Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, February 27, 2014

SD Card Memory Full

ကဲ SD Card  ထဲမှာ ဘာမှမလုပ်ရပါဘဲ Memory တွေ ပြည့်နေသလား။ Installed apk တွေကို uninstall လုပ်လို့လည်း ဘာမှလျှော့မသွားဘူးပေါ့။ လွယ်ပါတယ်။ ပုံတွေ ဗီဒီယိုတွေ ကြည့်တာ များပြီး thumbnails တွေ တက်လာပြီး Memory တွေကို စားသွားတာပါ။ 'ဒါတွေကို ဖျက်လို့ရပါတယ်။ ပုံတွေ ဗီဒီယိုတွေ ပျက်မသွားပါဘူး။ ဘယ်လိုဖျက်ရမလဲ။  Root  ဖောက်ထားတဲ့ ဖုန်းဆိုရင် Root ထဲကိုဝင်ပြီး ဟိုပြင် ဒီပြင်လုပ်ရတာပေါ့ဗျာ။မလုပ်တတ်ရင် မလုပ်ပါနဲ့။  ES file explorer ထဲမှာပါပါတယ်။ Root ဖောက်ထားစရာလည်း မလိုပါဘူး။ ဘယ်လိုလုပ်ရမလဲဆိုတော့ apk ကို download ဆွဲပြီး  installလုပ်လိုက်ပါ။ ပြီးရင် အောက်ကအတိုင်း ဆက်လုပ်လိုက်ပါ။apkကို ဖွင့်ပြီးတော့ အပေါ်ဘက်ထောင့်လေးက ကမ္ဘာလုံးလေးပုံကို ကလစ်လိုက်ပါ။ အာ့ဆိုရင် အောက်ကပုံလေးအတိုင်းပွင့်လာလိမ့်မယ်။ အနီရောင်ဝိုင်းပြထားတဲ့ Tools ကို နှိပ်လိုက်ပါ။
Tools ကို နှိပ်လိုက်ရင် အောက်ကပုံလေးလို ထပ်ကျလာပါလိမ့်မယ်။
အဲဒီမှာလည်း အနီရောင်ပြထားတဲ့ SD Card Analyst ကိုနှိပ်လိုက်ပါ။ အောက်က ပုံလေးလို Analyst လုပ်နေပါလိမ့်မယ် ခဏစောင့်လိုက်ပါ။

အပေါ်ဆုံးက DCIM ဆိုတာ ပုံတွေ ဗီဒီယိုတွေရှိတဲ့ folder ပါ။ သူက ဆိုဒ်အကြီးဆုံးလည်း ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ thumbnails တွေ အရမ်းများနေလို့ပါ။ Memory အလွတ်မရှိအောင် ပြည့်နေရင် wallpaper တို့ contact photo တို့လို ဟာတွေ တင်လို့မရ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူ့ကို ဖျက်ပစ်ရပါမယ်။ အကုန်လုံးဖျက်လိုက်ရင်တော့ camera photoတွေပါ ပျက်ကုန်မှာ။ ဒါကြောင့် အဲဒီ folder လေးကိုဖွင့်လိုက်ပါ့မယ်။အောက်ကအတိုင်း တွေ့ရပါမယ်။
အဲဒိထဲကမှ thumbnails ဆိုတဲ့ folder လေးကို ခပ်ကြာကြာဖိထားပြီး select လုပ်ပြီး ဖျက်လိုက်ပါ။ ဒါဆိုရင် နေရာတော်တော်များများလွတ်သွားပါလိမ့်မယ်။
အဲဒီ apk လေးကို လိုချင်ရင်တော့ အောက်မှာ download လုပ်ပါ။

ကျန်တဲ့ အသုံးဝင်တာတွေ အများကြီး ရှိပါသေးတယ် ခင်ဗျာ။

ES file explorer

Word Lens Translator 2.1.3 apk





Word Lens  ဆိုတဲ့ APK က တော်တော်လေးကိုလန်းပါတယ်။ ဖိုင်ဆိုဒ်တော့ ကြီးတယ်ဗျ။ လိုချင်ရင်တော့MPT ကို အန်တုလို့ ရအောင်ဆွဲရမှာပေါ့။ ခက်ခက်ခဲခဲဆွဲရတဲ့ ဒီAPK လေးက ဘာကောင်းတာလဲဆိုရင်တော့ သူက dictionary apk ပါပဲ။ အခြား apk တွေထက် ဘာသာလဲ ဆိုတော့ သူက စာရိုက်စရာမလိုဘူး။ ဖုန်းမှာ ပါတဲ့ Camara လေးနဲ့ ကိုယ်သိချင်တဲ့ စာသားလေးတွေကို ရှင်းရှင်းလင်းလင်း ချိန်ပေးလိုက်ရုံပါပဲ။ ကြီုက်သွားပြီ ထင်တယ်နော်။ ကြိုက်ရင်  Play Store မှာ ရှာဒေါင်းဗျာ။ ပိုက်ဆံပေးရလိမ့်မယ်။ Free version ဆိုရင် သူက မစုံဘူးဗျ။ အလကားရနိုင်တဲ့ နေရာညွှန်းလိုက်မယ်နော်။


English- Myanmar တော့ မဟုတ်ဘူးနော်။ စပိန်တို့၊ ပေါ်တူဂီတို့၊ အီတလီတို့၊ ပြင်သစ်တို့ စတဲ့ ဘာသာတွေကို ပြန်ဆိုပေးတာ အကျယ်သိချင်ရင် link1 မှာ ဖတ်လို့ရပါတယ်။

Sunday, February 23, 2014

သူမသည် ကျွန်တော်ချစ်သောသူဖြစ်သည်။

သူမဟာ ကဗျာမဖတ်ဘူး
သူမကိုယ်တိုင်က ကဗျာ တစ်ပုဒ်ဖြစ်တယ်။

သူမဟာ ကြီးပွားရေးစာအုပ်ဆိုတဲ့ဟာတွေဖတ်တယ်။
ကဗျာဟာ နှလုံးသား ကြီးမားတဲ့သူတွေသာ ခံစားတတ်ကြောင်း
တစ်ယောက်ယောက် သူမကို ပြောပေးပါ။

သူမဟာ ဘင်္ဂလားပင်လယ်အော်လေးဖြစ်တယ်
လှပတယ်
သာယာတယ်
ကြည်လင်တယ်
နေပူတယ်
တိမ်ထူတယ်
ရေကြီးတယ်
မုန်တိုင်းထန်တယ်
အပြောင်းအလဲမြန်တယ်။

သူမဟာ အမေးအမြန်းထူတယ်
ဒါဆိုရင် နင်ကရောတဲ့
ကျွန်တော်လား
ကျွန်တော်ဟာ ဘင်္ဂလားဒုက္ခသည်လေးပါ
မုန်တိုင်းဘယ်လောက်ထန်ထန်
ရေဘယ်လောက်ကြီးကြီး
အသက်နဲ့ ခန္ဓာ မပျက်စီးသရွေ့ပေါ့။

သူမဟာ ရှောင်လင်မလေးဖြစ်တယ်
သူ့ဖဲ သူချိုး
သူချိုး သူဝေ
ဒီလူဆိုးမှာတော့ ဘူပိတ်ကရော။

သူမဟာ ပန်းချီကားတစ်ချပ်ဖြစ်တယ်
မျဉ်းကွေး မျဉ်းဖြောင့်အစုံအလင်နဲ့
သူ့ကိုယ်သူ တည်ဆောက်ထားတယ်။
အရောင်အသွေးမပါတာက လွဲလို့။

ကဗျာတစ်ပုဒ်ရဲ့ ပန်းချီကား
ပန်းချီကားတစ်ချပ်ပေါ်က ကဗျာတစ်ပုဒ်
ပါဝင်ပတ်သက်ဖို့အတွက် ကျွန်တော်ဟာ မင်ရည်ကျဲလွန်းခဲ့တယ်။

14th batch မှ ပထမဆုရ thesis



အခြေခံ ကျန်းမာရေးတက္ကသိုလ် 14th batch မှ ပထမဆုရ thesis ဖိုင်လေးကို pdf လေးတွေ့လို့ တင်ပေးလိုက်ပါတယ်။
မြန်မာစာတွေတော့ မပေါ်ဘူး။ online converter နဲ့ ပြောင်းလိုက်လို့ မြန်မာစာတွေ ပျောက်သွားတယ်ထင်ပါ့။
မရှိတော့ လည်းရှိတာလေးပဲ လေ့လာရတာပေါ့ဗျာ။
မရှိတာနဲ့ စာရင်တော်သေးတာပေါ့ လို့တွေးပြီး လိုချင်ရင်တော့ download ဆွဲကြပေတော့။
Mr. UCH မှာ တင်ထားတဲ့ download link က အဆင်မပြေသံတွေကြားရလို့ ကျွန်တော်လည်းရအောင် down ပြီး လွယ်တဲ့နေရာလေးမှာ ပြန်တင်ပေးထားတယ်။ one click ပါပဲ။

DOWNLOAD HERE
14th batch first prize thesis

မောင်းနှင်နေတဲ့ ပညတ်တွေ

ပညတ်ချက်တွေလို့ ကျွန်တော်တို့ ပြောနေတဲ့ အရာတွေကပဲ
ကျွန်တော်တို့ကို ပညတ်သွား
ဒီလိုနဲ့
ကျွန်တော်တို့နောက်မှာ
ဓာတ်သက်ကြီးက ကပ်ရက်ပါလို့။

ပြေးစမ်း ပြေးစမ်း
လွတ်အောင် ပြေးစမ်း
ခွာတွေ နာကျင်နေအောင်ပြေးစမ်း
ဝေးဝေးသွားအောင် ပြေးစမ်း
ဒီလိုနဲ့ ဝေးဝေးလာ
လူတွေရဲ့ ပညတ်သဘောတရားကနေ လွတ်အောင်ပြေးရင်း
လူတွေနဲ့ ဝေးဝေးလာ
တစ်ခုနဲ့ နီးလာတိုင်း တစ်ခုနဲ့ ဝေးသွားတာ နိယာမ
ကဲ ဒီလိုဆို ကျွန်တော်တို့ ဘာနဲ့ နီးလာသလဲ
ပူလောင်နေတဲ့ လူတွေရဲ့ အဝေးမှာ ဘယ်လိုအရာတွေရှိသလဲ။

အနာဂတ်ကို သွားတဲ့ လမ်းတစ်လျှောက်မှာ
အတိတ်တွေကို တောင်လို ပုံခဲ့
ပုံထားခဲ့၊ ပုံကျန်ခဲ့
လက်ထဲက ပစ္စုပ္ပန်ကို ဘယ်အချိန်မှာ လွှတ်ချလို့ ရမလဲ။

ပစ္စုပ္ပန်ဟာ ဓာတ်သက်ကြီးဖြစ်တယ်
ဒါကိုပဲ ပညတ်အမည် ပေးပလိုက်ကြ
"ဒီနေ့သည် ဖေဖော်ဝါရီ ၁၄ရက်နေ့ ဖြစ်သည်"
တစ်ခုခု လုပ်ဖို့ ပူလောင်ကြ
တစ်ခုခု မလုပ်ရလို့ ပူလောင်ကြ
စားမယ့်သူမရှိလို့ ပူလောင်ကြ
ကျွေးမယ့်လူမရှိလို့ ပူလောင်ကြ
ရှိတဲ့ လူတွေလည်း ပျော်ရွှင်ကြ
မနေ့တစ်နေ့ကို "တစ်"ပေါင်းထည့်လိုက်တဲ့ ဒီနေ့ဟာ
ကျွန်တော်တို့ကို ပုံအမျိုးမျိုးနဲ့ မောင်းနှင်သွားတယ်
ဒီလူတွေပေါ့
ပညတ်သက်သက်ကြီးထဲမှာ အလူးလူးအလိမ့်လိမ့်
အသိသိကြီးနဲ့လေ.......။

ဒါနဲ့ပဲ..........
ကျွန်တော်ဟာ ဝေးသွား
မိုးခါးရေ သောက်တဲ့ လူတွေနဲ့ ဝေး ဝေး သွား
"အစွန်းရောက်"ဆိုတဲ့ ပညတ်
ကျွန်တော့် ရင်ဘတ်မှာ တံဆိပ်လိုကပ်လို့ပေါ့..................။                 ။



                                                                               လွမ်းနောင်