ရေကြီးခြင်း
ကြိုတင်ပြင်ဆင်ခြင်း
§ ရေကြီးတတ်တဲ့နေရာတွေမှာ အိမ်ငှားမနေပါနဲ့။ ဘယ်နေရာက ရေကြီးလေ့ရှိလဲဆိုတာ မေးပါ။
§ ဘယ်နေရာကစပြီး ရေကြီးလဲ၊ ဘယ်လောက်ပမာဏအထိကြီးလဲ စုံစမ်းပါ။
§ မိမိအိမ်နေရာကို ကာကွယ်ဖို့ ကတုတ်တွေ ကြိုလုပ်ပါ။
§ မိသားစုဝင်တွေနဲ့ နေရာရွှေ့ပြောင်းဖို့ ကြိုတင်တိုင်ပင်ပြီး အသက်ကယ်အိတ်ကို ပြင်ဆင်ထားပါ။
§ ရေမြောင်းတွေ မပိတ်ဆို့အောင် သန့်ရှင်းထားပါ။
ရေကြီးခြင်းသတိပေးချက် သိရှိချိန်
µ ရေကြီးခြင်းသည် သတိပေးချက်ထုတ်ပြန်သည့်အချိန်မှစ၍ အချိန်မရွေးဖြစ်လာနိုင်သည်။
µ မိသားစု စုံ၊ မစုံ စစ်ပါ။
µ အသက်ကယ်အိတ်ကို စစ်ပါ။
µ မော်တော်ယာဉ်ကို မောင်းနိုင်ရန် ဆီများကြိုဖြည့်ထားပါ။
µ ရေသန့်များ စုဆောင်းထားပါ။
µ အရေးကြီးသော စာရွက်စာတမ်းများကို စနစ်တကျစုသိမ်းပါ။
µ ဓာတုပစ္စည်း၊ ပိုးသတ်ဆေးတွေကို စိတ်ချရတဲ့အမြင့်တစ်နေရာသို့ရွှေ့ပါ။
µ ရေနဲ့မျောပါနိုင်တဲ့၊ ပျက်စီးလွယ်တဲ့ ပစ္စည်းတွေကို လုံလုံခြုံခြုံထားပါ။
µ လျှပ်စစ်ဓာတ်အားလိုင်းများ ဖြတ်တောက်ပါ။
µ ပစ္စည်းတွေကို ရေလွတ်နိုင်မယ့်အမြင့်ကို တင်ထားပါ။
µ ရုတ်တရက်ရေကြီးလာနိုင်တဲ့နေရာတွေ၊ ချောင်းတွေ မြောင်းတွေကို သတိထားပါ။
µ ကြီးကြပ်သူအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်ကိုလိုက်နာပါ။
µ ရေဒိယိုမှသတိပေးချက်တွေကို နားထောင်ပြီး လိုက်နာပါ။
ရေကြီးနေစဉ်နှင့် ပြီးနောက်
² မိမိနေရာနဲ့ အခြေအနေကို အကြောင်းကြားပါ။
² အသက်ကယ်အိတ်ကို ခြောက်သွေ့လုံခြုံစေပြီး လက်ဝယ်ရှိပါစေ။
² ရေကို ကြိုချက်သုံးပါ။
² ရေကြီးသောရေနှင့် ထိထားသော အစာများကို မစားပါနှင့်။
² ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို မသုံးပါနှင့်။
² မလိုအပ်သောအရာများ မလုပ်ပါနှင့်။ အသက်သာလျှင် အရေးကြီးသည်။
² ပျက်ကျနေသော ဓာတ်အားလိုင်းများနှင့် ဝေးဝေးနေပါ။ သက်ဆိုင်ရာသို့ အကြောင်းကြားပါ။
² မြေပြိုနိုင်တဲ့ နေရာနှင့် ဝေးဝေးနေပါ။
² ရေတိမ်တဲ့နေရာတောင်မှ မဆင်းပါနှင့်။
² ရေရဲ့အနက်နှင့် အရှိန်ကို စမ်းမကြည့်ဘဲ ရေထဲ မဆင်းရ။
² အန္တရာယ်ဖြစ်စေနိုင်မယ့် ရေမြောင်းတွေ မြေအောက်ပိုက်လိုင်းများကို သတိထားပါ။
² မည့်သည့်ယာဉ်မျှမမောင်းရ။
² နောက်ထပ်သတင်းများရဖို့၊ လွတ်မြောက်ရာ လမ်းကြောင်းများ သိရှိဖို့ ရေဒီယိုနားထောင်ပါ။
ရေကြီးခြင်းသည် အန္တရာယ်များသည့်အတွက် မိမိနေအိမ်ဟာလုံခြုံစိတ်ချရလျှင် ဘယ်မှမသွားပါနှင့်။ မိမိနေအိမ်ဟာ အန္တရာယ်ရှိလျှင် လုံခြုံစိတ်ချရသည့်နေရာသို့ ရွှေ့ပြောင်းခြင်းက အကောင်းဆုံးပါ။ မိမိရွှေ့ပြောင်းမည်ဆိုလျှင် သက်ဆိုင်ရာသို့ အကြောင်းကြားပါ။
ဆက်စပ်ဖတ်ရန် မုန်တိုင်းအန္တရာယ်
0 comments:
Post a Comment