တကယ်တော့
ငါဟာ.....အိပ်တန်းထမှားခဲ့တဲ့
ငှက်တစ်ကောင်ပါ......
အချိန်လွန်မှ ရွာတဲ့မိုးကို
စေတန်နတ်ဆိုးတွေရဲ့ ညစာအဖြစ်
ဖန်ဆင်းခံလိုက်ရတယ်.........။
ဒီိဥယျာဉ်တော်ဟာ
ငါကိုယ်တိုင်......
အဆိပ်ချိုတွေ လိမ်းသုတ်ခဲ့တဲ့
ချစ်သူရဲ့ အိပ်မက်ရင်ပြင်ကျယ်ပဲ.။
အခုတော့.
ဖျက်လိုဖျက်ဆီးနဲ့
ကြယ်တွေယိုတဲ့ ညတိုးလျှိုးပေါက်မှာ
အလင်းဖျောက်ခံရတဲ့ ကောင်းကင်ဟာ
ငါတို့ရဲ့ ရိုးသားခြင်းတွေကို
ခိုးယူသွားတယ်.............။
သန်းခေါင်ယံညစူးစူးမှာ
ငါတူးခဲ့တဲ့ အိပ်မက်
အနက်ေ၇ာင် မီးခိုးတွေရွှဲစိုနေတဲ့
လရောင်အောက်
နင်ဟာ ငါ့လယ်တောကိုခြောက်တဲ့
မြတ်နိုးခြင်းတစ္ဆေပဲ................။
မျက်လှည့်ဆရာတစ်ယောက်ရဲ့ ပဉ္စလက်မှာမှ
ပျောက်ဆုံးသွားတဲ့ ငါ့ရဲ့လိပ်စာလေး
ဒုက္ခတွေလား .. သုခတွေလား
သွားတော့သွားရဦးမှာပဲလေ..
ဟိုး.....သိတတ်စအရွယ်
ငယ်ငယ်တုန်းက
ဆန္ဒတွေ ပြည့်လိုပြည့်ငြား
ပန်းချီကားတစ်ချပ်မှာ
အနီရောင် အနားသတ်တွေ ကွပ်ခဲ့ဖူးတယ်
ဒီလိုနဲ့ပဲ....
ငါ့ရဲ့တစ်ပိုင်းတစ်စအိပ်မက်တွေ
သွေးအေးလို့ခြောက်လို့ကောင်းတုန်းပေါ့
အချစ်ရူးဆိုတဲ့ အရသာကို ခံစားဖို့ 
အမှောင်မလာသေးတဲ့အခန်းတခါးကို
လုံအောင်ပိတ်.......
တိတ်ဆိတ်စွာနဲ့ အော်လိုက်တယ်
''သိပ်ချစ်တယ်''
ကြည်ပြာရေ.....
ကြည်.............ပြာ..........ရေ
ကြည်.............ပြာ..........ရေ
နေရစ်ခဲ့တော့....မဏိစန္ဒာရေ....
ရာဇဝင်ထဲမှာပဲ....နေရစ်ခဲ့
ငါ...ဆိုတဲ့ဂါထာဟာ.အရိန္ဓမ္မာမဟုတ်ဘူး
သစ္စာတရားတွေ ပျက်ပျယ်ခဲ့တဲ့
ဒီဇာတ်လမ်းမှာ....
ငါရခဲ့တဲ့....သွေးမဲ့ဒဏ်ရာတွေကို
ငါ..ကျေနပ်တယ်..
ပြန်တွေးတိုင်း လွမ်းရဦးမယ်
ရာဇ၀င်ထဲက သူရဲကောင်းဆုတံဆိပ်တွေ
တေလေတွေရဲ့ ဆဌမမြောက် အမှားမှာမှ
ငါ့ခံစားချက်တွေကို နားလည်ပေးပါ။
ဒီနေရာဟာ..
တစ်ချိန်က မြေဇာပင်အပြိုင်းအရိုင်းနဲ့
ငါရိုင်းခဲ့တဲ့နယ်မြေ
မတော်တဆ
ယဉ်ကျေးမှု ဘာသာဗေဒတွေ
ခြေချေုာ်ကျခဲ့လို့........
အခု့ တော့.....
ဂါဝရပြု လက်နက်ချလိုက်ပြီ...
စုန်းကဝေတစ်ယောက်ရဲ့ ပြုစားသံက
ညအမှောင်တိတ်ဆိတ်မှုကို ဖြိုခွဲလို့..
ထိပ်ထားရေ.....
သန်းခေါင်မှာ
ကြယ်ကြွေတာ မဆန်းတော့ဘူးတဲ့..။
ဘာတွေပဲပြောပြော
လောက၀င်ရိုးကြောင်းမှာ
အမြင်စောင်းသွားတဲ့ သင်ရိုးညွန်းတမ်းထဲ
မစဲဘဲ ၀င်လာတဲ့ ဆန့် သောလက်တွေ
မိုးခါးရေတွေ..စွန်းလို့ ......ထင်လို့ 
၂၀၀၇ (မိုးဖွဲဖွဲကျတဲ့)
ဒီဇင်ဘာညနေခင်းမှာ
ငါ့ခြံဥယျာဉ်ထဲ ပန်းခင်းလေးထဲ
ငါတစ်ယောက်တည်းလွမ်းဆွတ်ကြေကွဲခဲ့ရတယ်.။
ငါတို့ ရဲ့ ယဉ်ကျေးမှုကျောင်းဝင်းလေးထဲ
ရဲခနဲနေအောင် ထွေးခဲ့တဲ့
ဘာသာဗေဒ သင်ခန်းစာတွေ...........
ခုတော့ ငါပျိုးခဲ့တဲ့စံပယ်ပင်က
စံပယ်ပန်းတွေတောင် မွှေးရနံ့ ပြယ်လုပြီ
မှိုင်းညို့ ညို့ တောင်တန်းတွေ
စိမ်းလဲ့လဲ့လယ်ကွင်းတွေနဲ့အတူ
အဖြူ၊အစိမ်းကျောင်းဝတ်စုံနဲ့
နင်ဖန်ဆင်းပေးခဲ့တဲ့ နှလုံးသားတစ်ခု
ငါရင်ခုန်ခဲ့ရတဲ့ပါးပြင်နုနု
သြော်...အခုတော့လည်း
ဆိုးဆေးမပြယ်သေးတဲ့ နင့်နှုတ်ခမ်း
ငါ....ဘယ်သို့နမ်းရပါ့...။
လွမ်းတော့ လွမ်းတယ်.....
အခုလို လှပမှုန်ဝေတဲ့ညမှာ
ငါချစ်ရတဲ့ ငါ့ချစ်သူ
အိပ်မက်လှလှ မက်ပါစေ...။
မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ...(တာရာမင်းဝေ\မီးတောက်ရစ်သမ်)
အဲဒီတုန်းက........
ဘယ်လက်ဟာ မာရ်နတ်ရဲ့ ရန်လိုနေတဲ့
အစွယ်အပွားဖြစ်ပြီး
ညာလက်ဟာ အာဒံရဲ့ ပိုးစားနေတဲ့
ပန်းသီးတစ်လုံးပေါ့
တကယ်တော့ ....ငါဟာ
မာရ်နတ်ရဲ့ နှုတ်ခမ်းတော်က
ပန်းသီးတစ်လုံးပေါ့...
ချစ်သူရဲ့တည်ကြည်မှုတွေနဲ့အတူ
ထုဆစ်ခဲ့တဲ့ ဥယျာဉ်တော်ထဲ
ဘုရားရှင် မသိလိုက်ဘဲ
ပြုတ်ကျလာတဲ့ ပိုးစားပန်းသီးဟာ
ငါပိုင်တဲ့ အနော်မာမြစ်ရေထဲမှာ
စီးနေဆဲ.......မျောနေဆဲ............
စီးမျောနေဆဲပါပဲလေ........။
လူမိုက်ရဲ့လက်ခုံပေါ် စီးကျတဲ့
ဒီရောင်ခြည်တွေ ခါးသီးတယ်ဆိုပေမယ့်
နယူတန် ကိုယ်တိုင် ဆေးကြောသန့် စင်ခဲ့တဲ့
နိယာမရဲ့ ရလဒ်တွေပဲ.............။
ကဲ...........
ဒီတော့ အချစ်ရေ
ငါတို့ရဲ့ ခမ်းနားခြင်းတွေကို.
ခ၀ါ ချလိုက်ကြအောင်.............
ဒါဟာ.....အမွန်မြတ်ဆုံး
"မှော်ဝင် ဆိပ်ကမ်း"ပါ...
လပြည့်ညတွေမှာသာ
နိုးတတ်တဲ့ ညဥ့်ငှက်
လကွယ်ညကို လွမ်းဆွတ်တမ်းတသလိုမျိး
ငါနဲ့ ငါ့ရဲ့ မပီပြင်ဝိုးတဝါး ကမ်းလက်တွေက
နင့်ကို......ထာဝရ.......
သတိရနေဦးမှာပါ....ကြည်ပြာရေ........
ပစ္စုပ္ပန်ဟာ ပန်းပွင့်ဖြစ်ပြီအနာဂါတ်မှာ လျှို့ ဝှက်ချက်ပြီးပြယ်နိုင်ပါစေ
တကယ်တော့...
ငါဟာ....အိပ်တန်းထမှားခဲ့တဲ့
ငှက်တစ်ကောင်ပါ...
အချိန်မတော်ဘဲ.ရွာတဲ့ ဒီဇင်ဘာမိုးကို
စေတန်နတ်ဆိုးတွေက ညစာအဖြစ်
စားသုံးပစ်လိုက်ကြတယ်.....။
တိုင်းမှူး
ငါဟာ.....အိပ်တန်းထမှားခဲ့တဲ့
ငှက်တစ်ကောင်ပါ......
အချိန်လွန်မှ ရွာတဲ့မိုးကို
စေတန်နတ်ဆိုးတွေရဲ့ ညစာအဖြစ်
ဖန်ဆင်းခံလိုက်ရတယ်.........။
ဒီိဥယျာဉ်တော်ဟာ
ငါကိုယ်တိုင်......
အဆိပ်ချိုတွေ လိမ်းသုတ်ခဲ့တဲ့
ချစ်သူရဲ့ အိပ်မက်ရင်ပြင်ကျယ်ပဲ.။
အခုတော့.
ဖျက်လိုဖျက်ဆီးနဲ့
ကြယ်တွေယိုတဲ့ ညတိုးလျှိုးပေါက်မှာ
အလင်းဖျောက်ခံရတဲ့ ကောင်းကင်ဟာ
ငါတို့ရဲ့ ရိုးသားခြင်းတွေကို
ခိုးယူသွားတယ်.............။
သန်းခေါင်ယံညစူးစူးမှာ
ငါတူးခဲ့တဲ့ အိပ်မက်
အနက်ေ၇ာင် မီးခိုးတွေရွှဲစိုနေတဲ့
လရောင်အောက်
နင်ဟာ ငါ့လယ်တောကိုခြောက်တဲ့
မြတ်နိုးခြင်းတစ္ဆေပဲ................။
မျက်လှည့်ဆရာတစ်ယောက်ရဲ့ ပဉ္စလက်မှာမှ
ပျောက်ဆုံးသွားတဲ့ ငါ့ရဲ့လိပ်စာလေး
ဒုက္ခတွေလား .. သုခတွေလား
သွားတော့သွားရဦးမှာပဲလေ..
ဟိုး.....သိတတ်စအရွယ်
ငယ်ငယ်တုန်းက
ဆန္ဒတွေ ပြည့်လိုပြည့်ငြား
ပန်းချီကားတစ်ချပ်မှာ
အနီရောင် အနားသတ်တွေ ကွပ်ခဲ့ဖူးတယ်
ဒီလိုနဲ့ပဲ....
ငါ့ရဲ့တစ်ပိုင်းတစ်စအိပ်မက်တွေ
သွေးအေးလို့ခြောက်လို့ကောင်းတုန်းပေါ့
အချစ်ရူးဆိုတဲ့ အရသာကို ခံစားဖို့ 
အမှောင်မလာသေးတဲ့အခန်းတခါးကို
လုံအောင်ပိတ်.......
တိတ်ဆိတ်စွာနဲ့ အော်လိုက်တယ်
''သိပ်ချစ်တယ်''
ကြည်ပြာရေ.....
ကြည်.............ပြာ..........ရေ
ကြည်.............ပြာ..........ရေ
နေရစ်ခဲ့တော့....မဏိစန္ဒာရေ....
ရာဇဝင်ထဲမှာပဲ....နေရစ်ခဲ့
ငါ...ဆိုတဲ့ဂါထာဟာ.အရိန္ဓမ္မာမဟုတ်ဘူး
သစ္စာတရားတွေ ပျက်ပျယ်ခဲ့တဲ့
ဒီဇာတ်လမ်းမှာ....
ငါရခဲ့တဲ့....သွေးမဲ့ဒဏ်ရာတွေကို
ငါ..ကျေနပ်တယ်..
ပြန်တွေးတိုင်း လွမ်းရဦးမယ်
ရာဇ၀င်ထဲက သူရဲကောင်းဆုတံဆိပ်တွေ
တေလေတွေရဲ့ ဆဌမမြောက် အမှားမှာမှ
ငါ့ခံစားချက်တွေကို နားလည်ပေးပါ။
ဒီနေရာဟာ..
တစ်ချိန်က မြေဇာပင်အပြိုင်းအရိုင်းနဲ့
ငါရိုင်းခဲ့တဲ့နယ်မြေ
မတော်တဆ
ယဉ်ကျေးမှု ဘာသာဗေဒတွေ
ခြေချေုာ်ကျခဲ့လို့........
အခု့ တော့.....
ဂါဝရပြု လက်နက်ချလိုက်ပြီ...
စုန်းကဝေတစ်ယောက်ရဲ့ ပြုစားသံက
ညအမှောင်တိတ်ဆိတ်မှုကို ဖြိုခွဲလို့..
ထိပ်ထားရေ.....
သန်းခေါင်မှာ
ကြယ်ကြွေတာ မဆန်းတော့ဘူးတဲ့..။
ဘာတွေပဲပြောပြော
လောက၀င်ရိုးကြောင်းမှာ
အမြင်စောင်းသွားတဲ့ သင်ရိုးညွန်းတမ်းထဲ
မစဲဘဲ ၀င်လာတဲ့ ဆန့် သောလက်တွေ
မိုးခါးရေတွေ..စွန်းလို့ ......ထင်လို့ 
၂၀၀၇ (မိုးဖွဲဖွဲကျတဲ့)
ဒီဇင်ဘာညနေခင်းမှာ
ငါ့ခြံဥယျာဉ်ထဲ ပန်းခင်းလေးထဲ
ငါတစ်ယောက်တည်းလွမ်းဆွတ်ကြေကွဲခဲ့ရတယ်.။
ငါတို့ ရဲ့ ယဉ်ကျေးမှုကျောင်းဝင်းလေးထဲ
ရဲခနဲနေအောင် ထွေးခဲ့တဲ့
ဘာသာဗေဒ သင်ခန်းစာတွေ...........
ခုတော့ ငါပျိုးခဲ့တဲ့စံပယ်ပင်က
စံပယ်ပန်းတွေတောင် မွှေးရနံ့ ပြယ်လုပြီ
မှိုင်းညို့ ညို့ တောင်တန်းတွေ
စိမ်းလဲ့လဲ့လယ်ကွင်းတွေနဲ့အတူ
အဖြူ၊အစိမ်းကျောင်းဝတ်စုံနဲ့
နင်ဖန်ဆင်းပေးခဲ့တဲ့ နှလုံးသားတစ်ခု
ငါရင်ခုန်ခဲ့ရတဲ့ပါးပြင်နုနု
သြော်...အခုတော့လည်း
ဆိုးဆေးမပြယ်သေးတဲ့ နင့်နှုတ်ခမ်း
ငါ....ဘယ်သို့နမ်းရပါ့...။
လွမ်းတော့ လွမ်းတယ်.....
အခုလို လှပမှုန်ဝေတဲ့ညမှာ
ငါချစ်ရတဲ့ ငါ့ချစ်သူ
အိပ်မက်လှလှ မက်ပါစေ...။
မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ...(တာရာမင်းဝေ\မီးတောက်ရစ်သမ်)
အဲဒီတုန်းက........
ဘယ်လက်ဟာ မာရ်နတ်ရဲ့ ရန်လိုနေတဲ့
အစွယ်အပွားဖြစ်ပြီး
ညာလက်ဟာ အာဒံရဲ့ ပိုးစားနေတဲ့
ပန်းသီးတစ်လုံးပေါ့
တကယ်တော့ ....ငါဟာ
မာရ်နတ်ရဲ့ နှုတ်ခမ်းတော်က
ပန်းသီးတစ်လုံးပေါ့...
ချစ်သူရဲ့တည်ကြည်မှုတွေနဲ့အတူ
ထုဆစ်ခဲ့တဲ့ ဥယျာဉ်တော်ထဲ
ဘုရားရှင် မသိလိုက်ဘဲ
ပြုတ်ကျလာတဲ့ ပိုးစားပန်းသီးဟာ
ငါပိုင်တဲ့ အနော်မာမြစ်ရေထဲမှာ
စီးနေဆဲ.......မျောနေဆဲ............
စီးမျောနေဆဲပါပဲလေ........။
လူမိုက်ရဲ့လက်ခုံပေါ် စီးကျတဲ့
ဒီရောင်ခြည်တွေ ခါးသီးတယ်ဆိုပေမယ့်
နယူတန် ကိုယ်တိုင် ဆေးကြောသန့် စင်ခဲ့တဲ့
နိယာမရဲ့ ရလဒ်တွေပဲ.............။
ကဲ...........
ဒီတော့ အချစ်ရေ
ငါတို့ရဲ့ ခမ်းနားခြင်းတွေကို.
ခ၀ါ ချလိုက်ကြအောင်.............
ဒါဟာ.....အမွန်မြတ်ဆုံး
"မှော်ဝင် ဆိပ်ကမ်း"ပါ...
လပြည့်ညတွေမှာသာ
နိုးတတ်တဲ့ ညဥ့်ငှက်
လကွယ်ညကို လွမ်းဆွတ်တမ်းတသလိုမျိး
ငါနဲ့ ငါ့ရဲ့ မပီပြင်ဝိုးတဝါး ကမ်းလက်တွေက
နင့်ကို......ထာဝရ.......
သတိရနေဦးမှာပါ....ကြည်ပြာရေ........
ပစ္စုပ္ပန်ဟာ ပန်းပွင့်ဖြစ်ပြီအနာဂါတ်မှာ လျှို့ ဝှက်ချက်ပြီးပြယ်နိုင်ပါစေ
တကယ်တော့...
ငါဟာ....အိပ်တန်းထမှားခဲ့တဲ့
ငှက်တစ်ကောင်ပါ...
အချိန်မတော်ဘဲ.ရွာတဲ့ ဒီဇင်ဘာမိုးကို
စေတန်နတ်ဆိုးတွေက ညစာအဖြစ်
စားသုံးပစ်လိုက်ကြတယ်.....။
တိုင်းမှူး
0 comments:
Post a Comment