ဆိုင်ကလုန်းမုန်တိုင်းများနှင့် ရေကြီးခြင်းအတွက် လိုက်နာရမည့်
လုံခြုံစိတ်ချရသော နည်းလမ်းများ
ဒါကတော့ ယေဘုယျကာကွယ်မှုလေးတွေပါ။ နောက်ထပ်ပြီး မုန်တိုင်းနဲ့ ရေကြီးခြင်းကိုသီးခြားစီခွဲပြီး တင်ပါဦးမယ်
ယေဘုယျကြိုတင်ပြင်ဆင်ကာကွယ်မှုများ
Ø ဘေးအန္တရာယ်ကျရောက်တော့မည်ကို သင်နှင့်သင့်မိသားစု သိရှိပါစေ။
Ø ရေဒီယိုနှင့် ရုပ်မြင်သံကြားသတင်းများ အမြဲနားထောင်ပါ။
Ø သင့်အိမ်နှင့် အလုပ်နေရာကို စိတ်ချရသော ကြိုတင်ပြင်ဆင်မှုပြုလုပ်ပါ။
Ø သင့်ပိုင်ဆိုင်မှုများအတွက် သင့်တင့်သော အာမခံထားရှိပါ။
Ø အရေးကြီးသော စာရွက်စာတမ်းများကို HR Unit တွင် အပိုတစ်စုံထားရှိပါ။
Ø ရေ၊ ဓာတ်ငွေ့၊ လျှပ်စစ်နှင့် ဆီပိုက်လိုင်းတို့၏ နေရာနှင့် မည်သို့ပိတ်ရမည်ကိုသိရန်။
Ø အခြေခံရှေးဦးပြုစုခြင်းတတ်ထားသူကို သိရန်။
Ø အရေးကြီးစာရွက်စာတမ်း (မွေးစာရင်း၊ မျတ်ပုံတင်….)များကို ရေစိုခံအိတ်တွင် သိမ်းပါ။ အပိုတစ်စုံကို အခြားနေရာတွင် ထားရှိပါ။
Ø ကယ်ဆယ်ရေးအိတ်ကို ကြိုတင်ပြင်ဆင်ထားပြီး မိမိလက်ဝယ်ထားရှိရန်။
Ø အရေးပေါ် တယ်လီဖုန်းနံပါတ်များ သေချာသိပါစေ။
Ø စုရပ်ကိုသိရှိရန်။
Ø မိမိအိမ်၊ အလုပ်နေရာမှ စွန့်ခွာရန်အတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်ရန်။
ဆက်စပ်ဖတ်ရန် မုန်တိုင်းအန္တရာယ်
0 comments:
Post a Comment