နယ်ချဲ့ အစိုးရ ခေတ်က ကမ္မဌာန်းစီးဖြန်းလေ့ရှိတဲ့ ဘုန်းတောာ်ကြီးတစ်ပါးသည် အားလပ်ချိန်၌ တပည့် ငအေးအား စာသင်ပြလေ့ရှိသည်။ တစ်နေ့သောအခါ တပည့် ငအေးအား မိမိသင်ပြခဲ့သောအရာများအား မေးမြန်းလိုသဖြင့် တပည့် ငအေးအားခေါ်၍
ဆရာဘုန်းကြီး။ ။(မြန်မာပြည်မြေပုံကို လက်ညှိုးကာ) ဒါပြည်လဲ သိရဲ့လား
ငအေး ။ ။ သိပါတယ် ဘုရား
ဆရာဘုန်းကြီး။ ။ (မိမိ သင်ခဲ့သည်ကို ပြောမည်ထင်၍) ကဲပြောစမ်း။
ငအေး ။ ။ အနတ္တပြည်လို့ ခေါ်ပါတယ်ဘုရား
ဆရာဘုန်းကြီး။ ။ (အံ့အားသင့်ကာ) ဘာဖြစ်လို့လဲ ပြောစမ်း။
ငအေး ။ ။ အရှင်ဘုရား ဒီမြေပုံကို မြန်မာပြည်လို့ ခေါ်မှတ်ရတယ်။ စင်စစ်မှာတော့
မြန်မာအစိုးရ၊ မြန်မာများ မပိုင်ပါ။ ဒါကြောင့် အနတ္တပြည်လို့ ခေါ်ပါတယ်ဘုရား။
မျိုးညွန့်
Friday, March 29, 2013
အနတ္တ တိုင်းပြည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment