Pages

Friday, March 15, 2013

ချစ်သော ညီမလေး

ညီမလေးရေ
ကြိုးရှည်ရှည်နဲ့ လှန်ထားကွယ်
အပြန်မရှိတဲ့ ချစ်ခြင်းတွေနဲ့
ငါ ၀ပ်ဆင်းနေပါရစေ.....။

ချစ်သော ညီမလေး အိပ်စက်နေပါသလား
အိပ်မက်လှလှ မက်ပါစေ.........။

ချစ်သော ညီမလေး နိုးထနေပြီလား
နေရောင်ခြည်တော့ နွေးပါစေ..........။

ချစ်သော ညီမလေး ဘာလုပ်နေပါလဲ
အရာရာဟာ သာယာပါစေ..............။

ချစ်သော ညီမလေး ချစ်တတ်ပါသလား
လွမ်းဆွတ်ခြင်းမှ ကင်းပါစေ
အသည်းကွဲခြင်းမှ ဝေးပါစေ............။

ချိုနဲ့ အမြီး မပါတာက လွဲရင်
ငါလည်း နွားကြီးတစ်ကောင်ပါပဲ.။

ချစ်သော ညီမလေး အိပ်မက်မက်ပါသလား
ကျွန်တော်လည်း ပတ်သက်ပါရစေ........။

ချစ်သောညီမလေး နေရောင်ခြည်တို့ နွေးပါသလား
ကျွန်တော်ပေးတဲ့ မေတ္တာဓာတ်ကလေးဟု မှတ်ပါလေ........။

ချစ်သော ညီမလေး သာယာပါသလား
ဒါဟာ ကျွန်တော့် ချစ်ခြင်းသာ ဖြစ်ကြောင်း သိပါစေ..........။

ချစ်သော ညီမလေး လွမ်းတတ်ပါသလား
ကိုယ်ချင်းလေး စာတတ်ပါစေ.............။

ချစ်သောညီမလေး အသည်းကွဲခြင်းမှ ကင်းပါသလား
ကျွန်တော့်အားလည်း အမျှ ဝေပေးပါလေ.............။

0 comments:

Post a Comment