Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, April 25, 2013

မထူးဆန်းသော

ကောင်မလေးသည် ကြောင်တစ်ကောင်နှင့်တူသည်ဟု ထင်မိသည်။ ကဗျာတော့ မဆန်လှ။ အတူရှိနေချိန်တွင် အရမ်းပျော်ကြောင်း ပြောတတ်ပြီး ဝေးနေချိန်တွင် လွမ်းကြောင်းကိုလည်း ကြောင်တစ်ကောင် အစာတောင်းသံမျိုးနှင့်ပြောတတ်သည်။ ကျွန်တော့်အတွက်တော့ ဝေးခြင်း နီးခြင်းသည် မထူးဆန်းသော အရာတစ်ခုသာ ဖြစ်သည်။ အလွမ်းသည်လည်းကောင်း အချစ်သည် လည်းကောင်း ခံစားမှုတစ်ခုထက် ပို၍ အရာမရောက်ချေ။

သူမသည် တံဆိပ်ခတ်သူတစ်ယောက်လည်း ဖြစ်နေပြန်သည်။ ကျွန်တော့်ကို အမျိုးမျိုးသေိာတံဆိပ်ပေါင်းစုံဖြင့်ခတ်နှိပ်ဖူးသည်။ ယခုအချိန်တွင် ချစ်ဖို့ကောင်းသော၊ တည်ကြည်သော၊ ပျော်ရွှင်မှုကို ပေးသော၊ ရင်ခုန်စရာ ကောင်းသော ယောက်ျားတစ်ယောက်အဖြစ် တံဆိပ်ခတ်ထားသော်လည်း၊ နောင်အချိန် တစ်စုံတစ်ရာသောအကြောင်းဖြင့် ကျွန်တော်တို့ဝေးကွာခဲ့လျှင် အတ္တကြီးသော၊သူရဲဘောကြောင်သော၊ လူမဆန်သော၊ ယုတ်မာသော ယောက်ျားအဖြစ် ပိုးစိုးပက်စက် တံဆိပ်ခတ်ပေလိမ့်မည်။ ထိုအရာသည်လည်း ကျွန်တော့်အတွက် မထူးဆန်းသော အရာတစ်ခုသာ ဖြစ်နေပြန်သည်။ တံဆိပ်ခတ်ခြင်းသည် အခတ်ခံသူအပေါ် သက်ရောက်မှုမရှိကြောင်းနှင့် ခတ်သူအပေါ်တွင်သာ သက်ရောက်မှုရှိကြောင်းကို သူမနားလည်အောင် ရှင်းမပြနိုင်ခဲ့။ ကျွန်တော်ကတော့ သူမအပေါ်တွင်ဘယ်သော အခါမျှတံဆိပ်မခတ်ဖူးချေ။ အကောင်းပြောသော သူမကိုလည်းကောင်း၊ အဆိုးပြောသော သူမကိုလည်းကောင်း ကျွန်တော်ချစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမသာဖြစ်၍ မည်သည့်တံဆိပ်မျှခတ်နှိပ်ထားခြင်း မရှိသောကြောင့်ဖြစ်သည်။ တံဆိပ်ခတ်ခြင်းသည် မိန်းမစိတ်ဖြစ်ကြောင်း ကျွန်တော်လက်ခံထားသည်။

သူမသည် စကားပြောမဆင်ခြင်သူလည်းဖြစ်သည်။ ထိုစိတ်သည်လည်း မိန်းမစိတ်ပင်ဖြစ်မည်။ သူမက ကျွန်တော်ကို ပြတ်ကြောင်း ပြောတိုင်း ငြိမ်ငြိမ်လေးသာ နားထောင်နေမိသည်။ အင်းလေ ပြတ်ချင်ပြတ်ပေါ့ ဟုသာ ပြောမိသည်။ ပြတ်ခြင်း ဆက်ခြင်းသည် ကျွန်တော်၏အချစ်ကို သက်ရောက် ပြောင်းလဲစေခြင်း မရှိလှချေ။ပြတ်ခြင်း ဆက်ခြင်းသည်လည်း မထူးဆန်းသောအရာများထဲမှ တစ်ခုသာဖြစ်သည်။ လူနှစ်ယောက်၏ ဆက်ဆံရေးကိုသာ ဖြတ်တောက်လို့ရမည်။ ချစ်ခြင်းသည်ကား သူမပြတ်တိုင်း ဖြတ်၍မရချေ။ ကျွန်တော်သည်ချစ်နေရုံနှင့်နေစိမ့်သူလည်း ဖြစ်သည်။ ကျွန်တော့်အတွက် မထူးဆန်းသောအရာများသည် သူမအတွက် ရေးကြီးခွင်ကျယ် ဖြစ်နေတတ်သည်။ ထိုအရာသည်လည်းလည်း မထူးဆန်းချေ။ မိန်းမများသည် အရာရာတွင် ကြီး ကျယ်လိုသူများဖြစ်ကြသည်။