ဟောဒီက သောက်ရူးမောင်းနေတဲ့ ဘ၀အိုကြီးမှာ
ခင်များ ဘတ်စ်ကားနံပါတ်တော့မှန်အောင်စီး တတ်ဖို့လိုတယ်။
ရှေ့တိုးရှေ့တိုး အလယ်တန်းလေးကိုင်ပြီး ရှေ့တိုး
ဘေးကပ် အလယ်တန်းဖြုတ်ပြီး ဘေးတန်းလေးကိုင်
နေရာမရခင်အထိတော့ နေရာမရှိဘူး။
သောင်ပြင်ပေါ်ကခွေးကတောင် လွတ်လွတ်လပ်လပ်အူလို့ရသေး။
ခင်များမှာတော့..............။့
သြော်...... .မကျေနပ်ဘူးလား
အူဖို့တော့မစဉ်းစားနဲ့
နေသာအောင် တစ်ချက်လောက်တော့ဘူလိုက်
အထူအပါးမသိရင်တော့ အဆဲခံရမယ်။
ကြားမှတ်တိုင်မှာ မဆင်းရင်တော့ နေရာရမှာသေချာတယ်။
ထိုင်ပါ ဘေးခုံလေးဝင်ထိုင်
၈ယောက်ထိုင်ပါ ၉ယောက်ထိုင်ပါ
နေရာကိုမက်မောရင်း အသက်ရှူရကျပ်ကျပ်လာ
နေရာမှာ အောက်စီဂျင်မပါဘူး။
နေရာမှာအခန့်သားထိုင်မနေနဲ့
ဟိုမှာ ခြင်းတောင်းကိုဆွဲလို့
ကူညီပါရစေ ပြောစရာမလိုဘူး
လက်တစ်ဖက်အသာလှမ်းလိုက်
အပြုံးတစ်ခုပြန်ရမယ်။
ဒါဟာ ယဉ်ကျေးမှုတစ်ခုပဲ
ခင်များမှတ်ထားဖို့က
သောက်ရူးမောင်းနေတဲ့ ဘ၀အိုကြီးပေါ်က
နေရာမှာ အောက်စီဂျင်မပါဘူး
ခင်များ ဘတ်စ်ကားနံပါတ်တော့မှန်အောင်စီး
ရှေ့တိုးရှေ့တိုး အလယ်တန်းလေးကိုင်ပြီး ရှေ့တိုး
ဘေးကပ် အလယ်တန်းဖြုတ်ပြီး ဘေးတန်းလေးကိုင်
နေရာမရခင်အထိတော့ နေရာမရှိဘူး။
သောင်ပြင်ပေါ်ကခွေးကတောင် လွတ်လွတ်လပ်လပ်အူလို့ရသေး။
ခင်များမှာတော့..............။့
သြော်...... .မကျေနပ်ဘူးလား
အူဖို့တော့မစဉ်းစားနဲ့
နေသာအောင် တစ်ချက်လောက်တော့ဘူလိုက်
အထူအပါးမသိရင်တော့ အဆဲခံရမယ်။
ကြားမှတ်တိုင်မှာ မဆင်းရင်တော့ နေရာရမှာသေချာတယ်။
ထိုင်ပါ ဘေးခုံလေးဝင်ထိုင်
၈ယောက်ထိုင်ပါ ၉ယောက်ထိုင်ပါ
နေရာကိုမက်မောရင်း အသက်ရှူရကျပ်ကျပ်လာ
နေရာမှာ အောက်စီဂျင်မပါဘူး။
နေရာမှာအခန့်သားထိုင်မနေနဲ့
ဟိုမှာ ခြင်းတောင်းကိုဆွဲလို့
ကူညီပါရစေ ပြောစရာမလိုဘူး
လက်တစ်ဖက်အသာလှမ်းလိုက်
အပြုံးတစ်ခုပြန်ရမယ်။
ဒါဟာ ယဉ်ကျေးမှုတစ်ခုပဲ
ခင်များမှတ်ထားဖို့က
သောက်ရူးမောင်းနေတဲ့ ဘ၀အိုကြီးပေါ်က
နေရာမှာ အောက်စီဂျင်မပါဘူး
0 comments:
Post a Comment