Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, November 18, 2013

CF ပြောသောပုံပြင် 2

တစ်ခါတုန်းက အကောင်ရေအားဖြင့် ၁၀၀၀ရှိတဲ့ ဆိတ်အုပ်တစ်အုပ်ရှိသတဲ့။ တစ်နေ့တော့ တန်ခိုးရှင်က ဆိတ်တွေကို ၅၀၀စီ နှစ်ခြမ်းခွဲပြီးတော့ ရွေးချယ်မှုတစ်ခုကို လုပ်ခိုင်းတယ်။ မောင်မင်းတို့ ဒီမှာ ၀ံပုလွေတစ်ကောင်နဲ့ ခြင်္သေ့နှစ်ကောင်ရှိတယ်။ မောင်မင်းတို့ နှစ်သက်ရာရွေးချယ်နိုင်တယ်။ ၀ံပုလွေကို ရွေးမလား။ ခြင်္သေ့နှစ်ကောင်ကိုရွေးမလား။ ၀ံပုလွေကိုရွေးတဲ့အဖွဲ့ကဆိတ်တွေကို ၀ံပုလွေ စိတ်ကြိုက် စားခွင့်ရှိစေ။ ခြင်္သေ့ကိုရွေးတဲ့ အဖွဲ့ကဆိတ်တွေကိုတော့ အဲဒီဆိတ်တွေကရွေးတဲ့ ခြင်္သေ့တစ်ကောင်ကပဲစိတ်ကြိုက်စားခွင့်ရှိစေ။ ဆိတ်တွေ တော်တော်အကျပ်ရိုက်ကုန်တယ်။ မရွေးလို့ကလည်း မရဘူး။ တန်ခိုးရှင်ကခိုင်းတာကိုးဗျ။ ( ခင်များဆိုရင်ရော ဘာကိုရွေးမလဲ။ ကျွန်တော်ကတော့ ရွေးချယ်မှုမှားဖူးတယ် ) အဲဒါနဲ့ ပထမအဖွဲ့က ၀ံပုလွေကိုရွေးတယ်။ သူတို့အတွေးက ၀ံပုလွေက အကောင်သေးတော့ တစ်နေ့တစ်ကောင်ထက်ပိုမစားနိုင်ဘူး။ အေးဆေးပဲပေါ့။ အဲ့ဒါနဲ့ပဲ သူတို့ဟာ ၀ံပုလွေကိုရွေးတယ်။ နောက်တစ်ဖွဲ့ကတော့ ခြင်္သေ့နှစ်ကောင်ကိုရွေးတယ်။ ဒါပဲကျန်လို့ဒါပဲရွေးတာမျိုးမဟုတ်ဘဲ သူတို့ကိုယ်တိုင် ကျေကျေနပ်နပ်ရွေးတာပါ။ သူတို့အဖွဲ့နှစ်ဖွဲ့မှာဘယ်အဖွဲ့က ပိုအဆင်ပြေမယ်လို့ခင်များတို့ထင်လဲ။
ခြင်္သေ့နှစ်ကောင်ကိုရွေးတဲ့အဖွဲ့က သူတို့ကိုစားမယ့်အကောင်ကို ရွေးချယ်ခွင့်ရှိတော့ ပထမဦးဆုံး တစ်ကောင်တည်းကို ဆက်တိုက်ရွေးလိုက်တယ်။ အရွေးခံရတဲ့ ခြင်္သေ့က စိတ်ကြိုက်စားတာပေါ့။ ဒီလိုနဲ့ အရွေးခံရတဲ့အကောင် ၀ဖြိုးနေသလောက် အရွေးမခံရတဲ့ အကောင်ကတော့ ပိန်ခြုံးချိနဲ့နေတယ်။ သေလုမျောပါးဖြစ်နေတဲ့အကောင်ကိုလည်း ဆိတ်တွေက အသေမခံနိုင်ဘူး။ သူကိုလည်းအလှည့်ပေးရသေးတယ်။ ဒုတိယအကောင်က သူ့အလှည့်ရောက်တော့ သူစိတ်ကြိုက်စားခွင့်ရသွားပြီ။ ဒါပေမယ့် မစားပါဘူး။ သူ့ကို ဆက်ရွေးအောင်လို့ဆိုပြီး သေနေတဲ့ ဆိတ်တွေကိုပဲစားတယ်။ သေတဲ့အကောင်မရှိတော့ နေမကောင်းတဲ့အကောင်ကိုစားတယ်။ ကုန်သွားရင် အိုတဲ့အကောင်တွေကိုစားတယ်။ ပြီးတော့ အများကြီးလည်း မစားဘူး။ တစ်နေ့တစ်ကောင်ပဲစားတယ်။ ဆိတ်တွေကလည်း သူ့ကိုပဲ ဆက်ရွေးတာပေါ့။ ဒီလိုနဲ့ ဒုတိယကောင်က ၀ဖြိုးလာပြီး ပထမအကောင်က သေမလိုဖြစ်လာပြန်တယ်။ ပညာရှိတဲ့ဆိတ်တွေက အသေမခံနိုင်ဘူး။ ပထမအကောင်ကို အလှည့်ပြန်ပေးရတယ်။။ ဒီတစ်ခါတော့ ပထမအကောင်ကလည်း ပါးသွားပြီ။ စိတ်ကြိုက်မစားတော့ဘဲ ဒုတိယအကောင်လို သိပ်ပြီး အသုံးမ၀င်တော့တဲ့ ဆိတ်တွေကိုပဲ စားတော့တယ်။ ဆိတ်တွေ မျိုးပွားနိုင်အောင်တောင် ကူညီလိုက်သေး။ အဲ့ တစ်နေ့တစ်ကောင်ပဲ စားနိုင်မယ်ဆိုပြီး ၀ံပုလွေကိုရွေးခဲ့တဲ့ အဖွဲ့ကတော့ သိပ်မစားသာဘူး။ အရင်ကတော့ သူတို့ထင်သလိုပဲ ၀ံပုလွေက တစ်နေ့တစ်ကောင်ပဲစားနိုင်တယ်။ ဒါပေမယ့် သူက ခြင်္သေ့မဟုတ်ပေမယ့်တစ်ကောင်တည်းဆိုတော့ ၀ံပုလွေကျင့် ၀ံပုလွေကြံတွေ ကျင့်ကြံလာတယ်။ တစ်နေ့တစ်ကောင်မကတော့ဘူး။ သူစိတ်ကြိုက်စားခွင့်ရှိတာဆိုတော့ သူထင်သလိုလုပ်နေတယ်။ စားရင်လည်း တစ်ကောင်လုံးမစားတော့ဘဲ အသည်းတို့ နှလုံးတို့ကိုပဲ ရွေးစားတော့တယ်။ ဒီတော့ တစ်နေ့ကိုဆိတ်၁၀ကောင်လောက် အစားခံနေရတာပေါ့။ ဆိတ်တွေရဲ့အကျိုးကိုလည်း မကြည့်တော့ဘူး။ သူ့ကောင်းစားဖို့ပဲ တွေးတော့တယ်။ လုပ်တော့တယ်ပေါ့။ သူတို့အရွေးမှားခဲ့တယ်ဆိုတာ ဆိတ်တွေသိတဲ့အချိန်က အရမ်းနောက်ကျနေပြီ။ ဒါကြောင့် ရွေးချယ်မှုမှန်ကန်ဖို့ဆိုတာ အရမ်း အရေးကြီးတယ်ဗျာ။ ရွေးချယ်မှု မှန်ကန်ကြပါစေ။

UCH ၀င်ခွင့်ရ ကျောင်းသားစာရင်း








UCH ကိုစိတ်ဝင်စားလို့ လျှောက်ထားသူများအတွက်
ဝင်ခွင့်ရစာရင်းလေး တင်ပေးလိုက်ပါတယ်။ အရင်ကတော့ မတငိဖူးပါဘူး။ ဒီပုံတွေကိုတော့ ကိုအောင်ဇင်ထွန်းဆီက ယူလာတာပါ။ နောက်လည်း ကိစ္စဝိစ္စလေးတွေရှိရင် တင်ပါဦးမယ်။ သဘောကျရင် မန်ဘာလေးတော့ ၀င်ပေးပါဦးနော် :-P
Published with Blogger-droid v2.0.10

Saturday, November 16, 2013

MPT ပဲသဘောကျတယ်။

¶¶လုပ်ပါဦးဗျ ခင်များ အိမ်ထောင်ရေးအခြေအနေလေး။¶¶
@ဒီလိုပါပဲကွာ၊ ရခါစ ပထမတစ်နှစ် နှစ်နှစ်လောက်တော့ တယ်လီဗေးရှင်းလိုပဲ
တစ်နေကုန် ရုပ်ကောအသံပါ ထိုင်ကြည့်ချင်နေတာ၊အစီအစဉ်ကောင်းတဲ့နေ့ဆို အပြင်တောင်မသွားချင်ဘူး။နောက် ၃၊ ၄ နှစ်ကျတော့  ရေဒီယိုလိုပဲ အသံလောက်တော့သည်းခံနိုင်တယ် ရုပ်မမြင်ချင်တော့ဘူး။ နောက်၅နှစ်လောက်ကျတော့ MPT ဖုန်းလိုင်းလို ဘယ်တော့မှမမိရင်ကောင်းမှာပဲလို့ တွေးမိတော့တယ်။@

လွမ်းနောင်

CFပြောသောပုံပြင် 1

တစ်ခါသော အခါက မိသားစုတစ်စုရှိတယ်။ ဖေကြီးရယ် မေကြီးရယ် သားသမီးတစ်ဦးရယ်ဆိုပြီး မိသားစုသုံးယောက်ပေါ့။ အဲဒီအိမ်မှာပဲ ကြွက်တစ်ကောင်ရယ်၊ ကြက်ဖကြီးတစ်ကောင်၊ ၀က်တစ်ကောင်နဲ့ နွားတစ်ကောင်ရယ် ရှိသတဲ့။ တစ်နေ့တော့ အဲဒီကြွက်ဟာ အိမ်မှာ သောင်းကျန်းပါလေရော။ အိမ်ရှင်မဟာလည်း သူ့အိမ်မှာ သောင်းကျန်းနေတဲ့ ကြွက်ကို နှိမ်နင်းဖို့ကြံရတာပေါ့။ ဒီလိုနဲ့ အိမ်ရှင်မဟာ သူ့အိမ်ရဲ့ နေရာတော်တော်များများမှာ ကြွက်ထောင်ခြောက်တွေကို ထောင်တာပေါ့။ ကိုရွှေကြွက်ကလည်း သူ့အန္တရာယ်ကို သူသိတယ်။ ဒီအန္တရာယ်ကို ဖြေရှင်းဖို့ ကြက်ဖဆီကို သွားပြီး တိုင်ပင်တယ်။ ကိုကြက်ကြီးရေ ကျုပ်တော့ ဒုက္ခရောက်ပါပြီဗျာ။
ဘာဖြစ်တာတုန်းဟ
ဒီအိမ်က အိမ်ရှင်မကြီးက ကြွက်ထောင်ခြောက်တွေ ထောင်ထားလို့ ကျုပ်သွားရေး လာရေး ခက်နေပြီဗျ။ အဲဒါ ကျုပ်ကို ကူညီပါဦးဗျာ။
ရှုပ်ရှုပ်ရှက်ရှက် မောင်ငကြွက်ရယ် ကြွက်ထောင်ခြောက်က ငါနဲ့ ဘာဆိုင်တုန်း သွားပါကွာ။
ကြွက်လည်း ကြက်ဆီက အကူအညီမရနိုင်ဘူးဆိုတာ သိရတော့ ၀က်ဆီကို ထွက်လာခဲ့တယ်။ ၀က်ကလည်း
မောင်ကြွက်ရေ ကြွက်ထောင်ခြောက်ဆိုတာ ငါတို့ဝပ်တွေနဲ့ ဘာမှမဆိုင်ဘူး ဆိုပြီး ငြင်းလိုက်ပြန်တယ်။ ဒါနဲ့ နောက်ဆုံး နွားဆိကိုပဲ ထွက်လာခဲ့တယ်။ ဒါပေမယ့် သူတော်တော် စိတ်ဓာတ်ကျနေပြီ။ နွားဆီကလည်း အကူအညီရလိမ့်မယ်လို့ သူမထင်တော့ဘူး။ သူထင်တဲ့အတိုင်းပါပဲ နွားကလည်း သူနဲ့မဆိုင်ဘူးဆိုပြီး ငြင်းလိုက်ပြန်တယ်။ ဘယ်သူ့ဆီကမှ အကူအညီမရတဲ့ ကြွက်ဟာ သတိကြိးစွာထားပြီး နေထိုင်နေရတယ်။                             တစ်ညမှာတော့ အိမ်ရှင်မဟာ ကြွက်ထောင်ခြောက်မောင်းပြုတ်သွားတဲ့အသံကိုကြားရတယ်။ ဒါနဲ့ အမှောင်ထဲမှာ ကြွက်ထောင်ခြောက်ကိုသွားစမ်းတဲ့အခါ ကြွက်မိတာမဟုတ်ဘဲ မြွေတစ်ကောင်ကိုမိနေတာဖြစ်တဲ့အတွက် မြွေကိုက်ခံလိုက်ရတယ်။ ဒီတော့ ဆေးကုဖို့လိုလာတဲ့အတွက် ၀က်ကိုရောင်းလိုက်ရတယ်။ ဒီလိုနဲ့ ၀က်ကသေသွားရော။ လူမမာအိမ်ရှင်မကြီး အားရှိဖို့အတွက် ကြက်ကိုစွပ်ပြုတ်လုပ်လိုက်ပြန်တယ်။ ကြက်လည်းရှောသွားပြန်ရော။ ဒါပေမယ့် အိမ်ရှင်မကြီးဟာ ကံမကောင်းရှာဘူး။ ဆုံးပါးသွားရှာတယ်။ အိမ်ရှင်မကြီးရဲ့ အသုဘမှာ နွားကို သတ်ပြီး ကျွေးလိုက်ပြန်တယ်။  ဒီလိုနဲ့ ကြက်ရယ်၊ ၀က်ရယ် နွားရယ်ဟာ သူတို့နဲ့မဆိုင်ဘူးဆိုပြီး ခေါင်းရှောင်ခဲ့တဲ့ ကြွက်ထောင်ခြောက်တစ်ခုကြောင့် ပျက်စီးခဲ့ရတယ်။ ကြွက်ထောင်ခြောက်ကို ဂရုပြုပြီး သတိထားတဲ့ကြွက်ကတော့ အခုထိအန္တရာယ် ကင်းနေလျက်ရှိပါသတဲ့။့

Thursday, November 7, 2013

သွေးတိုးရောဂါအကြောင်း hypertension

သွေးတိုး ရောဂါဟာ လေဖြတ်ရောဂါ (Stroke) ဖြစ်စေတဲ့ နံပါတ်တစ် အကြောင်းရင်း ဖြစ်ပြီး နှလုံးရောဂါ (နှလုံး သွေးကြော ကျဉ်းခြင်း/ သွေးကြော ပိတ်ခြင်း၊ နှလုံးကြီးခြင်း) ဖြစ်ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ပါတယ်.. ကမ္ဘာတစ်ဝန်း လူသန်းပေါင်း တစ်ထောင်၌ သွေးတိုး ရောဂါ ခံစား နေကြရပြီး နှစ်စဉ် ၇.၁ သန်း သေဆုံး စေပါတယ်.. ကျွမ်းကျင် ဆေးပညာရှင် များက သွေးတိုးရောဂါကို တိတ်တဆိတ် လူသတ်သမား (Silent Killer) လို့တောင် တင်စား ခေါ်ဝေါ် ကြပါတယ်..

သွေးဖိအားကို မီလီမီတာ မာကျူရီ ယူနစ်ဖြင့် တိုင်းတာပြီး နှလုံးကြွက်သား ညှစ်ထုတ်စဉ် သွေးကြော အတွင်း ဖြစ်ပေါ်နေသော ဖိအားကို အပေါ်သွေး (Systolic Blood Pressure) ဟု ခေါ်ပြီး၊ နှလုံးကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်သော ဖိအားကို အောက်သွေး (Diastolic Blood Pressure) ဟုခေါ်ပါတယ်.. သွေးတိုးရောဂါ ရှိမရှိကို နားလည် တတ်ကျွမ်းသော ကျန်းမာရေး ဝန်ထမ်းများဖြင့် အလွယ်တကူ စစ်ဆေးနိုင်ပြီး အစားအသောက် အနေအထိုင် ပြုပြင်၍ ဆေးဝါး စနစ်တကျ သုံးစွဲပါက ရောဂါကို ထိန်းချုပ် နိုင်ပါတယ်.. "The Seventh Report of the Joint National Committee on Prevention, Detection, Evaluation, and Treatment of High Blood Pressure" (JNC7) ၏ ထုတ်ပြန်ချက် အရ သွေးတိုးရောဂါ ကို အောက်ပါအတိုင်း ခွဲခြား သတ်မှတ် ထားပါတယ်..


သွေးဖိအား အခြေအနေ အသက် (၁၈)နှစ် နှင့် အထက် လူကြီး
အပေါ်သွေး (Systolic BP in mmHg) အောက်သွေး (Diastolic BP in mmHg)
ပုံမှန် (Normal) ၁၂၀ အောက် နှင့် ၈၀ အောက်
ပုံမှန်ထက် မြင့်မားပြီး သွေးတိုး မဟုတ်သည့် အခြေအနေ (Prehypertension) ၁၂၀ မှ ၁၃၉ (သို့) ၈၀ မှ ၈၉
အဆင့်(၁) သွေးတိုး (Stage-1, Hypertension) ၁၄၀ မှ ၁၅၉ (သို့) ၉၀ မှ ၉၉
အဆင့်(၂) သွေးတိုး (Stage-2, Hypertension) ၁၆၀ နှင့် အထက် (သို့) ၁၀၀ နှင့် အထက်



သွေးတိုးရောဂါ ရှိသူများ၏ ၉၀-၉၅% ဟာ အကြောင်းရင်း တိတိကျကျ မသိရဘဲ သွေးတိုးကြပြီး (Essential Hypertension) ဟု ခေါ်ပါတယ်.. ကျန် ၅-၁၀% ကသာ ခန္ဓာကိုယ်တွင်း ရောဂါ တစ်မျိုးမျိုးကြောင့် သွေးတိုးရောဂါ (Secondary Hypertension) ခံစားနေရပါတယ်.. ၎င်းရောဂါများမှာ ကျောက်ကပ်ရောဂါများ (Renal Diseases)၊ ကျောက်ကပ် သွေးကြောကျဉ်း ရောဂါ (Renovascular Hypertension)၊ သွေးကြောမကြီး ရောဂါ(Coarctation of Aorta)၊ အဒရီနယ်ဂလင်း ရောဂါများ (Primary Aldosteronism, Cushing Syndrome, Pheochromocytoma...)၊ သိုင်းရွိုက် ဟော်မုန်း အထွက်လွန်ကဲသော ရောဂါ (Hyperthyroidism)၊ ကိုယ်ဝန်ဆောင် ခြင်းကြောင့် သွေးတိုးခြင်း (PIH)၊ သွေးတိုး စေသောဆေး (Cocaine, Cyclosporin, Erythropoietin, Adrenergic medications,...) သုံးစွဲနေရခြင်း နှင့် အရက် သောက်သုံးခြင်း (Alcoholism) တို့ဖြစ်ပါတယ်..

သွေးဖိအား 115/75 mmHg ကို ပုံမှန်ထား၍ အပေါ်သွေး 20 (or) အောက်သွေး 10 mmHg စီ တိုးတိုင်း နှလုံးနှင့် ပတ်သက်သော ရောဂါ ဖြစ်နိုင်ခြေ (Cardiovascular Disease Risk) နှစ်ဆ စီ တိုးလာပါတယ်.. အမေရိကန် နိုင်ငံ National Health and Nutrition Examination Surveys ၂၀၀၅-၂၀၀၆ ခုနှစ် စစ်တမ်းမှ အချက် အလက်များကို ထုတ်နုတ် တင်ပြရလျှင်

အသက် ၁၈ နှစ်နှင့် အထက် အမေရိကန်များ၏ ၂၉% မှာ သွေးတိုးရောဂါ ခံစားနေရပြီး အသက်အရွယ် ကြီးလာသည်နှင့် အမျှ ဖြစ်ပွားနှုန်း မြင့်မားနေပါတယ်.. ၎င်းတို့ထဲတွင် ၇% မှာ အသက် ၁၈ နှစ် မှ ၃၉ နှစ်အတွင်း ဖြစ်ပြီး၊ ၆၇% မှာ အသက် ၆၀ နှစ်နှင့် အထက် ဖြစ်ပါတယ်..
အသက် ၁၈ နှစ်နှင့် အထက် အမေရိကန်များ၏ ၃၇% မှာ ပုံမှန်ထက် သွေးဖိအား မြင့်မားနေပြီး (Prehypertension) ၃၀% မှာ ၁၈နှစ် မှ ၃၉နှစ် အတွင်း ဖြစ်ပြီး ၃၈% မှာ ၆၀နှစ် နှင့် အထက် ဖြစ်ပါတယ်..


သွေးတိုးရောဂါ လက္ခဏာများ

သွေးတိုးရောဂါ ရှိသူများ၏ သုံးပုံတစ်ပုံ ခန့်မှာ မိမိတွင် သွေးတိုးရောဂါ ရှိမှန်း မသိကြသူများ ဖြစ်နေပါတယ်.. များသောအားဖြင့် သွေးတိုး လက္ခဏာ မခံစားရသူ၊ ဘာလက္ခဏာမှ မပြသူ များပါတယ်.. ခံစားရသူ အချို့တွင် ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူ မြန်လာခြင်း၊ အမြင် ဝေဝါးလာခြင်း တို့ ဖြစ်တတ်ပါတယ်.. အချို့မှာ ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး လက္ခဏာ (Complications) များဖြင့် ပြတတ်ကြပါတယ်.. ရင်ဘတ်အောင့်ခြင်း (နှလုံး သွေးကြော ကျဉ်းခြင်း)၊ လေဖြတ်ခြင်း (ဦးနှောက် သွေးကြော ပိတ်ခြင်း/ ပေါက်ခြင်း)၊ မော၍ ဖောယောင်ခြင်း (နှလုံး ညှစ်အား နည်းခြင်း- Heart Failure)၊ မျက်နှာ ယောင်အမ်း လာခြင်း (ကျောက်ကပ် ပျက်စီးခြင်း-Renal Failure)၊ မျက်စိ အမြင် ချို့ယွင်းလာခြင်း (Hypertensive Retinopathy) တို့ ဖြင့် လက္ခဏာ ပြတတ် ကြပါတယ်..

သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

သွေးတိုး ရောဂါကြောင့် နှလုံးသွေးကြောများ ထူအမ်း မာကျောလာပြီး (Atherosclerosis) နှလုံး သွေးကြော ကျဉ်းခြင်း/ ပိတ်ခြင်း (Heart Attack)၊ နှလုံးကြွက်သားများ ထူထဲလာပြီး (LVH) နှလုံးညှစ်အား လျော့နည်းလာခြင်း (Heart Failure) တို့ ဖြစ်ပေါ်လာ တတ်ပါတယ်..
ဦးနှောက် သွေးကြော ပိတ်ခြင်း (Ischemia)၊ သွေးကြော ပေါက်ခြင်း (Haemorrhage) တို့ဖြစ်ပေါ် စေပြီး လေဖြတ်ရောဂါ (Stroke) ဖြစ်ပေါ်လာ တတ်ပါတယ်..
သွေးတိုးရောဂါ တာရှည်လာပါက ကျောက်ကပ် ပျက်စီးပြီး (Nephrosclerosis) ကျောက်ကပ် လုပ်ငန်း ယိုယွင်းခြင်း (Renal Failure) ဖြစ်ပေါ် လာတတ် ပါတယ်
မျက်စိတွင်းရှိ မြင်လွှာ (Retina) သွေးကြောများ ထိခိုက် ပျက်စီးပြီး အမြင်အာရုံ (Hypertensive Retinopathy) ထိခိုက်လာ တတ်ပါတယ်..


သွေးတိုးရောဂါကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများ

JNC7 မှ ထုတ်ပြန်ချက်အရ သွေးတိုးရောဂါ ရှိသူများသည် သွေးဖိအားကို 140/90 mmHg အောက် နှင့် ဆီးချို၊ ကျောက်ကပ် ရောဂါ ရှိသူများ အနေဖြင့် 130/80 mmHg အောက် ရှိနေစေရန် ညွှန်ကြား ထားပါတယ်.. သွေးတိုး ရောဂါကို ထိန်းချုပ်နိုင်ရန် အောက်ပါ အတိုင်း လိုက်နာ သင့်ပါတယ်..

ကိုယ်အလေးချိန် အဝ မလွန်စေရန် ထိန်းသိမ်း ထားရမည်.. Body Mass Index (BMI) ကို ၁၈.၅ မှ ၂၄.၅ အတွင်း ရှိနေစေရန် ထိန်းထားရမည်..
လမ်းမြန်မြန် လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း ကဲ့သို့သော ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း ကို ပုံမှန် တစ်နေ့ မိနစ် ၃၀ လုပ်ရမည်..
Dietary Approaches to Stop Hypertension (DASH) Eating Plan အရ သစ်သီး ဝလံများ၊ ဟင်းသီး ဟင်းရွက်များ၊ အဆီ ထုတ်ထားသော နို့နှင့် နို့ထွက် ပစ္စည်းများကို များစွာ စားသုံးပါ.. ဆား (ဆိုဒီယမ်) နည်းသော အစာများကို ရွေးချယ် စားသုံးပါ.. အထားခံသော အစာများ (Preserved Food)၊ ပြုပြင်ထားသော အစာများ (Processed Food) သည် ဆားပါဝင်မှု များပြား ပါတယ်.. ငါးများ၊ အဆီမပါသော အသားများကို စားသုံးပါ.. ကိုလက်စထရော များသော အဆီ၊ အဆိမ့်၊ အချိုများကို ရှောင်ပါ..
အရက် အလွန်အကျွံ သောက်သုံးခြင်းသည် သွေးတိုး စေတတ်သဖြင့် ရှောင်ကြဉ်ပါ..
သွေးတိုးရောဂါ အတွက် ဆရာဝန် ညွှန်ကြားထားသော သွေးကျဆေးများကို တိတိကျကျ သုံးစွဲရမည်။



Reference;
The Seventh Report of the Joint National Committee on Prevention, Detection, Evaluation, and Treatment of High Blood Pressure (JNC7)
American Heart Association's Report
Hypertension - Emedicine
posted from Bloggeroid

Wednesday, November 6, 2013

ကမ္ဘာလုံးဆိုင်ရာစစ်တမ်း

ကမ္ဘာလုံးဆိုင်ရာစစ်တမ်း

ကုလသမဂ္ဂက ကမ္ဘာလုံးဆိုင်ရာစစ်တမ်းတစ်ခု
လုပ်ဆောင်ပြီး ယင်းတွင် မေးခွန်းတစ်ခုကိုသာမေးမြန်းထားလေသည်။
မေးခွန်းမှာ "ကမ္ဘာ့တခြားနေရာများတွင် စားနပ်ရိက္ခာမလုံလောက်မှုကို အဖြေရှာရန် ကျေးဇူးပြု၍ သင်၏ ရိုးသားသော ထင်မြင်ချက်ကိုပေးပါ" ဟုမေးမြန်းခဲ့သည်။ သို့သော် ယင်းစစ်တမ်းမအောင်မြင်ခဲ့ပေ။

အကြောင်းမှာ အာဖရိကတိုက်တွင် "စားနပ်ရိက္ခာ" ဆိုသောစကားကိုနားမလည်ကြ။
အရှေ့ဥရောပတွင် "ရိုးသားသော" စကားလုံးကိုနားမလည်ကြ။ အနောက်ဥရောပတွင် "မလုံလောက်မှု" ကို မကြားဖူးကြ။ တရုတ်နိုင်ငံတွင် "ထင်မြင်ချက်" ဆိုသည်ကို ဘာမှမသိကြ။ အရှေ့အလယ်ပိုင်းတွင် "အဖြေရှာခြင်း" အကြောင်းကို စိတ်မ၀င်းစားဘဲ
တောင်အမေကတွင် ယဉ်ကျေးဖွယ်ရာ "ကျေးဇူးပြု၍"ဟူသော စကားအဓိပ္ပာယ်ကိုမသိ။
နောက်ဆုံးတွင် အမေရိကန်က "ကမ္ဘာ့အခြားနေရာများ"ဟူသည်ကို မည်သည့်အရပ်ကို ဆိုလိုမှန်း သဘောမပေါက်သောကြောင့်ဖြစ်ပါသည်။

posted from Bloggeroid

How do Grouping in SPSS

ကျောင်းက သင်လိုက်တာလေးတွေမေ့သွားရင် ဒီမှာ ပြန်နွှေးလိုက်ရအောင်ဗျာ။ group ခွဲနည်းအကြောင်းပြောကြမယ်။ spss မရှိသေးရင် ဒီမှာ ယူပါ။ ပထမဦးဆုံး မိမိလုပ်မယ့် data file ကိုဖွင့်လိုက်ပါ။


အဲဒိထဲမှာ age ကို group ခွဲမယ်ဗျာ။ age ကို group ခွဲဖို့အတွက် age ရဲ့ အငယ်ဆုံးနဲ့အကြီးဆုံးကိုသိရမယ်။ ဒါကြောင့်ပုံပါအတိုင်း Analyze > Descriptive Statistics > Frequencies. ကိုသွားပါ။



Age ကို select လုပ်ပြီး မြှားလေးကတစ်ဆင့် ဟိုဘက်က ကွက်လပ်ထဲကိုပို့လိုက်ပါမယ်။ ok ကိုမနှိပ်လိုက်ပါနဲ့ဦးဗျာ။

Statistics ကိုနှိပ်လိုက်ပါ။ box တစ်ခု ကျလာပါလိမ့်မယ်။ အဲဒီမှာ Mean, Median, Mode, Minimum, Maximum တို့ရဲ့ရှေ့မှာ √ ကေလးခြစ်ပေးပြီး Continue ကို click လိုက်ပါ။
 

 ပြိးမှ ok ကိုနှိပ်ပါ။

  Output file လေးကျလာပါပြိ။ အဲဒီမှာ age ရဲ့ အငယ်ဆုံးက 22 အကြိးဆုံးက 88 ဖြစ်ကြောင်းတွေ့ရပြီ။

ဒါဆိုရင် group ခွဲလို့ရပါပြီ။ ကဲ ပုံလေးထဲကအတိုင်း Transform > Recode > Into Different Variable ကိုသွားပါ။


 box ကလေး ကျလာပြန်ပြီဟုတ်။ group ခွဲမယ့် age ကို မြှားလေးကနေတဆင့် ကွက်လပ်ဖြစ်နေတဲ့ အကွက်လေးထဲကို ပို့လိုက်ပါ။
 Name ဆိုတဲ့အကွက်ထဲမှာ နာမည်တစ်မျိုးကို ရိုက်ထည့်ပြီး Change ကို နှိပ်လိုက်ပါ။ ကိုယ်ပေးလိုက်တဲ့နာမည်က အလုပ်ဖြစ်ရင် အလယ်က ကွပ်လပ်ထဲမှာပေါ်လာပါလိမ့်မယ်။ ကျွန်တော်ကတော့ aggp လို့ပေးလိုက်ပါတယ်။ label မှာတော့ သက်ဆိုင်ရာစာသားထည့်ပေးရပါမယ်။ အခုက age ကို group ခွဲတာဖြစ်လို့ age in group လို့ရေးလိုက်ပါတယ်။ ပြီးရင်တော့ Old and New Values ကို click ပါ။

 Box တစ်ခုကျလာပြန်ပြီဗျာ။ အပေါ်ဆုံး Range ကို ရွေးပြီး ပုံထဲကအတိုင်း 22 နဲ့ 41 ကိုရေးလိုက်တယ်။ ဟိုဘက်က value မှာ 1လို့ထားပြီး Add ကိုနှိပ်လိုက်တယ်။
 ဒါဆိုရင် group တစ်ခု ၀င်သွားပါပြီ။ ဒီနေရာမှာ ကိုယ်ကြိုက်သလိုခွဲလို့ရပါတယ်။ ကျွန်တော်ကတော့ 3ခုပဲခွဲပါတယ်။ နောက်တစ်ခုကတော့ အရင်group က 41 နဲ့ဆုံးထားလို့ 42 နဲ့စမယ်။ 42 - 61 ပေါ့။ သူ့ကိုကျတော့ values- 2ပေါ့။

 နောက်ဆုံးတစ်ခုကတော့ 62. ကနေ 88 ဖြစ်နေလို့  through highest ပါတဲ့အောက်ဆုံးကRange ကိုရွေးပြီး 62 လို့ရေးလိုက်တယ်။ 62 နဲ့အထက်ပေါ့ဗျာ။ သူကတော့ values 3 ပေါ့။ ပြီးရင် continues ။

 OK.
 ဒါဆိုရင် Variable View ရဲ့အောက်ဆုံးမှာ ကျွန်တော် ပေးထားတဲ့နာမည်လေးနဲ့ age group ရောက်လာပါပြီ။
ပြီးပြီလား ဆိုတော့ မပြီးသေးဘူးခင်ဗျ။ variable view ရဲ့ values ဆိုတဲ့ column အောက်မှာရှိတဲ့ aggp ရဲ့ values အကွက်က နောက်နားက အစက်ကလေးကို click လိုက်ပါဦး။
လာပြန်ပြီ နောက်တစ် box. ပေါ်လာတဲ့ box ရဲ့ value ဆိုတဲ့အကွက်မှာ 1 ပေး။ group ခွဲတုန်းက 1 က အငယ်ဆုံး age group ဖြစ်လို့ value label မှာ young. click Add.
အဲလိုပါပဲ 2 က Middle. 3 က Old ပေါ့။ ပြီးရင်တော့ ok.
 ကဲ group ခွဲခြင်းပြီးသွားပါပြီဗျာ။ ကျွန်တော်တို့ခွဲထားတဲ့ group လေးကို bar chat နဲ့ ကြည့်ရေအာင်။ Analyze > Descriptive Statistics > Frequencies. ကိုသွားပါ။
 ကျွန်တော်တို့လုပ်ထားတဲ့ (age in group)aggp ကိုတစ်ဖက်ကိုပို့ပါ။


 ပြီးရင် chat ကို နှိပ်ပြီး bar chat ကို အမှတ်ပေးပါပြီး Continue. ကိုclick ပါ။
 ပြိးရင်တော့ ok ပေါ့။
 ကဲ output file လေးမှာ bar chat နဲ့ age group ကိုတွေ့ရပြီပေါ့။
 သိသလောက်လေး ရေးတာပါ။ ကျွန်တော်ထက်သိတဲ့လူရှိလို့ ကျွန်နော်မှားတာတွေ့ရင် ထောက်ပြပါဦးလို့ တောင်းဆိုပါတယ်။ အားလုံးပဲ အဆင်ပြေပါစေဗျာ။

မောင်သန့်ဇင် ( http://www.facebook.com/phoethantzin )