Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday, March 29, 2013

အနတ္တ တိုင်းပြည်

နယ်ချဲ့ အစိုးရ ခေတ်က ကမ္မဌာန်းစီးဖြန်းလေ့ရှိတဲ့ ဘုန်းတောာ်ကြီးတစ်ပါးသည် အားလပ်ချိန်၌ တပည့် ငအေးအား စာသင်ပြလေ့ရှိသည်။ တစ်နေ့သောအခါ တပည့် ငအေးအား မိမိသင်ပြခဲ့သောအရာများအား မေးမြန်းလိုသဖြင့် တပည့် ငအေးအားခေါ်၍
ဆရာဘုန်းကြီး။           ။(မြန်မာပြည်မြေပုံကို လက်ညှိုးကာ) ဒါပြည်လဲ သိရဲ့လား

ငအေး            ။           ။ သိပါတယ် ဘုရား

ဆရာဘုန်းကြီး။          ။ (မိမိ သင်ခဲ့သည်ကို ပြောမည်ထင်၍) ကဲပြောစမ်း။

 ငအေး           ။            ။ အနတ္တပြည်လို့ ခေါ်ပါတယ်ဘုရား

ဆရာဘုန်းကြီး။            ။ (အံ့အားသင့်ကာ)  ဘာဖြစ်လို့လဲ ပြောစမ်း။

ငအေး            ။            ။ အရှင်ဘုရား ဒီမြေပုံကို မြန်မာပြည်လို့ ခေါ်မှတ်ရတယ်။ စင်စစ်မှာတော့
                                      မြန်မာအစိုးရ၊ မြန်မာများ မပိုင်ပါ။ ဒါကြောင့် အနတ္တပြည်လို့ ခေါ်ပါတယ်ဘုရား။



                                                                                                                                မျိုးညွန့်

Thursday, March 21, 2013

CSS Learning

css အကြောင်းကို လေ့လာလိုတဲ့ မိတ်ဆွေများအတွက်ပါ
မြန်မာလိုရေးထားတာ ဖြစ်လို့ ဖတ်ရတာ အဆင်ပြေပါတယ်။
စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ကလင့်မှာ ဒေါင်းယူသွားလိုက်ကြနော်.....။



CSS download

Monday, March 18, 2013

သေမင်းနိုင်ငံမှာ သုံးတဲ့ ပိုက်ဆံ

နိုင်ငံရေးတစ်ခုရဲ့ ကျဆုံးခန်းကို
ကာကွယ်ဖို့.....
ကျွန်တော်တို့ရဲ့ ချွေးနှဲစာနဲ့ ရှာဖွေထားတဲ့
(၇၅)ကျပ်တန်(၃၅)ကျပ်တန် နဲ့ အစိပ်တန်
လေးတွေကို ယာဇ်ပလ္လင်မှာ စတေးခဲ့ကြ
ရပါတယ်....။

တစ်ယောက်နဲ့ တစ်ယောက်
စကားနိုင်လုတဲ့အခါ နောက်ပြောင်ပြောဖူး
ကြတယ်  မဟုတ်လား...
  "အရူး စိတ်ချမ်းသာရင်
                       တိုင်းပြည် အေးချမ်းတယ်"
ဆိုတာလေ  ။

အခုတော့
အရူးကို လိုက်ရှာပြီး မေးကြည့်ရဦးမယ် ၊
     "စိတ်ချမ်းသာပါရဲ့လား "  .....လို့ ။

Friday, March 15, 2013

ချစ်သော ညီမလေး

ညီမလေးရေ
ကြိုးရှည်ရှည်နဲ့ လှန်ထားကွယ်
အပြန်မရှိတဲ့ ချစ်ခြင်းတွေနဲ့
ငါ ၀ပ်ဆင်းနေပါရစေ.....။

ချစ်သော ညီမလေး အိပ်စက်နေပါသလား
အိပ်မက်လှလှ မက်ပါစေ.........။

ချစ်သော ညီမလေး နိုးထနေပြီလား
နေရောင်ခြည်တော့ နွေးပါစေ..........။

ချစ်သော ညီမလေး ဘာလုပ်နေပါလဲ
အရာရာဟာ သာယာပါစေ..............။

ချစ်သော ညီမလေး ချစ်တတ်ပါသလား
လွမ်းဆွတ်ခြင်းမှ ကင်းပါစေ
အသည်းကွဲခြင်းမှ ဝေးပါစေ............။

ချိုနဲ့ အမြီး မပါတာက လွဲရင်
ငါလည်း နွားကြီးတစ်ကောင်ပါပဲ.။

ချစ်သော ညီမလေး အိပ်မက်မက်ပါသလား
ကျွန်တော်လည်း ပတ်သက်ပါရစေ........။

ချစ်သောညီမလေး နေရောင်ခြည်တို့ နွေးပါသလား
ကျွန်တော်ပေးတဲ့ မေတ္တာဓာတ်ကလေးဟု မှတ်ပါလေ........။

ချစ်သော ညီမလေး သာယာပါသလား
ဒါဟာ ကျွန်တော့် ချစ်ခြင်းသာ ဖြစ်ကြောင်း သိပါစေ..........။

ချစ်သော ညီမလေး လွမ်းတတ်ပါသလား
ကိုယ်ချင်းလေး စာတတ်ပါစေ.............။

ချစ်သောညီမလေး အသည်းကွဲခြင်းမှ ကင်းပါသလား
ကျွန်တော့်အားလည်း အမျှ ဝေပေးပါလေ.............။

ကျွန်တော်တို့ ဆေးကျောင်းသားဘဝ


ဆရာနဲ့ ကျွန်တော်တို့ ဆေးရုံမှာ ရောင်းလှည့်ကြရင်း အသက်ရှူကျပ်နေတဲ့ လူနာတစ်ယောက်ဆီကိုရောက်လာပါတယ်။ လူနာက "အသက်ရှုရတာ သိပ်ကိုဆိုးတယ်၊ ရင်ဘတ်ထဲမှာ နာနာနေတယ် "ဆိုတော့ ဆရာက ကျွန်တော်တု့ကိုမေးတယ်။ " ဒီဝေဒနာ ခံစားနေရတာ ပျောက်အောင် မင်းတို့ ဘယ်လိုလုပ်မလဲ" တဲ့၊ ကျွန်တော်တို့ထဲက တကယ့် ဆရာဝန်ဂိုက်ဖမ်းနေတဲံ တစ်ယောက်က ဖြေတယ်၊"လွယ်ပါတယ် ဆရာ၊ ဒီလူနာကို အသက်ရှုရပ်အောင်လုပ်လိုက်ရင် ဒီဝေဒနာပျောက်သွားမှာပါ" တဲ့။
   တော်တဲ့သူများ ဖြေနိုင်လိုက်ကြတာ။
တစ်နေရာရောက်တော့ လူနာစောင့် ကောင်လေးကို လူနာအကြောင်းမေးရတယ်။
"ဒါမင်းအဖိုးလား။ အသက်ကြီးပြီးနော်၊ အသက်ဘယ်လောကပ်ရှိပြီလဲ"
မြေးလေးက
"အသက်ဘယ်လောက်ရှိပြီလဲတော့ မသိဘူး၊ကျွန်တော်တို့နဲ့နေတာတော့ တော်တော်ကြာနေပြီ "တဲ့
နောက်လူနာတစ်ယောက်က "ကျွန်တော်တော့ ဆေးရုံက တော်တော်နဲ့ မဆင်းနိုင်ဘူးထင်တယ် "တဲ့။ ကျွန်တော်က
"ဆရာဝန်ကြီးနဲ့ တွေ့ ပြီးပြီလား"  ဆိုတော့
"နာ့စ်မလေးနဲ့ တွေ့ ထားလို့ပါ"  တဲ့
တစ်ခါ ချောင်းတွေ တဟွတ်ဟွတ်ဆိုးနေတဲ့ လူနာတစ်ယောက်ကိုတွေ့တော့ ကျွန်တော်တို့ထဲက တစ်ယောက်က
"ဟာ    ဦးကြီး၊ ဒါအဆုတ်ပွတာပဲ၊ ဒီရောဂါ အကြောင်းကျွန်တော်ကောင်းကောင်းသိတယ်" တဲ့။
ဦးလေးကြီးက အားကိုးစွာနဲ့-
"ဆရာဝန်လေး ဒီရောဂါနဲ့ ပတ်သက်လို့ အတွေ့ အကြုံ များများရှိလို့လား " ဆိုတော့
"ကျွန်တော် ဒီရောဂါဖြစ်နေတာ ဆယ့်ငါးနှစ်ရှိပြီ၊ ဘာမှမပူပါနဲ့ ၊အဟွတ်ဟွတ်" တဲ့။
လူနာတစ်ယောက် အစာအိမ်မှာ အနာဖြစ်ပြီး သိပ်နာနေလို့ အိပ်ရာထဲမှာ ကွေးကွေးနေနေနေပါတယ် ၊ ဆရာက-
"မင်းတို့ဆိုရင်ဘယ်လိုလုပ်မလဲ"  လို့ မေးတော့ ဆရာဝန်ဂိုက်နဲ့တစ်ယောက်က ခဏစဉ်းစားပြီး-
"ကျွန်တော်ဆိုလည်း ကွေးကွေးလေးပဲနေမှာပဲ" တဲ့
တစ်ခါတော့ ဆရာမေးတာ တစ်ခု ကျွန်တော်တို့မဖြေနိုင်လို့ ဆရာစိတ်ဆိုးပြီး "ဒါမင်းတို့ရဲ့ appendix မှာပါတယ်၊ မဖတ်ကြဘူးလား "ဆိုတော့-
"appendixဆိုတော့မလိုဘူးထင်လို့ စာအုပ်ထဲက ဖြတ်ထုတ်ထားလိုက်တယ်ဆရာ" တဲ့
တစ်ခါမှာ ဆရာက ကျွန်တော့်ကို လူနာတစ်ယောက်ကိုစစ်ဆေးခိုင်းတယ်။ ကျွန်တော်က လူနာကို-
"ကဲ လျှာထုတ်ပြပါ"  ဆိုတော့ လူနာက-
"ကျွန်မ လိပ်ခေါင်းဖြတ်ထားတာ၊ ဘာလို့ လျှာထုတ်ပြရမှာလဲ"  တဲ့
"ဆရာဝန်ဆိုတာ ဒီလိုပဲ စစ်ဆေးရတာပေါ့၊လိုအပ်ရင် အဒေါ့် လိပ်ခေါင်းက ခွဲရင်ခွဲရမှာ" ဆိုတော့
"အမယ်လေး၊လိပ်ခေါင်းကို အာခေါင်က နှိုက်ခွဲရင် လွယ်မှာ မဟုတ်ဘူး" တဲ့ ကျွန်တော်လည်း-
"အဒေါ်နဲ့ ကျွန်တော် စကားပြောရတာအပေါက်အလမ်း မတည့်လိုက်တာ၊ မီးရထားပေါ် ဆီးသွားရသလိုပဲ" လို့ပြောမိတော့
"မင်းတို့ကတော်ပါသေးတယ်ကွယ် ၊  ငါတို့ဆိုကြက်ဖခွပ်နေရတာ" တဲ့။
တော်ပြီဗျာ၊ ရေးရတာကိုစိတ်ညစ်လာပြီ။         ။

ညီမလေး

အတိတ်က အတိတ်လိုမနေတဲ့အခါ
အချစ်တွေက ခါးလာတယ်
အဖြစ်အပျက်ဟောင်းများကို
ကြည်လင်သော ကန့်လန့်ကာ ခြားထားသည်။
ညီမလေးရဲ့ ညနေခင်းကို
ပန်းပွင့်တို့နှင့် စီခြယ်ပြီး............
ပန်းနုရောင် အိပ်မက်တို့မက်စေလျက်
အလွမ်းတို့ကင်းသော လေပြေအချိုတိုက်နေစေချင်သည်.........။
ဒီလူဆိုးအတွက် ဆုလာဒ်သည်...........
အညိုရောင်လွှမ်းသောတိမ်တိုက်တစ်ခုသာဖြစ်သည်။
ကောင်းကင်းကိုမော့ကြည့်တော့
သာနေတဲ့ လမင်း..........
လမင်းထဲတွင် ပန်းချီကားတစ်ချပ်
သူရယ် ကိုယ်ရယ် .............
ခုံတန်းလေးရယ်...............
ပြီးတော့................................
အလွမ်းတွေ သာယာခဲ့တယ်ကွယ် .......
အခုတော့.......
ဘ၀သစ်မှာနေပျော်သော ညီမလေးရေ....
နေပါစေတော့ နေပါတော့လေ
အသစ်တွေလည်း တွေ့ရောပေါ့
အပျော်တွေလည်း ရရောပေါ့
မျှော်နေမိတာလည်း "အ"လို့တော့မဟုတ်ပါ.......။
online မှာတွေ့တာတောင် နှုတ်မဆက်
ရက်စက်တဲ့ညီမလေးကို............
မမုန်းရက်တာ.... စိတ်နာတယ်......
ဟိုး.......အဝေး.............က
လေပြေထဲတွင် အလွမ်းသဲ့သဲ့ပါသွားသည်.....
ချစ်သော ညီမလေး.....သိပါစေ.............
သိပါစေ...................။ ။

poem photo


ဆိုင်အသစ်မှာ အချစ်မထိုင်တတ်ပါ






ပုစ္စာလေးက ဒီလိုပါတဲ့

Circular tank = 5d2(2=square)h (Gallon) i.e

Circular tank = 5 (dxd)h  unit က Gallon နဲ့ ထွက်ပါယ်

အထက်ပါ ပုံသေနည်းလေးကို သုံးပြီးတော့ အောက်ပါ ပုစ္စာလေးကို တွက်ကြည့်ပေးစေလိုပါတယ်။

A family of 10 members uses 10 gallons of rain water / person/ day from their rain water tank having separator.
 (i) calculate the rain water catchmant area if the rain water average is 36.5 in/year.
(ii) Calculate the depth of storage tank for 3 months use if the diameter is 10 ft.
(iii)  Calculate the amount of bleaching powder to disinfect water in the tank in question(ii).

Poem Photo

My bedside Photo
My bedside Photo

ငှက်ငယ်(သို့မဟုတ်)Black Angel 4


နင်ပဲ ချစ်
ပြီးတော့ နင်ပဲ ပစ်
ဆိုးရွားလိုက်တဲ့ ငါ့အဖြစ်နှယ်နော်။

ရိုးသားခဲ့ချင်ကာမှ
အခုတော့
မိုးသားတွေ ညိုလာတိုင်း
အစိုးမရတဲ့ င့ါစိတ်တွေ
မရိုးမရွနဲ့ နင့်ကို လွမ်းတယ်။

ဖြတ်တယ်လို့ တော့ မဟုတ်ပါဘူး
မဆက်သွယ်တာ နှစ်ရက်တောင် ဆိုတော့
ငှက်ငယ်က ပြတ်နိုင်ပြီပေါ့
တွဲလာခဲ့တာလည်း နှစ်ပတ်တောင် ကျော်ပြီလေ။

လွမ်းရင်တော့ နင့်မျက်နှာပြေးမြင်
နင့်ကိုမြင်တော့ စိတ်နာ
လွမ်းတာကို နာတာနဲ့ ဖျောက်
ဒီတော့
နင့်ကိုမြင်ရင် ငါ့အလွမ်းပျောက်တယ်။

ဓာတ်ပုံလေးကို အနမ်းတွေ ပေး
အလှမ်းကလည်း ဝေးလွန်းတော့
နှုတ်ခမ်းတွေလည်း မနွေးထွေးတော့ဘူးလေ။

ရတနာဝင်းထိန်ရဲ့ ဇာတ်ဝင်ခန်းတွေလို
ငါမသိဖူးတဲ့ အဆန်းအပြားတွေ
အခုတော့
ငါ့အလွမ်းတွေ ခမ်းနားလိုက်တာ ငှက်ငယ်။
ကျေးဇူးပါ။

ကမ်းနံဘေးမှာ
အလွမ်းလေးတွေနဲ့ထိုင်
နေညိုလာတိုင်း
စိုစိုလာတဲ့ မျက်ရည်စတွေ
ငါ သတိမရချင်တော့ဘူး ငှက်ငယ်။

ကြာခဲ့ပြီပေါ့ ငှက်ငယ်
ရာသီတောင် မပြောင်းခဲ့ပေမယ့်
နင်ကြည်တဲ့ အကောင်ကတော့ ပြောင်းသွားပြီ။

ဝေဒနာတွေ ဝေးနေတော့
ကဗျာတွေ မရေးတာလည်း ကြာပါပြီ
မသာမလေးနင့်ကိုပဲ ကျေးဇူးတင်တယ်
ငါ့...အခု.........
ကဗျာတွေ ရေးနေပြီ။

ရွက်ဝါတွေ ကြွေကျ
လေပြေတွေရူးတဲ့
နွေရာသီဥိးမဟုတ်ပေမယ့်
မိုးအကုန် ဆောင်းအကူးမှာ
တို့တေ ရူးခဲ့တာလား ငှက်ငယ်
ငါတော့ အခုမှ တကယ်ရူးတာ။

ကံဇာတ်ဆရာရေ
သံသရာရေစက်
ဒီမျှနဲ့ပျက်စေတော့
နောက်ဘ၀အတွက် ရတက်မအေးလွန်းလို့ပါ။

ကိုယ့်ကိုကိုယ် ဇြေသိမ့်ပေမယ့်
ဖြေစိမ့်စရာလည်း ရှာမတွေ့
ကြွေလိမ့်လာတဲ့ မျက်ရည်စတွေ
ဒီဘ၀အတွက်တော့ ၀ဋ်ရှိသရွေ့ပေါ့ ငှက်ငယ်။

ဟောဒီသံသရာတစ်လျှောက်
ငါ့ဆီ နင်ပြန်မရောက်လာပါနဲ့လို့ ဆုတောင်းတယ်
ငါ တကယ်ကြောက်လို့ပါ ငှက်ငယ်။

နင့်အချစ်
ငါ့အချစ်
တို့နှစ်ယောက်ရဲ့ အချစ်
(ထပ်တူမကျခဲ့တော့)
အပြစ်တွေသာ ဖြစ်လာတယ်။

အခု
နင်နားနေတဲ့ ရင်ခွင်လေးမှာ
သာယာစေချင်တဲ့ ငါက
အစဉ်အလာ ဖျက်သလိုများ ဖြစ်နေမလား။

ဖြစ်လွယ် ပျက်လွယ်
ဟောဒိ အိုင်တီခေတ်အလယ်မှာ
အရာရာဟာ မြန်ဆန်ကြသတဲ့
ရောဂါပိုးမွှား
ဆေးဝါးများ
နျူကလီးယား
သစ်တောပြုန်းတီးမှု
ရေကြီးမှု
ဖြစ်စဉ်စုစုထက် ပိုမြန်ဆန်တဲ့
နင့်ရဲ့ ချစ်ခြင်းအတု။

ငါက ချစ်ခြင်းကို
သစ်တစ်ပင်လို ပျိုးထောင်ချင်တယ်
နင်က ဗုံးတစ်လုံးလို ဖောက်ခွဲ
အဲဒီမှာ
သဘောထား စကွဲတော့တာပဲ။

ငှက်ငယ်ရေ
နောင်တတွေ ရင်မှာ ပိုက်လို့
ငါ နင့်ကို စိတ်နာနေမိတာ
လိပ်ပြာတော့ မလုံပါဘူး
ငါကိုက မိုက်တာပါ။

နင် ငါ့ကို ချစ်ခွင့်ပေးတဲ့အချိန်က
ကျိန်ပြောရင်တောင် မယုံနိုင်လောက်အောင်
အသားကုန် နည်းလွန်းတော့
ငါ့အိပ်မက်တွေတောင် အောင်အထည်မပေါ်ခဲ့ရှာဘူး။
(ဘာတွေလဲလို့ မမေးပါနှင့်)

နင့်ပေါင်လေးပေါ် ခေါင်းမအုးံခဲ့မိဘူး
နင့်ကိုမနမ်းခဲ့မိဘူး
အခုတော့ လွမ်းနေရုံပဲ တတ်နိုင်တယ်
(တစ်ခါတစ်လေတော့
ထိုင်ဆဲနေတာပေါ့)။

သူများစကားလုံး
ခဏတာ ငှားသုံးရမယ်ဆိုရင်
ထိုင်ဆဲ
ငေးဆဲ
တွေးဆဲ
ရေးဆဲ
လှမ်းဆဲ
လွမ်းဆဲ
အော်ဆဲ
ပြီးတော့
ချစ်နေဆဲ
(ကျန်သေးတယ်
တစ်ခါတစ်လေ မူးပြီးလည်း ဆဲတယ်)။


ငှက်ငယ်(သို့မဟုတ်)Black Angel 3


ငှက်ငယ်ရေ
တိုက်ဆိုင်မှုမရှိလျှင် ခွင့်လွှတ်ပါ
မှားယွင်းမှုဟာ ငါ့ကိုတံဆိပ်လို ကပ်ထားတယ်။

တစ်ရာသီစာ အလွမ်းတွေ မဟုတ်သလို
ဗာရာဏသီက စခဲ့တာလည်း မဟုတ်ဘူး။

မကွေးမြို့ ကမ်းနားလမ်းက
ဆန်းပြားလွန်းတဲ့ ဇာတ်ဝင်ခန်း
လွမ်းသလား မေးရင် ဖြေဖို့ ခက်တယ်။

အညိုရောင် နှုတ်ခမ်းတစ်စုံရဲ့
ရင်ခုန်စရာ အထိအတွေ့
ငါမေ့မရ တဲ့ အတိတ်ပုံပြင်
ကိုယ့်ကိုကိုယ်တောင် စိတ်ကုန်ချင်လာပြီ။

အဲဒီညက မိုးမှုန်မှုန်လေး ၇ွာတယ်
ထုံးစံအတိုင်း မကွေးက မီးပျက်တယ်
ညငှက်ဆိုး ထိုးသံသာပါရင်
ဒါဟာ နိမိတ်ဆိုး တစ်ခုမှန်း သိသာရမှာ။

အခုတော့
ငှက်ဆိုး ထိုးသံမကြားရလို့
သူငယ်ချင်းကို နှစ်ထပ်တိုးနဲ့ ချစ်မိတာ
အိပ်မက်တွေသာ ရိုက်ချိုးခံခဲ့ရတယ်။
(တကယ်တော့ နင်ကိုယ်တိုင်က
ငှက်ဆိုး တစ်ကောင်ပါပဲ)

လိမ်ညာသူနဲ့ အလိမ်ခံသူ
ဘယ်သူ့မှာ အပြစ်ရှိပါသလဲ ငှက်ငယ်။

ချစ်ခြင်းမေတ္တာအတုအယောင်ကို လွှမ်းခြုံလို့
ဘုရင်မဖြစ်ခဲ့တဲ့ စုန်းမတစ်ကောင်အကြောင်း
ကျွန်တော် ကောင်းကောင်းသိခဲ့ရပြီ။

အတိတ်သည် အတိတ်ဖြစ်၍
ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်သည်
ထို့ကြောင့်
အလွမ်းသည် အလွမ်းသာ ဖြစ်သော်လည်း
နင်ကိုတော့ စိတ်နာတယ် ငှက်ငယ်။

ယုတ္တိမရှိတဲ့ ဒိဇာတ်လမ်း
ဖြစ်ကတတ်ဆန်းနဲ့ ပျက်သွားတာ
လွမ်းလောက်စရာတော့ မရှိဘူး
(ငါက အဲလိုလည်း အလိမ်အညာကောင်းတယ်)

မိဖုရား ဖြစ်လိုသူ သူမ
ဘုရင်မ တင်မြောက်သူ ကျွန်တော်မျိုး
ချစ်ဖော်ချစ်ဖက် နှစ်ယောက်သားအနက်တွင်မှ
ငမိုက်သား လူ့ငတုံးလေး
နင့်ချည်းပဲ ခံပေရော့ဟု
ဖြတ်လျှင်လည်း လွမ်း
ကမ်းလျှင်လည်း လှမ်းခဲ့ရုံပါ ငှက်ငယ်။

လာခြင်းကောင်းတဲ့ တို့နှစ်ယောက်မှာ
နင်တစ်ယောက်သာ ပြန်ခြင်းကောင်းခဲ့ပါတယ်
ငါအခုထိ ရပ်စောင့်နေတုန်း
မပြန်ရဲသေးဘူး။

လွန်လေပြီးသော အခါကို
နှလုံးသားနဲ့ ခံစားပါ
ကမ်းနားလမ်း
မိုးစက်များ
မယ်ဇလီတော
သရက်ပင်
ရနံ့အချို့
အနမ်းအချို့
အသက်ရှူသံ ပြင်းပြင်းများ
ချွေးစေးများ
ထို့ထက်ပို၍နက်ရှိုင်းသော
ထပ်တူကျတဲ့ ရင်ခုန်သံများ
အားလပ်သောအခါ
နှလုံးသားနဲ့ ခံစားပါ ငှက်ငယ်။

နင့်ကျောပြင်လေး
ဟိုး........အဝေးမှာ
တဖြည်းဖြည်းနဲ့ သေးသွားတဲ့အခါ
ငါ့အော်ခေါ်သံကို
အရင် ရင်ဘတ်နဲ့ နားထောင်ပါ။

အမြတ်မရှိပေမယ့်
ရပ်ကြည့်နေတဲ့ အရှုံးသမားပါ ငှက်ငယ်။

Saturday, March 9, 2013

cartoon


နံပါတ်လေး တစ်ခု

ဆက်သွယ်ရေးဧရိယာပြင်ပသို့ ရောက်ရှိသွားသော
နှလုံးသားနံပါတ်လေးတစ်ခု
ရာစုပေါင်း များစွာ သိမ်းဆည်းနေမယ်
ဒီလိုပဲလေ ဘ၀ဆိုတာ...
အမှတ်တရတွေကို လွယ်အိတ်ထဲထည့်လွယ်လို့
ခရီးရှည်ကြီးကို မမောနိုင် မပန်းနိုင် လျှောက်ရဦးမယ်

ငှက်ငယ်သို့မဟုတ်-black-angel-2


ငါတို့ရဲ့ အပြာရောင် နေ့စွဲ
ဘယ်လို နတ်ကဝေဆိုးက
ကိုက်ဖြတ် ဆုတ်ဖြဲ သွားတာလဲ။

ချစ်တယ်လို့ နင်ငါ့ကို ပြောခဲ့တုန်းက
သူငယ်ချင်းအချို့ မှတ်ချက်ပေးတယ်
ကျားရှေ့က သမင်ကို သနားချင်သတဲ့။

ဘယ်သူသမင်၊ ဘယ်သူကျားဆိုတာ
တို့ နှစ်ယောက် သတိတဲ့ အမှန်တရားပါ
အခုမှတော့ မှားတယ်လို့ နောင်တ မရချင်တော့ဘူး။

နင့်ဆံပင်
နင့်ပါးပြင်
နင့်နှုတ်ခမ်း
ဘုရားဘုရား
ဘယ်သူများနမ်းနေပြီလဲ။

အစကောင်းမှ မနှောင်းသေချာသတဲ့ ငှက်ငယ်
အတိတ်ဟောင်းကို ပြန်လွမ်းရတာလဲ
အနမ်းတွေ ဝေနေတဲ့ ပန်း ပန်းချီ

နစ်ရှ ကွဲအက် ကျိုးကြေနေတဲ့ခံစားမှုဟာ
နင့်လိုမျိုးတော့ အတိတ်မမေ့တတ်ဘူးတဲ့လား။

ငါနှစ်သက်တဲ့ ဂုတ်ပိုးစိမ်းလေး
နုထွေး ချိုမြတဲ့ နှုတ်ခမ်းတစ်စုံ
အရှိန်အဟုန်ပြင်းတဲ့ အလွမ်းများ
အား!  # % * ) + + ~ ^ *) _+
ငါ့ကို ဘယ်သူမှ မသနားကြဘူးတဲ့။

ဆံထုံးလေးနဲပ ငါ့ဆီလာတိုင်း
အဆောင်မှူးက နှိုင်းတယ်
နင်က လက်ဝှေ့ သမားအတိုင်းပဲတဲ့
ငါ့ရင်ကို ထိုးခွဲ သွားလိုက်တာများ............။

ငှက်ငယ်ရေ..........
 သစ်ပင်ဆိုတာ အခြေခိုင်ဖို့ အဓိကကွဲ့
ကိုင်းကြီးတာ၊ အရွက် ဖားတာ
နင်အမြင်မှားတာပါကွယ်။

ငါဟာ အခြေခိုင်လွန်းနေတဲ့ သစ်ပင်ပါ
နင်ထွက်သွားရာ ဝေဟင်အရပ်ဆီ
(ဘယ်လိုမှ မလိုက်နိုင်ခဲ့)
မျှော်ရီ တမ်းတလို့
ငါ့ကိုယ်ငါ ဖြိုလဲပစ်ချင်တယ်........။

နှလုံးသားလမ်းပေါ်က အွ့င်းလေး နှစ်ကွင်း
လက္ခဏာဆရာကပြောတာ ဒါ ကျွန်းတဲ့
ငါအပြစ်ကင်းခဲ့ပါတယ် ငှက်ငယ်
ငါ အပြစ်ကင်း.ခဲ့တယ်။

မျှော်လင့်ချက်တွေ ရှည်လာမှ
တိခနဲ ရပ်ခဲ့တဲ့ သေနာမလေး
တစ်ခန်းရပ် မကချင်ခဲ့တာ ငါ့ရိုးသားမှုပါ
နင့်အတွက်တော့  အရင်ကောင်တွေနဲ့ မထူးခြားခဲ့။

ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ
ငါတို့ကို အနားသတ်ပေးလိုက်ပြီ
ဝေးကြပါပြီ ငှက်ငယ်။

တကယ်တော့ ငှက်ငယ်
ဝေးကြပြီ ဆိုတာလည်း
ငါလက်မခံချင်တဲ့ အမှန်တရား
သနားသောအားဖြင့်
ဘုရားတပည့်တော်ကို ကယ်တင်ပါ.........။

အခုတော့ကွယ်
အထီးကျန်လွင်ပြင်နဲ့
မျှော်လင့်ခြင်း ကောင်းကင်
မှားယွင်းမှုတွေ တလွင်လွင်နဲ့
ငါတို့ ကမ်းလက်တွေ ဝေးခဲ့ပြီ။
ဝေးခဲ့ပြီး............ရင်း
ဝေး.............................။

ငှက်ငယ် (သို့မဟုတ်) black angel(1)


စပွန်ဆာရှာသူနှင့် ခေတ်သစ်ဇောတိကများ အကြား
အပေးအယူမျှတဲ့ နာမည်ကျော် ကစားကွက်တွေမှာ
(အချစ်ဆိုတာ....)
တကယ်တော့ ခြေမပေါ်တဲ့ နှလုံးသားတစ်ခု.........
ဘယ်လိုပဲ ထိုးကျွေးထိုးကျွေး
ကင်းဝင်ခွင့်တော့ မရခဲ့.........ငှက်ငယ်။

ရေမြင့်တော့ ကြာတင့်
ရေမှန်တော့ လန်း
ရေလျှံတော့ နွမ်း
ငါကတော့ လွမ်းနေရုံပါပဲ ငှက်ငယ်......။

ရှန်ပိန်၊ ကော့တေးလ်
အတွေးမှားစေသော ယမကာများ
ခေါင်းမကိုက်သော အပြင်းစားများ
ငါနင့်ကို သနားလိုက်တာ ငှက်ငယ်........။

ဘော်ဒီလှသော ကားများ
တော်ကီလှသော ငနဲသားများနဲ့
နင့်လှောင်အိမ်လေးကို လှတယ်များ ထင်နေသလားကွယ်.......။

ငှက်ငယ်ရေ....
လိုရာ ကိုင်းကြီး လျှောက်လှမ်းကွဲ့
ဆင်မယဉ်သာ ညှင်သာစွာ နင်းကွယ်
ကြမ်းခင်းပေးထားတာ  ငါ့အိပ်မက်တွေ..........။

ချစ်တယ်ဆိုတဲ့ စကားထက်ပိုတဲ့ အဓိပ္ပာယ်တွေနဲ့
ရိုကျိုးစွာ ချစ်ပြခဲ့ပြီပဲ
လွဲမှားခဲ့တာတော့ ကံတရားပေါ့ငှက်ငယ်..........။

အလှူကြီး ငါးပါးထဲက မြင့်မြတ်တဲ့ ခန္ဓာအလှူဆိုတာ
နင်အလေးမထားတဲ့ အသွေးအသားတွေ မဟုတ်ဘူး
သံသရာမပါတဲ့ ဒါနကို လွဲမှား
ငါနင့်ကို သနားရပြန်ရော..........။

စားဝတ်နေရေးအတွက်ရောင်းစားတဲ့
prostitute  တစ်ယောက်ရဲ့ အသွေးအသားလောက်မှ တန်ဖိုးမရှိ
နင့်အသိက အ၀ီဇိ ချိုးကပ်နေပြီ.........။

နင့်ရမ္မက်လှိုင်းတွေ အတွက်
ငါသုံးတဲ့ စကားလုံးရိုင်းတွေ
နင့်အတွက်တော့ child play ပေါ့.........။

နင့်အပြုအစုက
prostitute ထက်သာ
(ငါလေ)
နင့်ကို နှမြောလိုက်တာ ငှက်ငယ်.......။

နင့်အပျိုစင် ပန်းဦး
ဘယ်သူပဲ ခူးခဲ့ ခူးခဲ့
မထူးဇာတ်ခင်းနေတာတော့ နင်မှားတယ်.....။

ပျက်အစဉ်၊ ပြင်ခဏ
(နင်) အချစ်ကို ဗန်းပြပြီး
ထာဝရ မှားနေတော့မှာလား ငှက်ငယ်............။

သန့်ဇင်ဆိုတာ
နင်ခဏ၀င်ဖူးတဲ့ ရင်ခွင်ရိုင်း
ခိုင်းနှိုင်းပြရရင်တော့
ကိုင်းမကြီးလို့ နင်ထားခဲ့တဲ့ သစ်ပင်ပေါ့.......။

လှိုင်းကြီး လှေအောက်
တောင်ကြီး ဖ၀ါးအောက်
အခု
ဘာကြီး နင်အောက် ရောက်နေပြီလဲ.......။

သီတင်းကျွတ် ဈေးရောင်း ပွဲတော်လို လျှော့ဈေးနဲ့ ရောင်း
ဟောင်းလာတော့ အလကားပေး
နောက်ဆုံး
အမိုက်မလေး နင်က
အလိုက်တောင် ပေးဦးမလား.......ငှက်ငယ်။

ဝမ်းနည်းတယ်
နင့်အတွက် ၀မ်းနည်းတယ်
အသည်းကွဲနေတာ မဟုတ်ဘူး
ငါ နင့်အတွက် ၀မ်းနည်းနေတာ ငှက်ငယ်.......။

ပြန်လာတော့ ငှက်ငယ်ရေ............
နေခြည်နွေးနွး၊ နှင်းနုနု နဲ့
ငါ့ရင်ခွင်က ရာသီဥတု ကောင်းပါတယ်...........။

နောက်ဆုံးကဗျာ

ခြောက်သွေ့အက်ကွဲနေတဲ့ နှုတ်ခမ်းတွေက
တီးတိုးလေး ရေရွတ်လိုက်တယ်
"သူမ အဝေးကို ထွက်ပြေးသွားပြီ"တဲ့
ရာသီအပြောင်းမှာ
တုန်ချိနေတဲ့ သစ်ပင်အိုကြီးက
"ပြန်လာမှာပါ"ဆိုတဲ့ စကားအတွက် သူဝတ်ရုံကို အသစ်လဲတယ်
ဒီလိုနဲ့ ....
ဆယ့်နှစ်ရာသီပန်းတို့
တစ်မျိုးပြီးတစ်မျိုး ပွင့်ခဲ့လေပြီ
ကမ်းလင့်တဲ့လက်တွေနဲ့
သူမကို နှုတ်ဆက်ခဲ့ရပြီးနောက်
အသက်ရှုသံတို့ တိုးတိတ် ဖျော့တော့
ရင်ဘတ်ဟောင်းလောင်းကြီးထဲ အလွမ်းတွေ ထိုးသိပ်လို့
မျက်လုံးအစုံကို အသာမှိတ်
သူမကို အတိတ်ထဲ လိုက်ရှာနေမိ
"ပြန်လာမှာပါ"တဲ့လာကွယ်
နောက်ဆုံးဝင်သက်ကို တစ်ချက်ရှိုက်
ပြန်လာမယ့်လမ်းကို မျှော်ငေးနေခိုက်မှာပဲ
ငါ့အတွက်နာရေးကို စီစဉ်ကြလေပြီ
ပြန်လာပါကောင်မလေးရယ်
ငါ့ဝိဥာဉ်လေးက စောင့်နေဆဲ.....


မိတ်ဆက်

မင်္ဂလာပါ
ဒီဘလော့လေးကို (9.3.2013)မှာ ထောင်ခဲ့ပါတယ်။ အမှန်တိုင်းပြောရရင်တော့ ဘာကိုမှမရည်ရွယ်ပါဘူး။ ကိုယ်ပိုင်ခံစားချက်တွေပဲ တင်မှာပါ။ တစ်ခါတစ်လေတော့ ဗဟုသုတရတာလေးတွေလည်း တင်ပေးပါ့မယ်။ ၀င်လာကြည့်လို့ ကျေးဇူးအထူးတင်ပါတယ်....မိတ်ဆွေ