Pages

Saturday, June 29, 2013

မီးရောင်အောက်ကို ၀င် လူပျက်တွေနဲ့ တွဲ …..


သမီးလေးကြီးလာရင် ဘာလုပ်မလဲ
ဆရာဝန်မကြီးလုပ်မယ်

သမီးလေးကြီးလာရင်ဘာလုပ်မလဲ
မင်းသမီးလုပ်မယ်

သမီးလေးကြီးလာရင်ဘာလုပ်မလဲ
အဆိုတော်လုပ်မယ်

ကြယ်မြင် လမြင် အိမ်လေးက
လေတိုက်တိုင်း ပုခက်လို လွှဲရမ်းနေပေမဲ့
ဝမ်းမီးကိုတော့ အငိုတိတ်အောင်
ချော့မသိပ်နိုင်ရှာပါဘူး။

ရောင်စုံမီးလုံးတွေရဲ့အောက်
ရောင်စုံမျက်လုံးတွေရဲ့ရှေ့
အမြှုပ်တစီစီထနေတဲ့ ရမက်တွေကြားမှာ
သွေးသားကို ရမ်းခါပြမယ်။


ငွေသံ ချွင် ချွင်
ရွှေသံလွင်လွင်
လူတွေဘာများ ကိုးကွယ်ကြပါသလဲ။

အိနြေ္ဒသိကာကို ကပိုကယိုချွတ်ခွါလို့
မိန်းမဆန်ခြင်းတစ်ခုတည်းကိုသာကိုင်ဆောင်
ညအခါ
လမသာပါပဲ
ဘ၀က ပေဖြစ်တမ်း ကစားနေတယ်။

သမီးလေးကြီးလာရင် ဘာလုပ်မလဲ
… … … … .. … .. … … … ….. .
သမီးလေးကြီးလာရင်ဘာလုပ်မလဲ
…. …. … .. … … … … … … …
သမီး .. ..
သမီး .. ….
ဘာပြောရမှန်း မသိတော့ပါဘူး မေမေ..။
မိုးဇက်

0 comments:

Post a Comment