ပြောရရင်တော့ ကျွန်တော်လည်း သိပ်တော့ မပြောတတ်ဘူး။ သူငယ်ချင်းတော်တော် များများ အလုပ်မရလို့၊ အင်တာဗျူးတောင် အခေါ်မခံရလို့ ဆိုပြီးညီးငြူနေကြတာတွေ ကြားနေရတာ တော်တော်လေးလည်း အားမလို အားမရဖြစ်နေပြီ။
အလုပ်တစ်ခု ရဖို့ ဆိုတာ လွယ်တယ်ပြောလို့ မရသလို အရမ်း ခက်ခဲတာတော့ မဟုတ်ပါဘူး။ အရေးကြီးတာက ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုက်ညီတဲ့ အလုပ်ကို ရွေးတတ်ဖို့ လိုတယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ work experience လို့ ခေါ်တဲ့ အလုပ်အတွေ့အကြုံကိုလည်း ထည့်တွက်ရမယ်။ ကိုယ်တတ်ထားတာလည်း public health၊ လျှောက်တာကလည်း public health ဆိုပေမယ့် အလုပ်အတွေ့အကြုံက ဘာမှမရှိဘူးဘဲ officer level ကြီးကို တန်းလျှောက်လို့တော့ ရမှာ မဟုတ်ဘူး။ ခေါ်တိုင်းလိုက်လျှောက် preselected တောင်မပါတော့ စိတ်ဓာတ်တွေကျ။ ဖြစ်ပျက်နေကြတာ။
နောက်တစ်ခုအရေးကြီးတာက CV ပါ။ ဖတ်ဖူးသလောက်ဆိုရင် CV ရဲ့အရေးပါပုံကို ၆၀%က မသိကြပါ။ သိတဲ့ ၂၀%ကလည်း CV ကိုကောင်းအောင် မရေးတတ်ကြဘူး၊။ ကျန်တဲ့ ၂၀% ကသာ CV ရဲ့အရေးပါပုံကိုသိပြီးတော့ CV ကိုကောင်းအောင် ရေးနိုင်ကြသတဲ့။ တော်တော်များများက CV ကို အပြင်မှာ အလွယ်ဝယ်ရတဲ့ 50 တန် 100တန် လေးတွေဝယ်ပြီး ဖြည့်ကြတယ်။ CV ကို အဲဒီလို ပြီးစလွယ် လုပ်လို့မရပါဘူး။ CV က အလုပ်လျှောက်သူ တစ်ယောက်ရဲ့ အသက်ပါပဲ။ အလုပ်ရှင်က ကိုယ့်ရဲ့ CV ကို ကြည့်ပြီး ကိုယ့်ကို preselected လုပ်တာပါ။ ကိုယ့်ရဲ့ CV ကို ဖတ်လိုက်တာနဲ့ အထင်ကြီးလာအောင် လုပ်ရပါ့မယ်။ CVကို သဘောကျမှ လူချင်းတွေ့ဖို့ ဆိုတာ ဖြစ်လာတာပါ။
CV မှာပါတာတွေကတော့ အားလုံးသိတဲ့အတိုင်း ယေဘူယျ အားဖြင့် Name, Age, Sex, Marital Status, Education, Work Experience, Phone No., Address စသည်ဖြင့်ပေါ့။ အဲဒီမှာ အခုမှ အလုပ်စလျှောက်တဲ့လူတွေအတွက် Work Experience မှာ No/ Non/ Nil စသည်ဖြင့်ထည့်ရမှာပါ။ အဲဒီလို ထည့်လိုက်ပြီဆိုရင် အလုပ်ရှင်ဘက်က ကိုယ့်အပေါ် စိတ်ဝင်စားမှု လျှော့သွားပါပြီ။ ဒါဆိုရင် ဘယ်လိုလုပ်မလဲ။ Work Experience ကိုဖြုတ်လိုက်ပြီးတော့ Personal Skill ဆိုပြီး ကျောင်းတုန်းက လုပ်ခဲ့တာတွေကို ဖြည့်လိုက်ရင် ပိုကောင်းပါတယ်။ ကျောင်းတုန်းက ဘာတွေလုပ်ခဲ့ကြသလဲဆိုတော့ Health Visit, Bedside, Field Research, FGD, NGD, SPSS data editing, စတာတွေကို အတော်အတန်ချဲ့ကားပြီး လူရိုသေ ရှင်ရိုသေဖြစ်အောင်ရေးထည့်။
နောက်လူတွေ့ဖြေတဲ့နေရာ။ interview ဆိုတာ သူမေးတာကြီးတွေပဲ ကိုယ်ကဖြေနေပေးဖိုပမလိုဘူး။ ကိုယ်သိချင်တာတွေကိုလည်း မေးရမယ်။ လစာပိုင်းက ဘယ်လို၇ှိတယ်။ HR ပိုင်းက ဘယ်လို စသဖြင့် ကိုယ်သိချင်တာတွေကို မေးရမယ်။ ဘာမှမမေးဘဲ အလုပ်ရ ပြီးရော ဖြေခဲ့။ အလုပ်ရတော့ ကိုယ်ထင်တာနဲ့ က တလွဲကြီး။ အလုပ်မှာ မပျော်တော့။ နောက်တစ်ခုပြောင်း။ တစ်ခုပြီး တစ်ခု ပြောင်းနေရင် ဘယ်လိုမျိုးနဲ့ ကိုယ့်ဘ၀ကို တိုးတက်အောင်လုပ်မလဲ။ နောက်အလုပ်ရှင်ကလည်း ခင်ဗျားက အလုပ်တစ်ခုကို အချိန်ကြာကြာမလုပ်တဲ့လူဆိုတာ သိသွားရင် ခင်ဗျားကိုရွေးချယ်ဖို့ အမှတ်လျှော့သွားလိမ့်မယ်။
ဒါလေးတွေက အကြမ်းအားဖြင့်ပေါ့ဗျာ။ အလုပ်အကိုင်အဆင်ပြေကြပါစေ။
0 comments:
Post a Comment