Pages

Thursday, June 13, 2013

ခေါင်းစဉ်မသိ

လိမ်ညာတတ်သူတစ်ယောက်ရယ်
အရူးတစ်ယောက်ရယ်
ငါနင့်ကို ချစ်တယ်ဆိုတဲ့ စကားရယ်ပေါင်းတော့
ငါလည်း နင့်လိုပါပဲတဲ့။

မီးဝိုင်းတဲ့ အရူးရယ်
ဆူးဝိုင်းတဲ့ နှင်းဆီရယ်
အချစ်(လို့ ထင်ရတဲ့အရာ) ရယ်ပေါင်းတော့
ဆူးနဲ့ မီးဝိုင်းအလယ်က
အရူးနဲ့ နှင်းဆီ။

အချိန်တွေကြာလာတော့
နှင်းဆီက မီးကို တစ်ကိုယ်စာငြိမ်းသတ်
မီးဝိုင်းအပြင်ဘက်ကို ထွက်သွားတော့တယ်
နှင်းဆီလေး မီးကို ငြိမ်းသတ်နေသရွေတော့
ဒီအရူး
ဆူးတွေ စူးနေဦးမှာပါပဲ။

အလိမ်အညာမလေးရေ
နောက်ဆုံးနင်ပြောခဲ့တဲ့
"ငါနင့်ကို လိမ်ပြောခဲ့တာ"ဆိုတဲ့စကားလေ
ငါထင်တယ်
နင်လိမ်ပြောခဲ့တာပါ။

မိုးဇက်

0 comments:

Post a Comment