲ့
ရှာ ရှာ ပေါက် ပေါက်
ရိုင်ဖယ် မပြောနဲ့
လေး နဲ့ မြားတောင် တည့်အောင်မပစ်တတ်
ဘယ်လိုလုပ် မုဆိုးကောင်းဖြစ်နိုင်မှာလဲ
ခွေးတွေတော့အများကြီးရှိတယ်။
ဒါဆိုလည်း လိုက် .. လိုက် ..
ခေတ်ရေစီးကြောင်းထဲကို မျှော လိုက်
မျှော ပြီးတော့ လိုက်
မျှော်ပြီးတော့ လိုက်
ဒီလို နဲ့ မျော မျော သွား
ဒီလိုနဲ့ မြစ်ဖျားခံရာနဲ့ ဝေး ဝေး သွား
ကျွန်တော်တို့ရဲ့ အ၀တ်အစားတွေဟာ
အရင်လို ဖိုသီ ဖက်သီ မနေတော့
ကပ်ကပ် ရပ်ရပ်ဖြစ်လာ
ကပ်ကပ် သပ်သပ်ဖြစ်လာ
ကြပ်ကြပ် ညက်ညက်ဖြစ်လာ
အ၀တ်ချုပ်သူတို့ဟာလည်း ဖြတ်တိုင်းပြတ်တဲ့သံမဏိကတ်ကြေးေ တွကို
အသုံးပြုလာ
ဒီဂျာနယ်က ခရီးတွေအများကြီးဖြတ်သန်းခဲ့တယ် ထင်ရဲ့
သူ့ရဲ့ ပေါင်လုံးတွေက တုတ်တယ်
ဟိုစာစောင်ကရော .. ..
ဒီမဂ္ဂဇင်းကရော. ..
ဒီလိုနဲ့ ကိုယ်စီးတဲ့မြင်း အထီး အမ ခွဲခြားချိန်မရလိုက်တဲ့အတောအတွင်းမှာ
ရေစီးကြောင်းတွေက ကျွန်တော်တို့ရဲ့ အ၀တ်စတွေကို ခိုးယူသွားတယ်။
Hello Mind Freak
I know you can do it.
Break it.
Right now.
ဘယ်ရုပ်သံလိုင်းကမှ
အရေးတယူလုပ်မပြတဲ့ ပညာပေးအစီအစဉ်ကို
ကျောင်းလစ်ရင်း …
ဘီယာသောက်ရင်း .. ..
နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရင်း….
စီးကရက်သောက်သလိုပေါ့ဗျာ
တိုအောင်ဖွာရှိုက်လိုက်မှရလာတဲ့ခံစားချက်
ထွက်လာတဲ့အခိုးအငွေ့တွေက အတိတ်
ခင်ဗျားဘာတွေကို ဖောက်ထွက်ခဲ့ပြီလဲ
ဆိုကြပါစို့
Obama က post တစ်ခုတင်တယ်
“ဒီ post က like 10000 ရလျင် President အနေဖြင့်
ဒုတိယအကြိမ်ထမ်းဆောင်ခွင့်ရမည်ဟု ရွေးချယ်ရေးအဖွဲ့က ပြောသည်
ကိုယ်ဟာအရာရာနဲ့မဆိုင်တော့
အားလုံးနဲ့ဝေး
ငြိတွယ်ရာ ဖက်တွယ်ရာနဲ့ဝေး
ရူးသွပ်မှုနဲ့ဝေး
စိတ္တဇနာမ်အားလုံးနဲ့ဝေး။
ကလေးငယ်လေးက ပုန်ကန်တတ်တယ်
မိဘစကားနားမထောင်ဘူး
သူထင်ရာသူလုပ်တယ်
တဇွတ်ထိုးလေး
ဖောက်ထွက်တယ်
သူ့ကိုပိတ်လှောင်ထားတဲ့နံရံတွေက
သူမိထားတဲ့ လောင်းရိပ်ကို ပေါင်းသင်ပစ်တယ်
အချုပ်အနှောင်တွေအားလုံးကို ဖောက်ထွက်တယ်
နောက်ဆုံး ဖောက်ထွက်စရာရှာမရရင်
သူ့ကိုယ်သူဖောက်ထွက်ပစ်တယ်
ခေတ်ကိုဦးဆောင်မဲ့ လူ။
ကျောင်းတတ်ရမှာပျင်းပြီး
ကျောင်းလစ်မိရင် ကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံး
ဘယ်လိုလူ့အဖွဲ့အစည်းနဲ့မှ အံမ၀င်သူ။
ဘီယာကို အမြှုပ်ထလို့ကြိုက်တယ်
ဘီယာကို ခါးလို့ကြိုက်တယ်
ဘီယာဟာ ရီ ဝေ ဝေ မို့ကြိုက်တယ်
ဘီယာဟာ ခန္ဓာကိုယ်ထဲမှာ ကြာကြာမနေလို့ကြိုက်တယ်။
နာကျင်မှုတွေကို မုန်းသလောက်
နာကျင်မှုမရှိရင်မနေတတ်တဲ့
ဒီလူ့အန္ဓက
သူ့ကိုယ်သူ mind freak လို့ခေါ်သတဲ့။
Hello Mr.Mind Freak
Nice to meet you
How do you do?
What u gonna do?
-- Loading—
?problem loading page
Reload
Web page not available.
Thank you.
ခေတ်ကို မျက်ခြေမပြတ်စေနဲ့
ခေတ်နောက်ကိုလိုက်
လိုက် … လိုက်
ခေတ်ရဲ့ခြေရာကို မျက်ခြေမပြတ်စေနဲ့
ရှာ ရှာ ပေါက် ပေါက်
ရိုင်ဖယ် မပြောနဲ့
လေး နဲ့ မြားတောင် တည့်အောင်မပစ်တတ်
ဘယ်လိုလုပ် မုဆိုးကောင်းဖြစ်နိုင်မှာလဲ
ခွေးတွေတော့အများကြီးရှိတယ်။
ဒါဆိုလည်း လိုက် .. လိုက် ..
ခေတ်ရေစီးကြောင်းထဲကို မျှော လိုက်
မျှော ပြီးတော့ လိုက်
မျှော်ပြီးတော့ လိုက်
ဒီလို နဲ့ မျော မျော သွား
ဒီလိုနဲ့ မြစ်ဖျားခံရာနဲ့ ဝေး ဝေး သွား
ကျွန်တော်တို့ရဲ့ အ၀တ်အစားတွေဟာ
အရင်လို ဖိုသီ ဖက်သီ မနေတော့
ကပ်ကပ် ရပ်ရပ်ဖြစ်လာ
ကပ်ကပ် သပ်သပ်ဖြစ်လာ
ကြပ်ကြပ် ညက်ညက်ဖြစ်လာ
အ၀တ်ချုပ်သူတို့ဟာလည်း ဖြတ်တိုင်းပြတ်တဲ့သံမဏိကတ်ကြေးေ
အသုံးပြုလာ
ဒီဂျာနယ်က ခရီးတွေအများကြီးဖြတ်သန်းခဲ့တယ်
သူ့ရဲ့ ပေါင်လုံးတွေက တုတ်တယ်
ဟိုစာစောင်ကရော .. ..
ဒီမဂ္ဂဇင်းကရော. ..
ဒီလိုနဲ့ ကိုယ်စီးတဲ့မြင်း အထီး အမ ခွဲခြားချိန်မရလိုက်တဲ့အတောအတွင
ရေစီးကြောင်းတွေက ကျွန်တော်တို့ရဲ့ အ၀တ်စတွေကို ခိုးယူသွားတယ်။
Hello Mind Freak
I know you can do it.
Break it.
Right now.
ဘယ်ရုပ်သံလိုင်းကမှ
အရေးတယူလုပ်မပြတဲ့ ပညာပေးအစီအစဉ်ကို
ကျောင်းလစ်ရင်း …
ဘီယာသောက်ရင်း .. ..
နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရင်း….
စီးကရက်သောက်သလိုပေါ့ဗျာ
တိုအောင်ဖွာရှိုက်လိုက်မှရလာတဲ့ခ
ထွက်လာတဲ့အခိုးအငွေ့တွေက အတိတ်
ခင်ဗျားဘာတွေကို ဖောက်ထွက်ခဲ့ပြီလဲ
ဆိုကြပါစို့
Obama က post တစ်ခုတင်တယ်
“ဒီ post က like 10000 ရလျင် President အနေဖြင့်
ဒုတိယအကြိမ်ထမ်းဆောင်ခွင့်ရမည်ဟ
0 comments:
Post a Comment