မုန်တိုင်းအန္တရာယ်ကြုံလာသောအခါ အောက်ပါနည်းလမ်းများကိုလိုက်နာလုပ်ဆေဆာင်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော နဆိုးကျိုးများကို လျှော့ကျစေနိုင်ပါတယ်။
ကြိုတင်ပြင်ဆင်ခြင်း
v မိမိအိမ်/ရုံး တောင့်တင်းခိုင်မာမှု ရှိမရှိနှင့် လုံခြုံစိတ်ချရသောနေရာကို သိရန်။
v တူ၊ သံချောင်း၊ ၀ိုင်ယာ၊ ကြိုးနှင့် ပလပ်စတစ်တာလပတ်များ အလွယ်ထားရန်။
v ရေမြောင်းများရှိ အမှိုက်များရှင်းရန်။
v ပြတင်းပေါက်၊ လျှပ်စစ်နှင့် ဖုန်းလိုင်းများ၊ ထိစပ်နေသောသစ်ပင် သစ်ကိုင်းများ ခုတ်ပစ်ရန်။
v သွပ်ပြားကဲ့သို့ လေတွင် လွင့်ပါနိုင်သော အရာများ ဖယ်ထားရန်။
v အသက်ကယ်အိတ် ကြိုတင်ပြင်ဆင်ရန်။
v ရေဒိယို၊ ရုပ်မြင်သံကြားတို့မှ မိုးလေ၀သ သတိပေးချက်များကို စောစီးစွာသိရှိရန် အမြဲသတိရှိပါစေ။
မုန်တိုင်းသတိပေးချက်များရလျှင်
· မုန်တိုင်းတည်နေရာ၊ ဦးတည်ချက်နှင့် အမြန်နှုန်းကိုသိရန်။
· ကျောင်းများပိတ်ထားရန်။
· မိသားစုအားလုံးစုံစုံညီညီရှိရန်။
· အိမ်တံခါးများ၊ ပြတင်းပေါက်များ လုံခြုံစွာပိတ်ရန်။
· မိမိအိမ်နေရာ ကောင်းစွာမခိုင်ခံ့လျှင် နီးစပ်ရာ လုံခြုံသည့်နေရာသို့ရွှေ့ရန် ပြင်ဆင်ထားရန်။
· မိုးလေ၀သ သတင်းနားထောင်ရန် ရေဒီယိုလိုင်းမိအောင် ပြုလုပ်ထားပါ။
မုန်တိုင်းဖြစ်နေစဉ်အတွင်း
ü အသက်ကယ်အိတ်ကို သန့်ရှင်းခြောက်သွေ့ပြီး အနီးဆုံးမှာရှိပါစေ။
ü စိတ်ငြိမ်ငြိမ်ထားပါ။
ü လျှပ်စစ်ဓာတ်အားလိုင်းများကို ဖြတ်တောက်ပါ။
ü အလုံခန်းထဲမှာ နေပါ။
ü အရေးပေါ်ခေါ်ဆိုမှုအတွက်ပဲ ဖုန်းသုံးပါ။
ü နောက်ပိုင်း သတိပေးချက် အခြေအနေတွေသိဖို့ ရေဒီယို နားထောင်ပါ။
ü ရုတ်တရက် ငြိမ်သက်သွားတဲ့အခြေအနေဟာ မုန်တိုင်းဗဟိုချက်ရောက်လာလို့ မိနစ်အနည်းငယ်အတွင်းမှာပဲ လေဟာ ဆန့်ကျင်ဘက်အရပ်ကနေ ပြန်တိုက်လာနိုင်တဲ့အတွက် သတိထားပါ။
ü မလိုအပ်တဲ့အရာတွေ လုပ်တာ၊ အကာအကွယ်မရှိတဲ့ ကမ်းခြေတွေမှာ နေတာ မလုပ်ရ။
ü မိမိနေအိမ်၊ ရုံးကနေ စွန့်ခွာရတော့မယ် ဆိုရင် အသက်ကယ်အိတ်ကို တပါတည်းယူသွားပါ။
မုန်တိုင်းပြီးနောက်
© လုံးဝမလိုအပ်ဘဲ မည်သည့်ယာဉ်မျှ မမောင်းရ။
© အပျက်အစီးတွေကြည့်ဖို့ အပြင်လုံးဝမထွက်ရ။
© နောက်ထပ်စိတ်ချရတဲ့ ရေထောက်ပံ့မှု မရမချင်း သောက်ရေကို ချွေတာပါ။
© ပြုတ်ကျနေတဲ့ ဓာတ်ကြိုး၊ အဆောက်အဦးပျက်တွေ၊ သစ်ပင်၊ ရေလွှမ်းနေရာ၊ မြစ်ကြောင်း၊ရေကြောင်းလမ်း၊ ကမ်းခြေဒေသတို့တွင် အန္တရာယ်များ သတိထားပါ။
© ကြီးကြပ်သူအာဏာပိုင်တို့၏ ညွှန်ကြားချက်များကို လိုက်နာပါ။
ဆက်စပ်ဖတ်ရန် ရေကြီးခြင်း
0 comments:
Post a Comment