Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, August 6, 2014

သူငယ်ချင်းသို့ ပေးစာ

သူငယ်ချင်းသို့ ပေးစာ
                              
ံ



သူငယ်ချင်းရေ
                     
                           အမြဲတမ်းအတူမနေနိုင်တဲ့အခါ ခွဲခွာရတယ်။ အချိန်တန်လို့ ခွဲခွာကြရတဲ့အခါ မင်းဟာ ထွက်ခွာသူတစ်ယောက် ဖြစ်နိုင်သလို ကျန်ရစ်သူတစ်ယောက်လည်း ဖြစ်နိုင်တယ်။ လမ်းကြောင်းတစ်ခုပေါ်က ဆင်းလိုက်တဲ့အခါ နောက်လမ်းကြောင်းတစ်ခုပေါ်ကို ရောက်ရှိသွားတာပါပဲ။ တစ်ချို့က ကိုယ်တိုင် ရွေးချယ်ခွင့်ရပေမယ့် တစ်ချို့ကတော့ ရေလိုက်ငါးလိုက်။ လမ်းကြောင်းတစ်ခုပေါ်ကို မင်းဘယ်လိုပဲ ရောက်ခဲ့ပါစေ။ ရောက်လာရင်တော့ မင်းရှေ့ဆက်လျှောက်ရတော့မယ်။ အဖော်တွေလည်း ပါချင်ပါမယ်ပေါ့လေ။
                          တကယ်တော့ ကိုယ့်ကိုကိုယ် အားကိုးတာက အကောင်းဆုံးပါပဲ သူငယ်ချင်းရေ။ ငါပြောချင်တာက ဘ၀ဆိုတာက ရှာဖွေခြင်းပါပဲ။ ဘ၀အာမခံချက်ကို ရှာဖွေကြတယ်။ ဘ၀အာမခံချက်ဆိုတာက ဘာလဲ။ ငွေကြေးလား၊ အိမ်ခြံမြေလား၊ ရတနာရွှေငွေလား၊ လက်တွဲဖော်လား၊အာဏာလား၊ ယုံကြည်ကိုးကွယ်မှုလား။ လူအမျိုးမျိုးဟာ စိတ်အထွေထွေနဲ့ ဘ၀အာမခံချက် အဖုံဖုံကို လမ်းအသွယ်သွယ်ကနေ ရှာဖွေနေကြတယ်။
                         တစ်ချို့သောလူတွေဟာ နောင်ဘ၀အတွက် အာမခံချက်ကိုပါ ရှာဖွေလေ့ရှိတယ်။ ဘာသာတရားမျိုးစုံဟာ လမ်းမျိုးစုံကို ခင်းပေးထားတယ်။ ဒါပေမယ့် လူအများစုကတော့ လမ်းပေါ်မှာပဲ ထိုင်ပြီးတော့ ဆုတောင်းခြင်းအမှုကို ပြုတတ်ကြတယ်။ မင်းကတော့ ရှေ့ကို ဆက်လျှောက်ပါ။ လမ်းဆိုတာ လျှောက်ဖို့မဟုတ်လား။
                         ဘုရားရှင်ဟာ ငါတို့လျှောက်သင့်တဲ့ လမ်းကြောင်းကို ညွှန်ပြခဲ့ပြီးပါပြီ။ မရှိတော့တဲ့ အရာတွေနဲ့ မမြင်နိုင်တဲ့အရာတွေကို ထိုင်ပြီး ဆုတောင်းနေရင်တော့ မင်း ဘယ်ကိုမှရောက်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ လူတွေဟာ အခက်အခဲတွေ့တဲ့အခါ ဘုရားကို အားကိုးတယ်။ ဘေးဒုက္ခကြုံတဲ့ အခါ ဘုရားကိုအကာအကွယ်ယူကြတယ်။ ဒါကိုပဲ ကိုးကွယ်တာလို့ ခေါ်တယ်ထင်ရတယ်။ မိမိကိုယ်သာ ကိုးကွယ်ရာလို့ ဘုရားဟောရှိပါတယ်။ ကိုယ့်အခက်အခဲကို ကိုယ်သာပဲ ဖြေရှင်းနိုင်တယ်။ ကိုယ့်အန္တရာယ်ကိုလည်း ကိုယ်သာပဲ ကာကွယ်နိုင်မယ်။ အဲလိုပါပဲ ကိုယ်ရဲ့အောင်မြင်မှုကိုလည်း ကိုယ်သာပဲ ခံစားရတာပါ။
                         မင်းဟာ လောကုတ္တရာကို ကြည့်လွန်းနေရင် လောကီမှာ နေစရာ ပျောက်သွားပါလိမ့်မယ်။ ဆုံးဖြတ်ချက်တစ်ချို့တစ်လေဟာ လောကုတ္တရာကြောင့် အနှောင့်အယှက်ဖြစ်လိမ့်မယ်။ ရဲရဲသာ ဆုံးဖြတ်ပြီးရှေ့ဆက်ပါ။ လောကီမှာ အကောင်းဆုံး နေထိုင်နိုင်ရင် လောကုတ္တရာက ဆိုးစရာအကြောင်းမရှိပါဘူး။ငါဟာ ဘာသာရေးအကြောင်း ပြောပြနေတာ မဟုတ်လို့ ဘာသာရေးအကြောင်းကို သိပ်မတွေးပါနဲ့။ လောကီမှာ ပုထုဇဉ်တစ်ယောက်အနေနဲ့ အကောင်းဆုံးနေထိုင်ပါ။ အမျိုး ဘာသာ သာသနာအတွက်အကောင်းဆုံး ဆောင်ရွက်ပါ။ ဘုရားရှင်က မင်းကို ကြည့်ရှုစောင်မ ပါလိမ့်မယ်။ scholarship ဆိုတာ စာတော်တဲ့ ကျောင်းသားတွေသာရတာပါ။
                        အတ္တကို ပရနဲ့ ယှဉ်တွဲပါ။ အတ္တတွေများနေတဲ့အခါ မင်းကို လူတွေက ကျဉ်ကြမယ်။ဒါပေမယ့် လူဘ၀မှာ အတ္တနဲ့ လောဘသာမရှိတော့ဘူးဆိုရင် ပျော်ရွှင်စရာတော့ ကောင်းမှာ မဟုတ်ဘူး။ဒါကြောင့် အတ္တကို ပရနဲ့ ယှဉ်ပါ။ တစ်ချို့ကတော့ ပြောကြတယ်။ သေရင် ကိုယ့်နောက်မပါဘူး။ ငါကတော့ ဒါဟာ ရှာဖွေဖို့ မစွမ်းသာတဲ့လူတွေနဲ့ ရှာဖွေဖို့ ပျင်းရိသူတွေရဲ့ အကြောင်းပြလို့ကောင်းတဲ့ စကားတစ်ခွန်းလို့ မြင်တယ်။ မင်းဆိုရင်ရော ဘယ်လိုမြင်မလဲ။ ငါသိချင်စမ်းရဲ့။တကယ်တော့ သူတို့ဟာ သေရင်ကိုယ့်နောက်ပါမယ့် အရာတွေကိုလည်း မလုပ်ကြပါဘူးလေ။မင်းကတော့ သေရင်ကိုယ့်နောက်မပါတဲ့ အရာတွေကိုအသုံးချပြီးတော့ သေရာပါအောင်လုပ်ပါ။
                        ဂျွန်ဂျူဝီ ကပြောတာတော့ "ဘ၀ဆိုတာ လောင်းကစားခြင်းတစ်မျိုးပါပဲ" တဲ့။ နောက်ဆုံးတော့ ကံကိုပဲ ပုံချရတဲ့သဘောပေါ့လေ။ ဒီစကားကို ယုံကြည်တယ်ဆိုရင်တော့ "ကံဆိုတာ အလုပ်" ဆိုတာကိုလည်း မင်းလက်ခံသင့်တာပေါ့။ ဘယ်လို လောင်းကစားမျိုးပဲ ဖြစ်ဖြစ် သေချာပေါက် နိုင်ချေရှိမှ ၀င်ကစားရင် ကံကို ပုံချရတဲ့ အဖြစ်က လွတ်ပါတယ်။ အသင်းစွဲနဲ့ ဘောလုံးပွဲလောင်းရင်တော့ မင်းရူးမိုက်တာပါပဲ။
                        တစ်ခါတလေတော့ အနိုင်အရှုံးဆိုတာက သက်ဆိုင်သူပေါ်မှာပဲ မူတည်တတ်တယ်။ ဟောဒိအပေးအယူများတဲ့ ခေတ်ကြီးမှာ မင်းလိုချင်တာအတွက် ဘာပဲပေးလိုက်ရပါစေ(မင်းလိုချင်တာ ရမယ် ဆိုရင်) မင်းကျေနပ်သင့်တယ်။ ဒါဟာ မင်းရဲ့ အနိုင်ပါပဲလေ။ အခြားလူတွေကတော့ ရှုံးတယ် ပြောချင်ပြောမှာပေါ့။ သာယာမှုကို ကိုယ်တိုင်သတ်မှတ်တာပဲ ကောင်းပါတယ်။ သူများတွေ သတ်မှတ်ထားတဲ့ သာယာမှုနဲ့ နေထိုင်နေရမယ် ဆိုရင် မင်းဟာ သာယာမှုအစစ်ကို မရရှိနိုင်ပါဘူး။
                        အခုဆိုရင် မင်းဟာ ကျောင်းပြီးတော့မယ်။ အနောက်နိုင်ငံက စစ်တမ်းတစ်ခုက ဖော်ပြထားတာကတော့ ကျောင်းသားဟာ ကျောင်းနဲ့ ကင်းကွာမှ ပိုတော်နိုင်တယ်။ ဆိုလိုချက်ကို တလွဲကောက်ပြီး ကျောင်းလစ်ရင်တော့ ခက်ပြီ။ သူတို့ဆိုလိုတာက ကျောင်းဟာ သင်ရိုးညွှန်းတမ်းအတိုင်း သင်ရတဲ့အတွက် ကျောင်းသားဟာ ဖောက်ထွက်လေ့လာလို့ မရဘူး။ စာမေးပွဲ အဖြေဟာလည်း ပြင်ပက အချက်အလက်တွေကိုယူပြီး ဖြေဆိုလို့မ၇ဘူး။ ဒီတော့ ကျောင်းဟာ ကျောင်းသားတွေရဲ့ သင်ယူလိုမှုကို ဘောင်ခတ်ထားတဲ့ သဘောရှိလေတယ်။ ဒါကြောင့် ကျောင်းသားဟာ ကျောင်းနဲ့ ကင်းကွာတဲ့အခါ ပိုမိုလေ့လာနိုင်ပြီး ပိုမိုတွေးခေါ်နိုင်လာတယ်။ ကျောင်းနေစဉ်ကထက် ပိုတော်လာတယ်ပေါ့။
                         တကယ်လည်း ကျောင်းဟာ ဘောင်ခတ်ထားတဲ့ သဘောသဘာဝရှိပါတယ်။ ဒါပေမယ့် သူတို့ဆိုလိုသလိုတော့ မဟုတ်ဘူး။ကျောင်းက ဘောင်ခတ်ထားတယ် ဆိုတာ တိရိစ္ဆာန်လှောင်အိမ်လို ဘောင်ခတ်ထားတာ မဟုတ်ပါဘူး။ လမ်းဘေးက ပလက်ဖောင်းလို လမ်းမပျောက်အောင် လမ်းဘေးကို ချော်မကျအောင် ဘောင်ခတ်ထားတာပါ။Operating System ပေါ့ကွာ။ သူတို့ ပြောသလို ဖောက်ထွက်လို့တော့ မရဘူးပေါ့လေ။ တစ်နေ့တော့ ဘောင်ခတ်ထားတဲ့ လမ်းလေးဆုံးသွားရင် ဘ၀ကွင်းပြင်ကျယ်ကြီးထဲ မင်းရောက်သွားမှာပါ။ အဲခါမှ လမ်းမပျောက်ပါစေနဲ့။
                        ရောက်တဲ့နေရာမှာ အကောင်းဆုံးနေထိုင်ပါ။ တပည့်ဖြစ်ရတဲ့အခါ အကောင်းဆုံးတပည့်၊ ဆရာဖြစ်ရတဲ့အခါ အကောင်းဆုံးဆရာ၊ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ဖန်းတီးပါ။ ဘ၀ဆိုတာ ကိုယ်တိုင်ထုဆစ်ရတဲ့ ပန်းပုရုပ်တစ်ခုပါပဲ။ အလှပဆုံး ထွင်းထုနိုင်ပါစေလေ။
                                                                                                                                                                လွမ်းနောင်       

Monday, July 7, 2014

About University of Community Health (magway)



The University of Community Health, Magway (UCH) (Burmese: ကျန်းမာရေးတက္ကသိုလ်(မကွေး), pronounced: [tɕáɴmàjé tɛʔkəθò (məɡwé)]) is a public university located in Magway, Myanmar. The university offers a four-year Bachelor of Community Health (B.Comm.H.) degree program. Most of the graduates are allowed to practice as health assistants, many of whom are the main providers of primary health care in rural Myanmar where access to regular physicians is difficult.

History

UCH was founded as the Health Assistant Training School in 1951 in Yangon to provide health care to rural population. The school was moved a few kilometers north to Insein in 1963, and then to Hlegu in 1968. In 1989, the school came under the purview of the Ministry of Health. The school became the Institute of Community Health in 1991, and became a university in 1995 and began offering a four-year bachelor's degree program. In 1999, the military government moved the school out of Yangon Division to Upper Myanmar. UCH is located on a 41.4-hectare campus at Htonpauk, about 14.5 km north of Magway, and 3.2 km off the Magway-Natmauk Road.[1]

Academic departments

Curriculum

Each school year lasts ten months from January to October. Students are required to take written and oral exams at the end of each year.

First year

First year students are required to interact with the community by meeting the patients from nearby villages.

Coursework with assignment

  • Biomedical Science I
  1. Zoology
  2. Botany
  • Biomedical Science II
  1. Chemistry
  2. Physics
  • Communication science
  1. Burmese
  2. English
  • Primary Medical Care
  1. Traditional Medicine
  2. First Aid

Coursework with or without assignment

  • Total Person and Professional Development Program (TPPD)
  • Family Medicine
  • Structure and Function of Human Body
  • Basic Computer Science

Second year

Coursework with assignment

  • Structure and Function of Human Body
  • Vital Statistics
  • General Pathology and Pharmacology
  • Communicable and Non-Communicable Diseases

Coursework without assignment

  • Health Education

Third year

Third year students are required to make field trips to nearby villages and provide seminars on such health education topics as the natural history of diseases, environmental sanitation, the dangers of smoking/alcohol, rodent control, etc. The seminars are organized by the departments of Health Education, Community Health and Environmental Health. The students then visit a local Rural Health Center (RHC) to learn the operations of an RHC.

Coursework with assignment

  • Disease Control
  • Health Education
  • Environmental Health Education
  • Educational Technology

Coursework without assignment

  • Medicine
  • Surgery
  • Community Health

Fourth year

  • Fourth year students need to make research for protocol. For this we had to go to Rural Health Centre, under magway division (from October 10 to November 5).

Coursework with assignment

  • Community Health I
  • Community Health II
  • Medicine
  • Surgery

Affiliated teaching hospitals

Students are required to make field trips to the following UCH affiliated hospitals in the region for three months(May–July).

References

External links

Thursday, June 26, 2014

ရေကြီးခြင်းအန္တရာယ်


ရေကြီးခြင်း
ကြိုတင်ပြင်ဆင်ခြင်း
§  ရေကြီးတတ်တဲ့နေရာတွေမှာ အိမ်ငှားမနေပါနဲ့။ ဘယ်နေရာက ရေကြီးလေ့ရှိလဲဆိုတာ မေးပါ။
§  ဘယ်နေရာကစပြီး ရေကြီးလဲ၊ ဘယ်လောက်ပမာဏအထိကြီးလဲ စုံစမ်းပါ။
§  မိမိအိမ်နေရာကို ကာကွယ်ဖို့ ကတုတ်တွေ ကြိုလုပ်ပါ။
§  မိသားစုဝင်တွေနဲ့ နေရာရွှေ့ပြောင်းဖို့ ကြိုတင်တိုင်ပင်ပြီး အသက်ကယ်အိတ်ကို ပြင်ဆင်ထားပါ။
§  ရေမြောင်းတွေ မပိတ်ဆို့အောင် သန့်ရှင်းထားပါ။

ရေကြီးခြင်းသတိပေးချက် သိရှိချိန်
µ ရေကြီးခြင်းသည် သတိပေးချက်ထုတ်ပြန်သည့်အချိန်မှစ၍ အချိန်မရွေးဖြစ်လာနိုင်သည်။
µ မိသားစု စုံ၊ မစုံ စစ်ပါ။
µ အသက်ကယ်အိတ်ကို စစ်ပါ။
µ မော်တော်ယာဉ်ကို မောင်းနိုင်ရန် ဆီများကြိုဖြည့်ထားပါ။
µ ရေသန့်များ စုဆောင်းထားပါ။
µ အရေးကြီးသော စာရွက်စာတမ်းများကို စနစ်တကျစုသိမ်းပါ။
µ ဓာတုပစ္စည်း၊ ပိုးသတ်ဆေးတွေကို စိတ်ချရတဲ့အမြင့်တစ်နေရာသို့ရွှေ့ပါ။
µ ရေနဲ့မျောပါနိုင်တဲ့၊ ပျက်စီးလွယ်တဲ့ ပစ္စည်းတွေကို လုံလုံခြုံခြုံထားပါ။
µ လျှပ်စစ်ဓာတ်အားလိုင်းများ ဖြတ်တောက်ပါ။
µ ပစ္စည်းတွေကို ရေလွတ်နိုင်မယ့်အမြင့်ကိတင်ထားပါ။
µ ရုတ်တရက်ရေကြီးလာနိုင်တဲ့နေရာတွေ၊ ချောင်းတွေ မြောင်းတွေကို သတိထားပါ။
µ ကြီးကြပ်သူအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်ကိုလိုက်နာပါ။
µ ရေဒိယိုမှသတိပေးချက်တွေကို နားထောင်ပြီး လိုက်နာပါ။

ရေကြီးနေစဉ်နှင့် ပြီးနောက်
² မိမိနေရာနဲ့ အခြေအနေကို အကြောင်းကြားပါ။
² အသက်ကယ်အိတ်ကို ခြောက်သွေ့လုံခြုံစေပြီး လက်ဝယ်ရှိပါစေ။
² ရေကို ကြိုချက်သုံးပါ။
² ရေကြီးသောရေနှင့် ထိထားသော အစာများကို မစားပါနှင့်။
² ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို မသုံးပါနှင့်။
² မလိုအပ်သောအရာများ မလုပ်ပါနှင့်။ အသက်သာလျှင် အရေးကြီးသည်။
² ပျက်ကျနေသော ဓာတ်အားလိုင်းများနှင့် ဝေးဝေးနေပါ။ သက်ဆိုင်ရာသို့ အကြောင်းကြားပါ။
² မြေပြိုနိုင်တဲ့ နေရာနှင့် ဝေးဝေးနေပါ။
² ရေတိမ်တဲ့နေရာတောင်မှ မဆင်းပါနှင့်။
² ရေရဲ့အနက်နှင့် အရှိန်ကို စမ်းမကြည့်ဘဲ ရေထဲ မဆင်းရ။
² အန္တရာယ်ဖြစ်စေနိုင်မယ့် ရေမြောင်းတွေ မြေအောက်ပိုက်လိုင်းများကို သတိထားပါ။
² မည့်သည့်ယာဉ်မျှမမောင်းရ။
² နောက်ထပ်သတင်းများရဖို့၊ လွတ်မြောက်ရာ လမ်းကြောင်းများ သိရှိဖို့ ရေဒီယိုနားထောင်ပါ။
ရေကြီးခြင်းသည် အန္တရာယ်များသည့်အတွက် မိမိနေအိမ်ဟာလုံခြုံစိတ်ချရလျှင် ဘယ်မှမသွားပါနှင့်။ မိမိနေအိမ်ဟာ အန္တရာယ်ရှိလျှင် လုံခြုံစိတ်ချရသည့်နေရာသို့ ရွှေ့ပြောင်းခြင်းက အကောင်းဆုံးပါ။ မိမိရွှေ့ပြောင်းမည်ဆိုလျှင် သက်ဆိုင်ရာသို့ အကြောင်းကြားပါ။

ဆက်စပ်ဖတ်ရန် မုန်တိုင်းအန္တရာယ်

မုန်တိုင်းအန္တရာယ်



  မုန်တိုင်းအန္တရာယ်ကြုံလာသောအခါ အောက်ပါနည်းလမ်းများကိုလိုက်နာလုပ်ဆေဆာင်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော နဆိုးကျိုးများကို လျှော့ကျစေနိုင်ပါတယ်။

 ကြိုတင်ပြင်ဆင်ခြင်း

v မိမိအိမ်/ရုံး တောင့်တင်းခိုင်မာမှု ရှိမရှိနှင့် လုံခြုံစိတ်ချရသောနေရာကို သိရန်။
v တူ၊ သံချောင်း၊ ၀ိုင်ယာ၊ ကြိုးနှင့် ပလပ်စတစ်တာလပတ်များ အလွယ်ထားရန်။
v ရေမြောင်းများရှိ အမှိုက်များရှင်းရန်။
v ပြတင်းပေါက်၊ လျှပ်စစ်နှင့် ဖုန်းလိုင်းများ၊ ထိစပ်နေသောသစ်ပင် သစ်ကိုင်းများ ခုတ်ပစ်ရန်။
v သွပ်ပြားကဲ့သို့ လေတွင် လွင့်ပါနိုင်သော အရာများ ဖယ်ထားရန်။
v အသက်ကယ်အိတ် ကြိုတင်ပြင်ဆင်ရန်။
v ရေဒိယို၊ ရုပ်မြင်သံကြားတို့မှ မိုးလေ၀သ သတိပေးချက်များကို စောစီးစွာသိရှိရန် အမြဲသတိရှိပါစေ။
    
    မုန်တိုင်းသတိပေးချက်များရလျှင်

·         မုန်တိုင်းတည်နေရာ၊ ဦးတည်ချက်နှင့် အမြန်နှုန်းကိုသိရန်။
·        ကျောင်းများပိတ်ထားရန်။
·        မိသားစုအားလုံးစုံစုံညီညီရှိရန်။
·        အိမ်တံခါးများ၊ ပြတင်းပေါက်များ လုံခြုံစွာပိတ်ရန်။
·        မိမိအိမ်နေရာ ကောင်းစွာမခိုင်ခံ့လျှင် နီးစပ်ရာ လုံခြုံသည့်နေရာသို့ရွှေ့ရန် ပြင်ဆင်ထားရန်။
·        မိုးလေ၀သ သတင်းနားထောင်ရန် ရေဒီယိုလိုင်းမိအောင် ပြုလုပ်ထားပါ။
      
 မုန်တိုင်းဖြစ်နေစဉ်အတွင်း

ü အသက်ကယ်အိတ်ကို သန့်ရှင်းခြောက်သွေ့ပြီး အနီးဆုံးမှာရှိပါစေ။
ü စိတ်ငြိမ်ငြိမ်ထားပါ။
ü လျှပ်စစ်ဓာတ်အားလိုင်းများကို ဖြတ်တောက်ပါ။
ü အလုံခန်းထဲမှာ နေပါ။
ü အရေးပေါ်ခေါ်ဆိုမှုအတွက်ပဲ ဖုန်းသုံးပါ။
ü နောက်ပိုင်း သတိပေးချက် အခြေအနေတွေသိဖို့ ရေဒီယို နားထောင်ပါ။
ü ရုတ်တရက် ငြိမ်သက်သွားတဲ့အခြေအနေဟာ မုန်တိုင်းဗဟိုချက်ရောက်လာလို့ မိနစ်အနည်းငယ်အတွင်းမှာပဲ လေဟာ ဆန့်ကျင်ဘက်အရပ်ကနေ ပြန်တိုက်လာနိုင်တဲ့အတွက် သတိထားပါ။
ü မလိုအပ်တဲ့အရာတွေ လုပ်တာ၊ အကာအကွယ်မရှိတဲ့ ကမ်းခြေတွေမှာ နေတာ မလုပ်ရ။
ü မိမိနေအိမ်၊ ရုံးကနေ စွန့်ခွာရတော့မယ် ဆိုရင် အသက်ကယ်အိတ်ကို တပါတည်းယူသွားပါ။

မုန်တိုင်းပြီးနောက်

© လုံးဝမလိုအပ်ဘဲ မည်သည့်ယာဉ်မျှ မမောင်းရ။
© အပျက်အစီးတွေကြည့်ဖို့ အပြင်လုံးဝမထွက်ရ။
© နောက်ထပ်စိတ်ချရတဲ့ ရေထောက်ပံ့မှု မရမချင်း သောက်ရေကို ချွေတာပါ။
© ပြုတ်ကျနေတဲ့ ဓာတ်ကြိုး၊ အဆောက်အဦးပျက်တွေ၊ သစ်ပင်၊ ရေလွှမ်းနေရာ၊ မြစ်ကြောင်း၊ရေကြောင်းလမ်း၊ ကမ်းခြေဒေသတို့တွင် အန္တရာယ်များ သတိထားပါ။
© ကြီးကြပ်သူအာဏာပိုင်တို့၏ ညွှန်ကြားချက်များကို လိုက်နာပါ။

ဆက်စပ်ဖတ်ရန် ရေကြီးခြင်း