တိမ်လို မျောလွင့်
ကျွန်တော် ထွက်ခွာသွားပါတော့မယ်
လက်ပြသူမရှိတဲ့ လမ်းခွဲမှာ
အဖော်ကွဲတဲ့ သင်းကွဲညနေနဲ့
နှလုံးသားက ထွက်တဲ့သွေးတွေ
အလဲအကွဲ အရဲရဲ
ပန်းဝတ်လွှာတွေခြုံပြီး အိပ်စက်လိုက်ချင်ပေမယ့်
အိပ်မက်တောင် ဖက်ခွက်နဲ့ထည့်ပြီး မက်ရတဲ့ကောင်
ကျွန်တော်တို့လာခြင်းမကောင်းခဲ့ပါဘူး
ဒါပေမယ့် ကိုယ်ကျောပြင်ကိုယ် နှစ်ခြမ်းခွဲထားတဲ့
ဟောဒီ ဟက်တက်ကွဲလမ်းမပေါ်က ခြေရာတွေထဲမှာ
တစ်ယောက်ယောက်တော့ ပြန်ခြင်းကောင်းရမှာပေါ့ နှင်းဆီ။
စာသင်ခန်းတစ်ခန်းထဲမှာ
Accident တစ်ခုဖြစ်သွားခဲ့တယ်
တစ်ဖက်က စက်ဘီးလေးတစ်စင်း
တစ်ဖက်က အဖြူရောင်ကားလေးတစ်စင်း
စာသင်ခန်းအဟောင်းလေးထဲမှာ
စက်ဘီးလေးက နှလုံးသားတစ်ခု လျော်လိုက်ရတယ်
ဒါဟာ အမှားမဟုတ်ဘူး
အမှန်အဖြစ်ကို မရောက်ခဲ့ရုံလေးပါ
မမှားဘူး
ကျွန်တော့်ရင်ထဲမှာ ဘယ်တော့မှ မမှားဘူး။
ခင်ဗျားတို့ Fuzzy Logicကို နားမလည်ကြဘူးလားနွားခြေရာခွက်ထဲက ဖားပဲဖြစ်ဖြစ်
ဖားခြေရာခွက်ထဲက နွားပဲဖြစ်ဖြစ်
မနှင်းဆီမျက်နှာမြင်ရုံနဲ့
အိပ်မက်ထဲ ထည့်မက်မိတဲ့အထိ
မိုက်မဲခဲ့တဲ့ကောင်ပါ။
ကျွန်တော်ကတော့ အခြေမခိုင်တော့ပါဘူး
မနှင်းဆီနေနိုင်က နေနိုင်ပါတယ်....။
"အခြေအနေမပေးလို့" ဆိုတာသာ မဟုတ်ရင်
ဘယ်အရာကများ ကျွန်တော်တို့ကို ဝေးလွင့်စေပါသလဲ
ဘယ်အရာကများ မနှင်းဆီကို အဝေးကြီးမှာ ထွက်ပြေးစေပါသလဲ
အဖြေမရှိသော မေးခွန်းကောင်းကင်မှာ
ကြောက်ရွံ့အားငယ်ခြင်းတွေသာ
အုံ့ဆိုင်းနေတယ်
အဲဒီကြောက်ရွံ့အားငယ်ခြင်းတွေ အရည်ပျော်သွားတဲ့အခါ
ဘယ်လိုအရာတွေကိုများ ရွာချလာမှာလဲ
ကံဆိုးသူအတွက် မိုးမှောင်ကျခြင်းမှာ အဆန်းမဟုတ်တော့ပါ.....။
ကျွန်တော့်ကို စာနာပါ မနှင်းဆီ
ဆူးတွေဝင့်ဝင့်ပြပြီး ကျွန်တော့်ကို မခြောက်လှန့်ပါနဲ့
ကျွန်တော်ဟာ ဆူးစူးမှာကို ကြောက်တတ်သူမဟုတ်ပါ
နောက်တစ်ခါ မစူးမှာကိုသာ ကြောက်တတ်သူပါ။
မနေ့က တွေ့တယ်
ဒီနေ့ မတွေ့တော့ဘူး
မနက်ဖြန်ရော ဘာဖြစ်မှာလဲ
ကျွန်တော်မသိပါ
တိုးဧနဲ့တိုက်တန်းနစ်ရဲ့ ကွာခြားချက်ကဘာလဲ
ကဒ်ကိုဘိန်းနဲ့ မာရီလင်မွန်ရိုးညားရင်
ဘယ်လိုကလေးမျိုးမွေးလာမှာလဲ
ကျွန်တော်မသိပါ
ကျွန်တော်ဟာ မုဆိုးကောင်းတစ်ယောက်မဟုတ်ပါဘူး
မနှင်းဆီတောင်ဘက်ကို ပြေးထွက်သွားတော့
ကျွန်တော်က မြောက်အရပ်ကို အရူးအမူး လိုက်ခဲ့မိတာပေါ့
ယုံကြည်မှုဆိုတာ
ဆူးတောထဲကို ခဏခဏဖြတ်လျှောက်ရဲတဲ့ ခြေရာတွေဖြစ်ကြောင်း
မနှင်းဆီသိရဲ့မဟုတ်လား
နာကျင်ရတယ်
ဒါပေမယ့် လမ်းဖြစ်လာမှာပါ..။
ကျွန်တော်စိုးရိမ်တာက
အဲဒိယုံကြည်မှုဆိုတာကိုကော
ယုံကြည်လို့ရပါ့မလားဆိုတာပါပဲ
ကြယ်ကြွေတာများလို့ လမ်းဖြစ်တတ်ပါသလား
ကြယ်ကြွေလမ်းကြောင်းကိုသာ
မျက်ဝါးထင်ထင် မြင်တွေ့လိုပါသည်....။
ပေးသူနဲ့ယူသူ
ဘယ်သူကမြတ်သလဲ
အခြေအနေပေါ်မူတည်တာပေါ့မနှင်းဆီ
မနှင်းဆီနှုတ်ဖျားက စကားချိုချိုတွေပေးတော့
ကျွန်တော့်နားက ရိုကျိုးစွာယူတယ်
မနှင်းဆီက အဆိပ်တွေပေးရင်လည်း
ကျွန်တော် မကြောက်မလန့်မျိုချလိုက်မှာပါပဲ
ဒါတွေအားလုံးရဲ့ ဦးတည်ရာဟာ ဘယ်ကိုလဲ
နှလုံးသားဆီကိုပဲပေါ့ မနှင်းဆီ.....
မိုးဇက်ဆိုတဲ့ကောင်
အကျိုးအမြတ် မတွက်ချက်ဘဲနဲ့
နှလုံးသားသက်သက်နဲ့ ချစ်ခဲ့တဲ့
နလပိန်းတုံးကောင်ပါ...။
ကျွန်တော်ဟာ မနှင်းဆီရဲ့ နွားလေးတစ်ကောင်ပါ
မနှင်းဆီဆိုတဲ့ ချည်တိုင်ကို မခွာနိုင်တဲ့
ခပ်မိုက်မိုက်နွားလေးတစ်ကောင်ပေါ့
လောကမှာ ကျွန်တော်အကြောက်ဆုံးအရာ
မနှင်းဆီရဲ့ အသည်းခွဲစကားလုံးတွေပါ
ပြောပါမနှင်းဆီ
ဘယ်လိုအသည်းခွဲစကားလုံးတွေကိုများ
စောင့်စည်းထားသေးသလဲလို့
တစ်သက်လုံးနာခံခဲ့တဲ့
မနှင်းဆီနှုတ်ခမ်းရဲ့ အာဏာ
ဒီအချိန်ကျမှတော့
ကျွန်တော်ဘက်က မပျက်ကွက်ချင်တော့ဘူး..။
ကျွန်တော်မြတ်နိုးရသော မနှင်းဆီရဲ့ ဆံပင်တွေ ရှည်လျားနေပြီလား
ကျွန်တော်တပ်မက်ခဲ့ရတဲ့ မနှင်းဆီရဲ့နှုတ်ခမ်းတွေ ခြောက်သွေ့နေပြီလား
ကျွန်တော်ကိုင်ဆုပ်ခဲ့တဲ့ မနှင်းဆီရဲ့လက်တွေ အေးစက်နေပြီလား
ကျွန်တော်တန်ဖိုးထားတဲ့ မနှင်းဆီရော....
ဘာတွေများပြောင်းလဲနေပြီလဲ
ကျွန်တော်မနာကျည်းပါဘူး မနှင်းဆီ
နာကျင်မှုကိုသာယာနေမိတာပါ...။
မနှင်းဆီပေးခဲ့တဲ့ဒဏ်ရာ
ကျက်သွားမှာစိုးလို့ ခဏခဏပြန်ခွာကြည့်နေတဲ့ကောင်ပါ...။
ဟိုး ဆယ်ကျော်သက် အရွယ်ငယ်ငယ်
မနှင်းဆီမျက်နှာလေးငေးကြည့်ရင်း
တစ်ယောက်တည်းတွေးမြေ့နေခဲ့ဖူးတယ်
မနှင်းဆီလက်ကိုတွဲ
ဘယ်တော့မှ မခွဲဘူးလို့
ကတိတွေလည်း ပေးခဲ့ဖူးတယ်
မနှင်းဆီဆံပင်လေးတွေ သပ်တင်ပေးရင်း
ကျွန်တော့်ရင်တွေ တလှပ်လှပ်ခုန်ခဲ့ဖူးတယ်
အေးစက်နေတဲ့ည
မနှင်းဆီရဲ့ခြေထောက်တွေ ကိုင်ဆုပ်ပေးရင်း
အနွေးဓာတ်တွေလည်း ပေးခဲ့ဖူးတယ်
မျှော်လင့်လို့ရနေတဲ့ အချိန်တုန်းကတော့
ဘယ်လောက်ဝေးဝေး မဝေးဘူးပေါ့
အခုဝေးတယ်ဆိုမှတော့
ထွက်ပြေးသူတစ်စုံတစ်ယောက်ကြောင့်သာပဲပေါ့
ပြောလိုက်စမ်းပါမနှင်းဆီ....
အလည်သက်သက်ပဲလို့
မြေတွေဘယ်လောက်ပြိုပြို
မနှင်းဆီမျက်နှာမညိုရင်ပြီးရော
တိမ်တွေဘယ်လောက်ငိုငို
မနှင်းဆီမျက်နှာမစိုရင်ပြီးရော
နေသလိုမဖြစ်တဲ့ဘ၀မှာ
ဖြစ်သလိုနေရင်း
ကျွန်တော်ထိမ်းထိန်းသိမ်းသိမ်းလွမ်းနေမှာပါ မနှင်းဆီ...။
ရှေ့ဆက်လျှောက်လို့သွားပါ
နောက်ဘက်မှာ ဒဏ်ရာတွေရှိတယ်
နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပါ
အိပ်မက်မှာ အနာအဆာတွေရှိတယ်
စိတ်ဖြောင့်ဖြောင့်နဲ့ထားခဲ့ပါ
အသည်းကွဲကျန်မယ့်ကောင်ရှိတယ်
ဝေးခဲ့ကြပါပြီမနှင်းဆီ
ကျွန်တော်တို့ဝေးသွားခဲ့ကြပါပြီ
ဆေးထည့်တိုင်းမပျောက်တဲ့ ကွဲကွာခြင်းက
ကျွန်တော့်ရင်ဘတ်မှာ
မျှော်လင့်ချက်တွေ ရှည်လာတိုင်း
ငိုချင်းတွေရှည်ရှည်လာ
ဆုတောင်းတိုင်းလွဲတတ်လို့
တွဲလက်တွေလည်း ကွဲခဲ့ပြီ
မမြဲခြင်းတွေလည်း မြဲပြခဲ့ပြီ
တေးဆို ငှက်ကလေးတွေ အိမ်ပြန်မှတော့
(ဇာတ်လမ်းသဘောအရ)
ညနေဟာ တိတ်ဆိတ်
နှုတ်ပိတ်လို့ မှောင်မိုက်ရတော့မှာပဲပေါ့....။
နောက်ဆုံးတော့လည်း
မနှင်းဆီရင်ခွင်ပေါ်မှာမှ
မှားယွင်းစီးဆင်းခဲ့တဲ့ ချော်ပူမြစ်တစ်စင်း
ပြေလို့ကွဲအက်
ကိုယ့်ကိုကိုယ် ပြန်မြိုလိုက်တယ်...။
.............................. .....
.............................. .....
.............................. ...
..............................
ကျွန်တော့်ကို သတိရပါ မနှင်းဆီ
မနှင်းဆီရဲ့ ဆံပင်တွေကို ဖြီးသင်တဲ့အခါတိုင်း ကျွန်တော့်ကို သတိရပါ
မနှင်းဆီရဲ့ နှုတ်ခမ်းတွေ သွေ့ခြောက်နေတဲ့အခါ
ကျွန်တော့်ကိုသတိရပါ
မနှင်းဆီရဲ့လက်တွေ အေးစက်နေတဲ့အခါ
ကျွန်တော့်ကိုသတိရပါ
မနှင်းဆီ ၀မ်းနည်းအားငယ်ရတဲ့အခါ
ကျွန်တော့်ကို သတိရပါ
မနှင်းဆီရဲ့ဘေးမှာ ဘယ်သူမှမရှိတဲ့အခါ
ကျွန်တော့်ကိုသတိရပါ
....................
......................
.......................
မနှင်းဆီဆိုတဲ့ပန်း
ကျွန်တော့်ရင်ထဲ အမြဲလန်းနေမှာပါ....။
Moe Zaak
ကျွန်တော် ထွက်ခွာသွားပါတော့မယ်
လက်ပြသူမရှိတဲ့ လမ်းခွဲမှာ
အဖော်ကွဲတဲ့ သင်းကွဲညနေနဲ့
နှလုံးသားက ထွက်တဲ့သွေးတွေ
အလဲအကွဲ အရဲရဲ
ပန်းဝတ်လွှာတွေခြုံပြီး အိပ်စက်လိုက်ချင်ပေမယ့်
အိပ်မက်တောင် ဖက်ခွက်နဲ့ထည့်ပြီး မက်ရတဲ့ကောင်
ကျွန်တော်တို့လာခြင်းမကောင်းခဲ့ပါဘူး
ဒါပေမယ့် ကိုယ်ကျောပြင်ကိုယ် နှစ်ခြမ်းခွဲထားတဲ့
ဟောဒီ ဟက်တက်ကွဲလမ်းမပေါ်က ခြေရာတွေထဲမှာ
တစ်ယောက်ယောက်တော့ ပြန်ခြင်းကောင်းရမှာပေါ့ နှင်းဆီ။
စာသင်ခန်းတစ်ခန်းထဲမှာ
Accident တစ်ခုဖြစ်သွားခဲ့တယ်
တစ်ဖက်က စက်ဘီးလေးတစ်စင်း
တစ်ဖက်က အဖြူရောင်ကားလေးတစ်စင်း
စာသင်ခန်းအဟောင်းလေးထဲမှာ
စက်ဘီးလေးက နှလုံးသားတစ်ခု လျော်လိုက်ရတယ်
ဒါဟာ အမှားမဟုတ်ဘူး
အမှန်အဖြစ်ကို မရောက်ခဲ့ရုံလေးပါ
မမှားဘူး
ကျွန်တော့်ရင်ထဲမှာ ဘယ်တော့မှ မမှားဘူး။
ခင်ဗျားတို့ Fuzzy Logicကို နားမလည်ကြဘူးလားနွားခြေရာခွက်ထဲက ဖားပဲဖြစ်ဖြစ်
ဖားခြေရာခွက်ထဲက နွားပဲဖြစ်ဖြစ်
မနှင်းဆီမျက်နှာမြင်ရုံနဲ့
အိပ်မက်ထဲ ထည့်မက်မိတဲ့အထိ
မိုက်မဲခဲ့တဲ့ကောင်ပါ။
ကျွန်တော်ကတော့ အခြေမခိုင်တော့ပါဘူး
မနှင်းဆီနေနိုင်က နေနိုင်ပါတယ်....။
"အခြေအနေမပေးလို့" ဆိုတာသာ မဟုတ်ရင်
ဘယ်အရာကများ ကျွန်တော်တို့ကို ဝေးလွင့်စေပါသလဲ
ဘယ်အရာကများ မနှင်းဆီကို အဝေးကြီးမှာ ထွက်ပြေးစေပါသလဲ
အဖြေမရှိသော မေးခွန်းကောင်းကင်မှာ
ကြောက်ရွံ့အားငယ်ခြင်းတွေသာ
အုံ့ဆိုင်းနေတယ်
အဲဒီကြောက်ရွံ့အားငယ်ခြင်းတွေ အရည်ပျော်သွားတဲ့အခါ
ဘယ်လိုအရာတွေကိုများ ရွာချလာမှာလဲ
ကံဆိုးသူအတွက် မိုးမှောင်ကျခြင်းမှာ အဆန်းမဟုတ်တော့ပါ.....။
ကျွန်တော့်ကို စာနာပါ မနှင်းဆီ
ဆူးတွေဝင့်ဝင့်ပြပြီး ကျွန်တော့်ကို မခြောက်လှန့်ပါနဲ့
ကျွန်တော်ဟာ ဆူးစူးမှာကို ကြောက်တတ်သူမဟုတ်ပါ
နောက်တစ်ခါ မစူးမှာကိုသာ ကြောက်တတ်သူပါ။
မနေ့က တွေ့တယ်
ဒီနေ့ မတွေ့တော့ဘူး
မနက်ဖြန်ရော ဘာဖြစ်မှာလဲ
ကျွန်တော်မသိပါ
တိုးဧနဲ့တိုက်တန်းနစ်ရဲ့ ကွာခြားချက်ကဘာလဲ
ကဒ်ကိုဘိန်းနဲ့ မာရီလင်မွန်ရိုးညားရင်
ဘယ်လိုကလေးမျိုးမွေးလာမှာလဲ
ကျွန်တော်မသိပါ
ကျွန်တော်ဟာ မုဆိုးကောင်းတစ်ယောက်မဟုတ်ပါဘူး
မနှင်းဆီတောင်ဘက်ကို ပြေးထွက်သွားတော့
ကျွန်တော်က မြောက်အရပ်ကို အရူးအမူး လိုက်ခဲ့မိတာပေါ့
ယုံကြည်မှုဆိုတာ
ဆူးတောထဲကို ခဏခဏဖြတ်လျှောက်ရဲတဲ့ ခြေရာတွေဖြစ်ကြောင်း
မနှင်းဆီသိရဲ့မဟုတ်လား
နာကျင်ရတယ်
ဒါပေမယ့် လမ်းဖြစ်လာမှာပါ..။
ကျွန်တော်စိုးရိမ်တာက
အဲဒိယုံကြည်မှုဆိုတာကိုကော
ယုံကြည်လို့ရပါ့မလားဆိုတာပါပဲ
ကြယ်ကြွေတာများလို့ လမ်းဖြစ်တတ်ပါသလား
ကြယ်ကြွေလမ်းကြောင်းကိုသာ
မျက်ဝါးထင်ထင် မြင်တွေ့လိုပါသည်....။
ပေးသူနဲ့ယူသူ
ဘယ်သူကမြတ်သလဲ
အခြေအနေပေါ်မူတည်တာပေါ့မနှင်းဆီ
မနှင်းဆီနှုတ်ဖျားက စကားချိုချိုတွေပေးတော့
ကျွန်တော့်နားက ရိုကျိုးစွာယူတယ်
မနှင်းဆီက အဆိပ်တွေပေးရင်လည်း
ကျွန်တော် မကြောက်မလန့်မျိုချလိုက်မှာပါပဲ
ဒါတွေအားလုံးရဲ့ ဦးတည်ရာဟာ ဘယ်ကိုလဲ
နှလုံးသားဆီကိုပဲပေါ့ မနှင်းဆီ.....
မိုးဇက်ဆိုတဲ့ကောင်
အကျိုးအမြတ် မတွက်ချက်ဘဲနဲ့
နှလုံးသားသက်သက်နဲ့ ချစ်ခဲ့တဲ့
နလပိန်းတုံးကောင်ပါ...။
ကျွန်တော်ဟာ မနှင်းဆီရဲ့ နွားလေးတစ်ကောင်ပါ
မနှင်းဆီဆိုတဲ့ ချည်တိုင်ကို မခွာနိုင်တဲ့
ခပ်မိုက်မိုက်နွားလေးတစ်ကောင်ပေါ့
လောကမှာ ကျွန်တော်အကြောက်ဆုံးအရာ
မနှင်းဆီရဲ့ အသည်းခွဲစကားလုံးတွေပါ
ပြောပါမနှင်းဆီ
ဘယ်လိုအသည်းခွဲစကားလုံးတွေကိုများ
စောင့်စည်းထားသေးသလဲလို့
တစ်သက်လုံးနာခံခဲ့တဲ့
မနှင်းဆီနှုတ်ခမ်းရဲ့ အာဏာ
ဒီအချိန်ကျမှတော့
ကျွန်တော်ဘက်က မပျက်ကွက်ချင်တော့ဘူး..။
ကျွန်တော်မြတ်နိုးရသော မနှင်းဆီရဲ့ ဆံပင်တွေ ရှည်လျားနေပြီလား
ကျွန်တော်တပ်မက်ခဲ့ရတဲ့ မနှင်းဆီရဲ့နှုတ်ခမ်းတွေ ခြောက်သွေ့နေပြီလား
ကျွန်တော်ကိုင်ဆုပ်ခဲ့တဲ့ မနှင်းဆီရဲ့လက်တွေ အေးစက်နေပြီလား
ကျွန်တော်တန်ဖိုးထားတဲ့ မနှင်းဆီရော....
ဘာတွေများပြောင်းလဲနေပြီလဲ
ကျွန်တော်မနာကျည်းပါဘူး မနှင်းဆီ
နာကျင်မှုကိုသာယာနေမိတာပါ...။
မနှင်းဆီပေးခဲ့တဲ့ဒဏ်ရာ
ကျက်သွားမှာစိုးလို့ ခဏခဏပြန်ခွာကြည့်နေတဲ့ကောင်ပါ...။
ဟိုး ဆယ်ကျော်သက် အရွယ်ငယ်ငယ်
မနှင်းဆီမျက်နှာလေးငေးကြည့်ရင်း
တစ်ယောက်တည်းတွေးမြေ့နေခဲ့ဖူးတယ်
မနှင်းဆီလက်ကိုတွဲ
ဘယ်တော့မှ မခွဲဘူးလို့
ကတိတွေလည်း ပေးခဲ့ဖူးတယ်
မနှင်းဆီဆံပင်လေးတွေ သပ်တင်ပေးရင်း
ကျွန်တော့်ရင်တွေ တလှပ်လှပ်ခုန်ခဲ့ဖူးတယ်
အေးစက်နေတဲ့ည
မနှင်းဆီရဲ့ခြေထောက်တွေ ကိုင်ဆုပ်ပေးရင်း
အနွေးဓာတ်တွေလည်း ပေးခဲ့ဖူးတယ်
မျှော်လင့်လို့ရနေတဲ့ အချိန်တုန်းကတော့
ဘယ်လောက်ဝေးဝေး မဝေးဘူးပေါ့
အခုဝေးတယ်ဆိုမှတော့
ထွက်ပြေးသူတစ်စုံတစ်ယောက်ကြောင့်သာပဲပေါ့
ပြောလိုက်စမ်းပါမနှင်းဆီ....
အလည်သက်သက်ပဲလို့
မြေတွေဘယ်လောက်ပြိုပြို
မနှင်းဆီမျက်နှာမညိုရင်ပြီးရော
တိမ်တွေဘယ်လောက်ငိုငို
မနှင်းဆီမျက်နှာမစိုရင်ပြီးရော
နေသလိုမဖြစ်တဲ့ဘ၀မှာ
ဖြစ်သလိုနေရင်း
ကျွန်တော်ထိမ်းထိန်းသိမ်းသိမ်းလွမ်းနေမှာပါ မနှင်းဆီ...။
ရှေ့ဆက်လျှောက်လို့သွားပါ
နောက်ဘက်မှာ ဒဏ်ရာတွေရှိတယ်
နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပါ
အိပ်မက်မှာ အနာအဆာတွေရှိတယ်
စိတ်ဖြောင့်ဖြောင့်နဲ့ထားခဲ့ပါ
အသည်းကွဲကျန်မယ့်ကောင်ရှိတယ်
ဝေးခဲ့ကြပါပြီမနှင်းဆီ
ကျွန်တော်တို့ဝေးသွားခဲ့ကြပါပြီ
ဆေးထည့်တိုင်းမပျောက်တဲ့ ကွဲကွာခြင်းက
ကျွန်တော့်ရင်ဘတ်မှာ
မျှော်လင့်ချက်တွေ ရှည်လာတိုင်း
ငိုချင်းတွေရှည်ရှည်လာ
ဆုတောင်းတိုင်းလွဲတတ်လို့
တွဲလက်တွေလည်း ကွဲခဲ့ပြီ
မမြဲခြင်းတွေလည်း မြဲပြခဲ့ပြီ
တေးဆို ငှက်ကလေးတွေ အိမ်ပြန်မှတော့
(ဇာတ်လမ်းသဘောအရ)
ညနေဟာ တိတ်ဆိတ်
နှုတ်ပိတ်လို့ မှောင်မိုက်ရတော့မှာပဲပေါ့....။
နောက်ဆုံးတော့လည်း
မနှင်းဆီရင်ခွင်ပေါ်မှာမှ
မှားယွင်းစီးဆင်းခဲ့တဲ့ ချော်ပူမြစ်တစ်စင်း
ပြေလို့ကွဲအက်
ကိုယ့်ကိုကိုယ် ပြန်မြိုလိုက်တယ်...။
..............................
..............................
..............................
..............................
ကျွန်တော့်ကို သတိရပါ မနှင်းဆီ
မနှင်းဆီရဲ့ ဆံပင်တွေကို ဖြီးသင်တဲ့အခါတိုင်း ကျွန်တော့်ကို သတိရပါ
မနှင်းဆီရဲ့ နှုတ်ခမ်းတွေ သွေ့ခြောက်နေတဲ့အခါ
ကျွန်တော့်ကိုသတိရပါ
မနှင်းဆီရဲ့လက်တွေ အေးစက်နေတဲ့အခါ
ကျွန်တော့်ကိုသတိရပါ
မနှင်းဆီ ၀မ်းနည်းအားငယ်ရတဲ့အခါ
ကျွန်တော့်ကို သတိရပါ
မနှင်းဆီရဲ့ဘေးမှာ ဘယ်သူမှမရှိတဲ့အခါ
ကျွန်တော့်ကိုသတိရပါ
....................
......................
.......................
မနှင်းဆီဆိုတဲ့ပန်း
ကျွန်တော့်ရင်ထဲ အမြဲလန်းနေမှာပါ....။
Moe Zaak
0 comments:
Post a Comment