သူမက ကျွန်တော့်အတွက်တော့ အမြဲတမ်း ၁၆ နှစ်သမီးလေးပါပဲ။
စာသင်ခန်းအိုလေးမှာ စာသင်နေတုန်း။
ဆံပင်တွန့်တွန့်နဲ့ အဲဒီဘောင်းဘီရှည်ဝတ်တဲ့ကောင်မလေ
ကြာတော့ ကြာခဲ့ပြီ။ အရာအားလုံးက ကြာခဲ့ပြီ။
နောက်ချန်ထားခဲ့ဖို့ ကြိုးစားသည်။ သို့သော် ထိုအရာတွေကကျန်မနေခဲ့။ သူမနှင့် ပတ်သက်သော အရာများသည် ယခင်နှင့် ယခု၊ အတိတ်နှင့် ပစ္စပ္ပုန် ကြားတွင် တံတားတစ်စင်း ဖြစ်သည်။ နွယ်ရှင်တံတား။ ထိုနွယ်ရှင်များက ကျွန်ုပ်ထံသို့သာ လူးလွင့်ုလာသည်။ အချိန်ကာလများကို ဖြတ်ကျော်လာသည်။ ပြန်လှည့်ကြည့်တိုင်း သူမရဲ့ မျက်ဝန်းများအား မြင်နေရဆဲဖြစ်သည်။ မှန်သည်။ ကျွန်ုပ်တို့ မျက်ဝန်း များ အကြိမ်ကြိမ် ဆုံခဲ့ဖူးသည်။ မှန်သည်။ ဆုံတိုင်းလည်း အရင်လွှဲ ဖယ်မိသူမှာ ကျွန်ုပ်သာဖြစ်သည်။ မှန်သည်။ ကျွန်ုပ်တို့ကြားတွင် အမှန်တရားများသာ များသည်။ သို့ဆိုလျင် မည်သည့်အရာသည် ကျွန်တော့်ဘ၀တွင် မှားယွင်းနေပါသနည်း။
စာသင်ခန်းလေးကများ မှားခဲ့လေသလား။ သို့မပာုတ် လေတိုက်တိုင်း ရယ်ခဲ့သော ကျွန်တော်သည်သာမှားခဲ့သလား။ တစ်ခုခုကတော့ အကြီးအကျယ် မှားယွင်းနေခဲ့ပြီ။ သူမ ကတော့ မမှားခဲ့တာသေချာသည်။
မိုးဇက်
Saturday, June 29, 2013
သူမ
3:37 AM
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment