မနေ့ကအတိုင်းပါပဲ ငှက်ငယ်
ဒီနေ့ဟာ ခေါက်ရိုးကျိုးလို့
ရွှေဂဲတို့အိမ်ရှေ့မှာ
ဒေါ်ဘုမတို့ ရန်ဖြစ်ကြသေးတယ်။
အဲသည်နေ့က
ဒေါ်တင်မာပြုံး ထမင်းချက်တာ မကောင်းဘူး
ထုံးစံအတိုင်းပဲ စားလိုက်ကြတယ်။
ငှက်ငယ်ရော ပီကေ ၀ါးသေးသလား
နင်အနှောင့်အယှက်ဖြစ်မှာစိုးလို့ ထွေးမထုတ်တာ ဆိုတဲ့
ပီကေနံ့သင်းတဲ့ နင့်ရဲ့အသံလေး
ကမ်းနားလမ်းမှာ ကျပျောက်သွားတယ်
နင်ပြန်တွေ့ရင် ထပ်အသုံးပြုပါ ငှက်ငယ်
တစ်သက်လုံးဆိုတဲ့ စကားတစ်ခွန်း
အဆောင်ရှေ့က မယ်ဇလီပင်ကြီး သိရဲ့။
ဘကြီးအောင်များ ၀င်စားလေရော့လား။
မကျေနပ်ဘူး ငှက်ငယ်
ငါ့ကိုလှည့်စားတဲ့ နင်နဲ့
ထမင်းချက်မကောင်းတဲ့ ဒေါ်တင်မာပြုံးကို
ငါမုန်းတယ်
ငါ့ကို ဆာလောင်မှုတွေနဲ့ ခ၀ါချနေတယ်။
ဟိုးမှာ တွေ့လား ငှက်ငယ်
နွေရာသီဟာ လာခြင်းမကောင်းဘူး
နင့်ရဲ့ပန်းမျက်စောင်းမှာ
ဗျတ်စောင်းတို့ ထောင်းထောင်းကြေသွား။
ပေးချက်နဲ့မေးချက်မကိုက်တဲ့ ပုစ္ဆာတစ်ပုဒ်ကို
အဖြေထုတ်ဖို့ ကြိုးစားရင်း
အလဲလဲအကွဲကွဲ လောကဓံမှာ
ရေစုန်ရေဆန်ဆိုတာ ဘာထူးဆန်းလို့လဲ။
နွေမိုးဆောင်း
ဘယ်တော့မှမပြောင်းတဲ့ အလွမ်းမုတ်သုန်
ဒီလူအပေါ်မှာ အုပ်ဆိုင်း
ရင်ခွင်တစ်ခြမ်းလုံး တိုက်စားသွားစမ်း
ဘာကိုမှမလွမ်းချင်တော့ဘူး။
မကွေးမှာ မိုးတွေရွာတော့
အတွေးက ငှက်ငယ်ကိုလွမ်းတယ်
အား....ချမ်းလိုက်တာ။
အဲဒိညက မျက်ရည်တွေ
ကန့်လန့်စီးတဲ့ ည ။
ဒုက္ခဝေ မြစ်တစ်စင်းပေါ်
ဘ၀က ခြေချော်ကျခဲ့ပေါ့။
အားလုံးကိုမေ့ဖို့ဆိုရင်
ငှက်ငယ်ရဲ့အနမ်းတွေကိုသာ မော့သောက်လိုက်ချင်တယ်။
ဒိထက်တော့
မှောက်ရက်မလဲတော့ဘူး။
နင်ဟာ
မျှော့တစ်ကောင်ပါ ငှက်ငယ်
နင့်စုပ်ချက်တွေနဲ့
ငါတော့ အားပြတ်တော့မယ်။
ရင်ခွင်မှ ခြေရာပါ
ဟောဒိကောင် ရင်ခွင်
ပြဲပြဲစင်အောင် လျှောက်စမ်း
မကြောက်စတမ်းပေါ့၊
ငါဆိုတဲ့ကောင်က
နင့်ရဲ့ ဥပေက္ခာလောက်
ဘယ်အရာကိုမှ ဒူးမထောက်ခဲ့ပါဘူး။
အချစ်ဆိုတာ
နင်ဝါးနေကျ ပီကေလိုလား
အခုချိန်မှာ
ဘယ်ဆိုဘာမှ အသုံးမကျတော့ဘူးကွယ်။
ဖိန့်ဖိန့်တုန်အောင် ချစ်ရတဲ့ကောင်မလေးရေ
ရေကုန်ရေခမ်း လွမ်းတယ်ကွယ်........။
လွမ်းနောင်
ဒီနေ့ဟာ ခေါက်ရိုးကျိုးလို့
ရွှေဂဲတို့အိမ်ရှေ့မှာ
ဒေါ်ဘုမတို့ ရန်ဖြစ်ကြသေးတယ်။
အဲသည်နေ့က
ဒေါ်တင်မာပြုံး ထမင်းချက်တာ မကောင်းဘူး
ထုံးစံအတိုင်းပဲ စားလိုက်ကြတယ်။
ငှက်ငယ်ရော ပီကေ ၀ါးသေးသလား
နင်အနှောင့်အယှက်ဖြစ်မှာစိုးလို့ ထွေးမထုတ်တာ ဆိုတဲ့
ပီကေနံ့သင်းတဲ့ နင့်ရဲ့အသံလေး
ကမ်းနားလမ်းမှာ ကျပျောက်သွားတယ်
နင်ပြန်တွေ့ရင် ထပ်အသုံးပြုပါ ငှက်ငယ်
တစ်သက်လုံးဆိုတဲ့ စကားတစ်ခွန်း
အဆောင်ရှေ့က မယ်ဇလီပင်ကြီး သိရဲ့။
ဘကြီးအောင်များ ၀င်စားလေရော့လား။
မကျေနပ်ဘူး ငှက်ငယ်
ငါ့ကိုလှည့်စားတဲ့ နင်နဲ့
ထမင်းချက်မကောင်းတဲ့ ဒေါ်တင်မာပြုံးကို
ငါမုန်းတယ်
ငါ့ကို ဆာလောင်မှုတွေနဲ့ ခ၀ါချနေတယ်။
ဟိုးမှာ တွေ့လား ငှက်ငယ်
နွေရာသီဟာ လာခြင်းမကောင်းဘူး
နင့်ရဲ့ပန်းမျက်စောင်းမှာ
ဗျတ်စောင်းတို့ ထောင်းထောင်းကြေသွား။
ပေးချက်နဲ့မေးချက်မကိုက်တဲ့ ပုစ္ဆာတစ်ပုဒ်ကို
အဖြေထုတ်ဖို့ ကြိုးစားရင်း
အလဲလဲအကွဲကွဲ လောကဓံမှာ
ရေစုန်ရေဆန်ဆိုတာ ဘာထူးဆန်းလို့လဲ။
နွေမိုးဆောင်း
ဘယ်တော့မှမပြောင်းတဲ့ အလွမ်းမုတ်သုန်
ဒီလူအပေါ်မှာ အုပ်ဆိုင်း
ရင်ခွင်တစ်ခြမ်းလုံး တိုက်စားသွားစမ်း
ဘာကိုမှမလွမ်းချင်တော့ဘူး။
မကွေးမှာ မိုးတွေရွာတော့
အတွေးက ငှက်ငယ်ကိုလွမ်းတယ်
အား....ချမ်းလိုက်တာ။
အဲဒိညက မျက်ရည်တွေ
ကန့်လန့်စီးတဲ့ ည ။
ဒုက္ခဝေ မြစ်တစ်စင်းပေါ်
ဘ၀က ခြေချော်ကျခဲ့ပေါ့။
အားလုံးကိုမေ့ဖို့ဆိုရင်
ငှက်ငယ်ရဲ့အနမ်းတွေကိုသာ မော့သောက်လိုက်ချင်တယ်။
ဒိထက်တော့
မှောက်ရက်မလဲတော့ဘူး။
နင်ဟာ
မျှော့တစ်ကောင်ပါ ငှက်ငယ်
နင့်စုပ်ချက်တွေနဲ့
ငါတော့ အားပြတ်တော့မယ်။
ရင်ခွင်မှ ခြေရာပါ
ဟောဒိကောင် ရင်ခွင်
ပြဲပြဲစင်အောင် လျှောက်စမ်း
မကြောက်စတမ်းပေါ့၊
ငါဆိုတဲ့ကောင်က
နင့်ရဲ့ ဥပေက္ခာလောက်
ဘယ်အရာကိုမှ ဒူးမထောက်ခဲ့ပါဘူး။
အချစ်ဆိုတာ
နင်ဝါးနေကျ ပီကေလိုလား
အခုချိန်မှာ
ဘယ်ဆိုဘာမှ အသုံးမကျတော့ဘူးကွယ်။
ဖိန့်ဖိန့်တုန်အောင် ချစ်ရတဲ့ကောင်မလေးရေ
ရေကုန်ရေခမ်း လွမ်းတယ်ကွယ်........။
လွမ်းနောင်