ပုံဆိုး ပန်းဆိုးများ facebook ပေါ်ရောက်သွားသောအခါ
ပုံတူတွေကူးကြ
ပုံတူတွေဆွဲကြ
မနေ့က မနက်ဖြန်ဟာ ဒီနေ့ဖြစ်ကြောင်း
Copyကူးလိုသူ မနက်ဖြန်ထံ ကြေးနန်းရိုက်လိုက်တယ်
ဒီလိုနဲ့ ကျွန်တော်တို့ဟာ အမေရိကမှာနေကြ
ဥရောပမှာနေကြ
နေချင်တဲ့ နေရာမှာ နေကြ အိမ်ပြန်မလာနဲ့ ဟုအမေကပြောသည်။
မနေ့ကပို့လိုက်တဲ့ message ရလား
မရသေးရင် ပြန်ရှာဖတ်လိုက်ဦး
အချိန်မရှိဘူးသူငယ်ချင်း
ခေတ်ကိုမီအောင်လိုက်ရဦးမယ်
စားသွက်သွက် သွားသွက်သွက်
ထိုင်ရင်လည်း သွက်သွက်
ဘတ်စ်ကားတိုးစီးနေတာလား
အချိန်ကိုဖမ်းပြီး လှောင်ချိုင့်ထဲထည့်ထား
သူက ခင်ဗျားဖိနပ်ကို နောက်ကနေ တက်မနင်းခင်။
“ကြက်သားရှိသေးလား အမ”
ကိုဇေဦးယျာက မေးတယ်
“မရှိတော့ဘူးမောင်လေး
အရိုးလေးပဲ ပြုတ် ကျော် လုပ်ထားတယ်
စားမလား”
ကိုဇေဦးယျာ ဖိနပ်ပါပျောက်သွားသည်။
ရွေ့နေတယ်
အချိန်က ရွေ့နေတယ်
လူတွေကရွေ့နေတယ်
လမ်းပေါ်မှာ လူတွေ ကိုယ့်ဆန္ဒနဲ့ကိုယ်ရွေ့ဖို့
အာဏာပိုင်တွေဆီကို တစ်ပတ်ကြိုခွင့်တောင်းရတယ်
လောကကြီးတွင် ဘယ်အရာမှမမြဲ
လူတွေကိုယ့်စိတ်ကိုယ်မပိုင်ကြတော့
ကိုယ့်ဆန္ဒကိုယ်မပိုင်ကြတော့
ကိုယ့်ဘ၀ကိုယ်မပိုင်ကြတေှာ့
ပိုင်ဆိုင်မှုကို မပိုင်ရလေတော့
မပိုင်ဆိုင်ခြင်းကိုရင်မှာပိုက်
ခေါင်းငိုက်စိုက်နဲ့
အသည်းကွဲသမားစတိုင်လ်နဲ့
ငယ်တို့နှစ်ယောက်ရဲ့ဘ၀ဟာ မျဉ်းပြိုင်နှစ်ကြောင်းလို
ဘယ်တော့မှမဆုံနိုင်တော့ပါဘူး
ဒီဘ၀ ဒီမျှနဲ့ ဝေးလိုက်ကြပါစို့
ချစ်သူဆီကဖြတ်စာရတယ်
Ok
သူမလို မျဉ်းဖြောင့်ကြီးတစ်ကြောင်းနှင့် 
ကျွန်တော်မပတ်သက်လိုတော့။
ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို ကင်မရာကိုကြည့်ခိုင်းသည်
ကျွန်တော်မကြည့်တတ်ပါ
ဒီလိုနဲ့ ဓာတ်ပုံကောင်းတစ်ပုံ ဘယ်လိုလုပ်ရမှာလဲဟု
သူကပြောသည်
လှလှလေးရိုက်နော်
Facebookပေါ်တင်ရအောင်
နှုတ်ခမ်းလေးတွေဆူပြီး
မှန်ထဲကြည့်ရိုက်လိုက်ကြသည်။
(flash တောင်ဖွင့်လိုက်သေး)။
မိုးဇက်
ပုံတူတွေကူးကြ
ပုံတူတွေဆွဲကြ
မနေ့က မနက်ဖြန်ဟာ ဒီနေ့ဖြစ်ကြောင်း
Copyကူးလိုသူ မနက်ဖြန်ထံ ကြေးနန်းရိုက်လိုက်တယ်
ဒီလိုနဲ့ ကျွန်တော်တို့ဟာ အမေရိကမှာနေကြ
ဥရောပမှာနေကြ
နေချင်တဲ့ နေရာမှာ နေကြ အိမ်ပြန်မလာနဲ့ ဟုအမေကပြောသည်။
မနေ့ကပို့လိုက်တဲ့ message ရလား
မရသေးရင် ပြန်ရှာဖတ်လိုက်ဦး
အချိန်မရှိဘူးသူငယ်ချင်း
ခေတ်ကိုမီအောင်လိုက်ရဦးမယ်
စားသွက်သွက် သွားသွက်သွက်
ထိုင်ရင်လည်း သွက်သွက်
ဘတ်စ်ကားတိုးစီးနေတာလား
အချိန်ကိုဖမ်းပြီး လှောင်ချိုင့်ထဲထည့်ထား
သူက ခင်ဗျားဖိနပ်ကို နောက်ကနေ တက်မနင်းခင်။
“ကြက်သားရှိသေးလား အမ”
ကိုဇေဦးယျာက မေးတယ်
“မရှိတော့ဘူးမောင်လေး
အရိုးလေးပဲ ပြုတ် ကျော် လုပ်ထားတယ်
စားမလား”
ကိုဇေဦးယျာ ဖိနပ်ပါပျောက်သွားသည်။
ရွေ့နေတယ်
အချိန်က ရွေ့နေတယ်
လူတွေကရွေ့နေတယ်
လမ်းပေါ်မှာ လူတွေ ကိုယ့်ဆန္ဒနဲ့ကိုယ်ရွေ့ဖို့
အာဏာပိုင်တွေဆီကို တစ်ပတ်ကြိုခွင့်တောင်းရတယ်
လောကကြီးတွင် ဘယ်အရာမှမမြဲ
လူတွေကိုယ့်စိတ်ကိုယ်မပိုင်ကြတေ
ကိုယ့်ဆန္ဒကိုယ်မပိုင်ကြတော့
ကိုယ့်ဘ၀ကိုယ်မပိုင်ကြတေှာ့
ပိုင်ဆိုင်မှုကို မပိုင်ရလေတော့
မပိုင်ဆိုင်ခြင်းကိုရင်မှာပိုက်
ခေါင်းငိုက်စိုက်နဲ့
အသည်းကွဲသမားစတိုင်လ်နဲ့
ငယ်တို့နှစ်ယောက်ရဲ့ဘ၀ဟာ မျဉ်းပြိုင်နှစ်ကြောင်းလို
ဘယ်တော့မှမဆုံနိုင်တော့ပါဘူး
ဒီဘ၀ ဒီမျှနဲ့ ဝေးလိုက်ကြပါစို့
ချစ်သူဆီကဖြတ်စာရတယ်
Ok
သူမလို မျဉ်းဖြောင့်ကြီးတစ်ကြောင်းနှင်
ကျွန်တော်မပတ်သက်လိုတော့။
ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို ကင်မရာကိုကြည့်ခိုင်းသည်
ကျွန်တော်မကြည့်တတ်ပါ
ဒီလိုနဲ့ ဓာတ်ပုံကောင်းတစ်ပုံ ဘယ်လိုလုပ်ရမှာလဲဟု
သူကပြောသည်
လှလှလေးရိုက်နော်
Facebookပေါ်တင်ရအောင်
နှုတ်ခမ်းလေးတွေဆူပြီး
မှန်ထဲကြည့်ရိုက်လိုက်ကြသည်။
(flash တောင်ဖွင့်လိုက်သေး)။
မိုးဇက်
0 comments:
Post a Comment