ဘုရားဟော သူနာပြုကျင့်ဝတ်ကလေးပါ။ ဘုရားဟော သူနာပြုဖြစ်လို့ ဒီဘက်ခေတ် nurse ကိုဆိုဘိုတာ မဟုတ်ပါဘူး။ health personnel တိုင်းကို ဆိုလိုတာ ဖြစ်ပါတယ်။
သူနာပြုတို့ပြုကျင့်အပ်သော တာဝန်ဝတ္တရားများ
သူနာပြုတို့ ရှိသင့်ရှိထိုက်သည့် အင်္ဂါငါးရပ်ကို အင်္ဂုတ္တရနိကာယ်၊ ဒုတိယ ဥပဠာကသုတ်တွင် အောက်ပါအတိုင်း ညွှန်ပြထားသည်။
၁။ ဆေးကို စီရင်ရန် စွမ်းနိုင်၏။
၂။ (အနာရောဂါအား) လျှောက်ပတ်သည်၊ မလျှောက်ပတ်သည်ကို သိတတ်၏။ မလျှောက်ပတ်သည်ကို ဘေးဖယ်ထား၏။ လျှောက်ပတ်သည်ကို ဆပ်ကပ်တတ်၏။
၃။ အာမိသဟူသော အကြောင်းကြောင့် သူနာကိုပြုစုသည်မဟုတ်။ မေတ္တာစိတ် ရှိသည်ဖြစ်၍ ပြုစု၏။
၎။ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ အန်ဖတ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ထုတ်ဆောင်ရန် စက်ဆုတ်ရွံရှာလေ့မရှိ။
၅။ အခါအားလျော်စွာ သူနာကို တရားစကားဖြင့် အကျိုးစီးပွားကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေခြင်းငှာ စွမ်းနိုင်၏။
0 comments:
Post a Comment