Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, August 6, 2014

သူငယ်ချင်းသို့ ပေးစာ

သူငယ်ချင်းသို့ ပေးစာ
                              
ံ



သူငယ်ချင်းရေ
                     
                           အမြဲတမ်းအတူမနေနိုင်တဲ့အခါ ခွဲခွာရတယ်။ အချိန်တန်လို့ ခွဲခွာကြရတဲ့အခါ မင်းဟာ ထွက်ခွာသူတစ်ယောက် ဖြစ်နိုင်သလို ကျန်ရစ်သူတစ်ယောက်လည်း ဖြစ်နိုင်တယ်။ လမ်းကြောင်းတစ်ခုပေါ်က ဆင်းလိုက်တဲ့အခါ နောက်လမ်းကြောင်းတစ်ခုပေါ်ကို ရောက်ရှိသွားတာပါပဲ။ တစ်ချို့က ကိုယ်တိုင် ရွေးချယ်ခွင့်ရပေမယ့် တစ်ချို့ကတော့ ရေလိုက်ငါးလိုက်။ လမ်းကြောင်းတစ်ခုပေါ်ကို မင်းဘယ်လိုပဲ ရောက်ခဲ့ပါစေ။ ရောက်လာရင်တော့ မင်းရှေ့ဆက်လျှောက်ရတော့မယ်။ အဖော်တွေလည်း ပါချင်ပါမယ်ပေါ့လေ။
                          တကယ်တော့ ကိုယ့်ကိုကိုယ် အားကိုးတာက အကောင်းဆုံးပါပဲ သူငယ်ချင်းရေ။ ငါပြောချင်တာက ဘ၀ဆိုတာက ရှာဖွေခြင်းပါပဲ။ ဘ၀အာမခံချက်ကို ရှာဖွေကြတယ်။ ဘ၀အာမခံချက်ဆိုတာက ဘာလဲ။ ငွေကြေးလား၊ အိမ်ခြံမြေလား၊ ရတနာရွှေငွေလား၊ လက်တွဲဖော်လား၊အာဏာလား၊ ယုံကြည်ကိုးကွယ်မှုလား။ လူအမျိုးမျိုးဟာ စိတ်အထွေထွေနဲ့ ဘ၀အာမခံချက် အဖုံဖုံကို လမ်းအသွယ်သွယ်ကနေ ရှာဖွေနေကြတယ်။
                         တစ်ချို့သောလူတွေဟာ နောင်ဘ၀အတွက် အာမခံချက်ကိုပါ ရှာဖွေလေ့ရှိတယ်။ ဘာသာတရားမျိုးစုံဟာ လမ်းမျိုးစုံကို ခင်းပေးထားတယ်။ ဒါပေမယ့် လူအများစုကတော့ လမ်းပေါ်မှာပဲ ထိုင်ပြီးတော့ ဆုတောင်းခြင်းအမှုကို ပြုတတ်ကြတယ်။ မင်းကတော့ ရှေ့ကို ဆက်လျှောက်ပါ။ လမ်းဆိုတာ လျှောက်ဖို့မဟုတ်လား။
                         ဘုရားရှင်ဟာ ငါတို့လျှောက်သင့်တဲ့ လမ်းကြောင်းကို ညွှန်ပြခဲ့ပြီးပါပြီ။ မရှိတော့တဲ့ အရာတွေနဲ့ မမြင်နိုင်တဲ့အရာတွေကို ထိုင်ပြီး ဆုတောင်းနေရင်တော့ မင်း ဘယ်ကိုမှရောက်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ လူတွေဟာ အခက်အခဲတွေ့တဲ့အခါ ဘုရားကို အားကိုးတယ်။ ဘေးဒုက္ခကြုံတဲ့ အခါ ဘုရားကိုအကာအကွယ်ယူကြတယ်။ ဒါကိုပဲ ကိုးကွယ်တာလို့ ခေါ်တယ်ထင်ရတယ်။ မိမိကိုယ်သာ ကိုးကွယ်ရာလို့ ဘုရားဟောရှိပါတယ်။ ကိုယ့်အခက်အခဲကို ကိုယ်သာပဲ ဖြေရှင်းနိုင်တယ်။ ကိုယ့်အန္တရာယ်ကိုလည်း ကိုယ်သာပဲ ကာကွယ်နိုင်မယ်။ အဲလိုပါပဲ ကိုယ်ရဲ့အောင်မြင်မှုကိုလည်း ကိုယ်သာပဲ ခံစားရတာပါ။
                         မင်းဟာ လောကုတ္တရာကို ကြည့်လွန်းနေရင် လောကီမှာ နေစရာ ပျောက်သွားပါလိမ့်မယ်။ ဆုံးဖြတ်ချက်တစ်ချို့တစ်လေဟာ လောကုတ္တရာကြောင့် အနှောင့်အယှက်ဖြစ်လိမ့်မယ်။ ရဲရဲသာ ဆုံးဖြတ်ပြီးရှေ့ဆက်ပါ။ လောကီမှာ အကောင်းဆုံး နေထိုင်နိုင်ရင် လောကုတ္တရာက ဆိုးစရာအကြောင်းမရှိပါဘူး။ငါဟာ ဘာသာရေးအကြောင်း ပြောပြနေတာ မဟုတ်လို့ ဘာသာရေးအကြောင်းကို သိပ်မတွေးပါနဲ့။ လောကီမှာ ပုထုဇဉ်တစ်ယောက်အနေနဲ့ အကောင်းဆုံးနေထိုင်ပါ။ အမျိုး ဘာသာ သာသနာအတွက်အကောင်းဆုံး ဆောင်ရွက်ပါ။ ဘုရားရှင်က မင်းကို ကြည့်ရှုစောင်မ ပါလိမ့်မယ်။ scholarship ဆိုတာ စာတော်တဲ့ ကျောင်းသားတွေသာရတာပါ။
                        အတ္တကို ပရနဲ့ ယှဉ်တွဲပါ။ အတ္တတွေများနေတဲ့အခါ မင်းကို လူတွေက ကျဉ်ကြမယ်။ဒါပေမယ့် လူဘ၀မှာ အတ္တနဲ့ လောဘသာမရှိတော့ဘူးဆိုရင် ပျော်ရွှင်စရာတော့ ကောင်းမှာ မဟုတ်ဘူး။ဒါကြောင့် အတ္တကို ပရနဲ့ ယှဉ်ပါ။ တစ်ချို့ကတော့ ပြောကြတယ်။ သေရင် ကိုယ့်နောက်မပါဘူး။ ငါကတော့ ဒါဟာ ရှာဖွေဖို့ မစွမ်းသာတဲ့လူတွေနဲ့ ရှာဖွေဖို့ ပျင်းရိသူတွေရဲ့ အကြောင်းပြလို့ကောင်းတဲ့ စကားတစ်ခွန်းလို့ မြင်တယ်။ မင်းဆိုရင်ရော ဘယ်လိုမြင်မလဲ။ ငါသိချင်စမ်းရဲ့။တကယ်တော့ သူတို့ဟာ သေရင်ကိုယ့်နောက်ပါမယ့် အရာတွေကိုလည်း မလုပ်ကြပါဘူးလေ။မင်းကတော့ သေရင်ကိုယ့်နောက်မပါတဲ့ အရာတွေကိုအသုံးချပြီးတော့ သေရာပါအောင်လုပ်ပါ။
                        ဂျွန်ဂျူဝီ ကပြောတာတော့ "ဘ၀ဆိုတာ လောင်းကစားခြင်းတစ်မျိုးပါပဲ" တဲ့။ နောက်ဆုံးတော့ ကံကိုပဲ ပုံချရတဲ့သဘောပေါ့လေ။ ဒီစကားကို ယုံကြည်တယ်ဆိုရင်တော့ "ကံဆိုတာ အလုပ်" ဆိုတာကိုလည်း မင်းလက်ခံသင့်တာပေါ့။ ဘယ်လို လောင်းကစားမျိုးပဲ ဖြစ်ဖြစ် သေချာပေါက် နိုင်ချေရှိမှ ၀င်ကစားရင် ကံကို ပုံချရတဲ့ အဖြစ်က လွတ်ပါတယ်။ အသင်းစွဲနဲ့ ဘောလုံးပွဲလောင်းရင်တော့ မင်းရူးမိုက်တာပါပဲ။
                        တစ်ခါတလေတော့ အနိုင်အရှုံးဆိုတာက သက်ဆိုင်သူပေါ်မှာပဲ မူတည်တတ်တယ်။ ဟောဒိအပေးအယူများတဲ့ ခေတ်ကြီးမှာ မင်းလိုချင်တာအတွက် ဘာပဲပေးလိုက်ရပါစေ(မင်းလိုချင်တာ ရမယ် ဆိုရင်) မင်းကျေနပ်သင့်တယ်။ ဒါဟာ မင်းရဲ့ အနိုင်ပါပဲလေ။ အခြားလူတွေကတော့ ရှုံးတယ် ပြောချင်ပြောမှာပေါ့။ သာယာမှုကို ကိုယ်တိုင်သတ်မှတ်တာပဲ ကောင်းပါတယ်။ သူများတွေ သတ်မှတ်ထားတဲ့ သာယာမှုနဲ့ နေထိုင်နေရမယ် ဆိုရင် မင်းဟာ သာယာမှုအစစ်ကို မရရှိနိုင်ပါဘူး။
                        အခုဆိုရင် မင်းဟာ ကျောင်းပြီးတော့မယ်။ အနောက်နိုင်ငံက စစ်တမ်းတစ်ခုက ဖော်ပြထားတာကတော့ ကျောင်းသားဟာ ကျောင်းနဲ့ ကင်းကွာမှ ပိုတော်နိုင်တယ်။ ဆိုလိုချက်ကို တလွဲကောက်ပြီး ကျောင်းလစ်ရင်တော့ ခက်ပြီ။ သူတို့ဆိုလိုတာက ကျောင်းဟာ သင်ရိုးညွှန်းတမ်းအတိုင်း သင်ရတဲ့အတွက် ကျောင်းသားဟာ ဖောက်ထွက်လေ့လာလို့ မရဘူး။ စာမေးပွဲ အဖြေဟာလည်း ပြင်ပက အချက်အလက်တွေကိုယူပြီး ဖြေဆိုလို့မ၇ဘူး။ ဒီတော့ ကျောင်းဟာ ကျောင်းသားတွေရဲ့ သင်ယူလိုမှုကို ဘောင်ခတ်ထားတဲ့ သဘောရှိလေတယ်။ ဒါကြောင့် ကျောင်းသားဟာ ကျောင်းနဲ့ ကင်းကွာတဲ့အခါ ပိုမိုလေ့လာနိုင်ပြီး ပိုမိုတွေးခေါ်နိုင်လာတယ်။ ကျောင်းနေစဉ်ကထက် ပိုတော်လာတယ်ပေါ့။
                         တကယ်လည်း ကျောင်းဟာ ဘောင်ခတ်ထားတဲ့ သဘောသဘာဝရှိပါတယ်။ ဒါပေမယ့် သူတို့ဆိုလိုသလိုတော့ မဟုတ်ဘူး။ကျောင်းက ဘောင်ခတ်ထားတယ် ဆိုတာ တိရိစ္ဆာန်လှောင်အိမ်လို ဘောင်ခတ်ထားတာ မဟုတ်ပါဘူး။ လမ်းဘေးက ပလက်ဖောင်းလို လမ်းမပျောက်အောင် လမ်းဘေးကို ချော်မကျအောင် ဘောင်ခတ်ထားတာပါ။Operating System ပေါ့ကွာ။ သူတို့ ပြောသလို ဖောက်ထွက်လို့တော့ မရဘူးပေါ့လေ။ တစ်နေ့တော့ ဘောင်ခတ်ထားတဲ့ လမ်းလေးဆုံးသွားရင် ဘ၀ကွင်းပြင်ကျယ်ကြီးထဲ မင်းရောက်သွားမှာပါ။ အဲခါမှ လမ်းမပျောက်ပါစေနဲ့။
                        ရောက်တဲ့နေရာမှာ အကောင်းဆုံးနေထိုင်ပါ။ တပည့်ဖြစ်ရတဲ့အခါ အကောင်းဆုံးတပည့်၊ ဆရာဖြစ်ရတဲ့အခါ အကောင်းဆုံးဆရာ၊ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ဖန်းတီးပါ။ ဘ၀ဆိုတာ ကိုယ်တိုင်ထုဆစ်ရတဲ့ ပန်းပုရုပ်တစ်ခုပါပဲ။ အလှပဆုံး ထွင်းထုနိုင်ပါစေလေ။
                                                                                                                                                                လွမ်းနောင်