Pages

Sunday, April 27, 2014

မိတ်ဆွေတုများ



(က) ယူသာယူတတ်သော မိတ်ဆွေတုလေးယောက်
       -အယူသာရှိ၍ အပေးမရှိသူ
       -နည်းနည်းပေးပြီး များများယူသူ
       -ဘေးရန်ကြုံမှ လုပ်ကိုင်ပေးသူ
       -ကိုယ်ကျိုးငဲ့၍ပေါင်းသူ
(ခ) နှုတ်ဖြင့်သာ ဟန်ဆောင်ပေါင်းတတ်သော မိတ်ဆွေတုလေးယောက်
     -လွန်ပြီးသားကိုပြော၍ လောကွတ်ပြုသူ
     -အနာဂတ်ကိုပြော၍ လောကွတ်ပြုသူ
     -ပစ္စည်းမပါ လက်ဗလာဖြင့် လောကွတ်ပြုသူ
     -လောလောဆယ်ပျက်စီးမှုကို အကြောင်းပြုသူ
(ဂ) မြှောက်စားတတ်သော မိတ်ဆွေတုလေးယောက်
     -မကောင်းရာကို ခွင့်ပြုသူ
     -ကောင်းရာကိုလည်း ခွင့်ပြုသူ
     -ရှေ့တွင်သာ ချီးမွမ်းသူ
     -ကွယ်ရာတွင် ကဲ့ရဲ့သူ
(ဃ) ပျက်စီးစေတတ်သော မိတ်ဆွေတု လေးယောက်
      -အရက်သောက်ရာတွင် အဖော်လုပ်လုပ်သူ
      -အခါမဲ့သွားရာတွင် အဖော်လုပ်သူ
      -ပွဲလမ်းသဘင်သွားရာတွင် အဖော်လုပ်သူ
      -လောင်းကစားရာတွင် အဖော်လုပ်သူ
မိတ်ဆွေအတုအစစ် ခွဲခြားဆက်ဆံနိုင်ကြပါစေ။

0 comments:

Post a Comment