Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, March 31, 2014

UCHသည် ရမ်းကုကျောင်းမဟုတ်

            ပထမဦးစွာပြောလိုသည်မှာ အခြေခံကျန်းမာရေးတက္ကသိုလ် (University of community health) သည် Clinical အထူးပြုတက္ကသိုလ်မဟုတ်ပါ။ Public health အထူးပြု တက္ကသိုလ်သာဖြစ်သည်။ သို့သော် လတ်တလော မြန်မာနိုင်ငံအခြေအနေအရ Public health တစ်ခုတည်းဖြင့် ရပ်တည်လုပ်ဆောင်ခြင်းသည် အောင်မြင်ရန် အခွင့်အလမ်းနည်းပါးသည်။ ထို့ကြောင့် public health အထောက်အကူပြုရန် Clinical ကို ထည့်သွင်းသင်ကြားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် Primary health care (အခြေခံကျန်းမာရေးစောင့်ရှောက်မှု) ဖြစ်သည်။ Primary health care ၏ အရေးပါအရာရောက်မှုကို ဆေးပညာနယ်မှလူတိုင်း သိရှိနားလည်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် အခြေခံကျန်းမာရေးဝန်ထမ်းများသည် လိုအပ်သဖြင့်သာ clinical ပိုင်းကို တာဝန်ယူထားရသော Public health သမားများဖြစ်ပါသည်။
       `အဓိကပြောလိုသည်မှာ ရမ်းကု များမဟုတ်ကြပါ´
      အခြေခံကျန်းမာရေးဝန်ထမ်းများသည် ရမ်းကုများဟု မကြာမီက ဆရာဝန်တစ်ဦးက ပြောကြားသဖြင့် ကိုစိုးသီဟ(13th batch, B.Comm.H)လည်း မီဒီယာတစ်ခုတွင် ပြန်လည်ချေပခဲ့ဖူးသည်။ (တကယ်ကချေပရန်ပင်မလိုပါ ဒါကို ဆေးပညာနယ်ပယ်မှ လူတိုင်းသိထားရမည်ဖြစ်ပါသည်။)
အခြေခံကျန်းမာရေးဝန်ထမ်းများသည်လည်း မိမိကျရောက်ရာနေရာတွင် တာဝန်ကျေပွန်စွာ ကျန်းမာရေးစောင့်ရှောက်မှုများ   ပေးနေသည်မှာ သေချာပါသည်။
       ယခုတစ်ဖန်လည်း မကွေးမြို့နေ Physician တစ်ဦးက အခြေခံကျန်းမာရေးတက္ကသိုလ်မှ ကျောင်းသားတစ်ဦးကို ရမ်းကုလုပ်မယ့်ကောင်တွေ   ဟု ပြောဆို ပုတ်ခတ်သည် ဟုသိရပါသည်။ ထိုစကားသည် ထိုကျောင်းသားကိုသာ ထိခိုက်သည်မဟုတ် အခြေခံကျန်းမာရေးတက္ကသိုလ်၏ Profession ကိုပါ ထိခိုက်စော်ကားလိုက်ခြင်းဖြစ်သည်။ ထို့အပြင် ဆရာဝန်များ၏ role ကိုပါထိခိုက်စေနိုင်သည်။ တစ်ဦးတစ်ယောက်မကောင်းခြင်းကြောင့် အားလုံးကိုတော့ သိမ်းကြုံးမပြောဆိုလိုပါ။ ကျွန်တော်တို့အတွက်တော့ အခြေခံကျန်းမာရေးတက္ကသိုလ်သည် မိခင်တစ်ယောက်ဖြစ်သည်။ ကျွန်တော်တို့မိခင်၏ ဂုဏ်သိက္ခာကို ကျွန်တော်တို့သားသမီးများ ကာကွယ်မည်ဖြစ်ပါသည်။
                အခြေခံကျန်းမာရေးစောင့်ရှောက်မှုသည် အရေးမပါဟု ယူဆပါက အခြေခံကျန်းမာရေးတက္ကသိုလ်ကို ပိတ်လိုက်ပါ။ ကျွန်တော်တို့အတွက် မိခင်တစ်ယောက်ဆုံးရှုံးရသလိုဝမ်းနည်းပါမည်။ ထို့အတူ ကျေးလက်နေပြည်သူများလည်း ဒုက္ခရောက်ပါမည်။
               လယ်သမားတစ်ယောက်ကိုပင် အဆင့်အတန်းမရှိဘူးဟု ပြောဆိုရန်မသင့်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် ထမင်းစားနေသောလူဖြစ်သောကြောင့် ဖြစ်သည်။ ချီးစားနေသော ခွေးမဟုတ်ပါ။ လူ့ပတ်ဝန်းကျင်သည် ကျွန်းကိုင်းမီ ကိုင်းကျွန်းမီရပ်တည်ရခြင်းဖြစ်သည်။
                                                                                          လွမ်းငယ်

ဦး စား ပေး ကိ စ္စ..

ဦး စား ပေး ကိ စ္စ..
=============
လူ တစ် ယောက် သည် ဘုန်း ကြီး တစ် ပါး ထံ သို့ ချဉ်း ကပ် လာ ပြီး နား ရွက် ကို ပါး စပ် တတ် ချိတ် တော့ မ တတ် အ ပြုံး ဖြင့် ပြော သည်။

''ကျွန် တော့် ကို ကောင်း ချီး မ င်္ဂ လာ ပြု ပေး တော် မူ ပါ ဦး..ဖာ သာ၊ ကျွန် တော် အ ပြစ် တွေ ကျုး လွန် ခဲ့ လို့ ပါ။ ပြီး ခဲ့ တဲ့..တစ် ပတ် လုံး လုံး ကို ကျွန် တော် မိန်း မ လှ ခု နှစ် ယောက် နဲ့ အ ချိန် ဖြုန်း ခဲ့ မိ ပါ တယ် ခင် ဗျာ''

ဘုန်း ကြီး က ပြော သည်။

''ဆောက် တည် ရာ မ ရ ဖြစ် မ နေ ပါ နဲ့ ကွာ၊ မင်း လုပ် ဖို့ လို တာ က သံ ပု ရာ သီး ခု နှစ် လုံး ကို ယူ၊ ဖန် ခွက် တစ် ခု ထဲ မှာ အ ရည် တွေ ကို ညှစ်၊ ပြီး ရင်..သောက် ချ လိုက်''

ထို လူ က မ ယုံ ကြည် နိုင် စွာ ဖြင့် ပြန် မေး သည်။

''ဒါ ဆို ရင်..ကျွန် တော့် အ ပြစ် တွေ သန့် စင် သွား ရော လား''

''မ ဟုတ် ဘူး ကွ၊ ဒါ ပေ မဲ့..မင်း မျက် နှာ ပေါ် က အ မြင် ကပ် စ ရာ အ ပြုံး က တော့..ပျောက် သွား လိမ့် မယ်''

''ငင်'' :-[

musician ထက် vocalist က အနုပညာဈေးပိုရတဲ့အချိန်
ဆရာဝန်ထက် ဆေးကုမ္မဏီဝန်ထမ်းက လခပိုကောင်းတဲ့အချိန်
သမ္မတထက် စစ်ဗိုလ်က အာဏာပိုပြင်းတဲ့အချိန်
နိုင်ငံရေးသမားထက် ဘုန်းကြီးက မဲဆန္ဒပိုကောက်ခံနေတဲ့အချိန်
ဘီယာက ကော်ဖီထက်ရောင်းအားကောင်းနေတဲ့အချိန်
စာသင်ခန်းထက် ဂိမ်းဆိုင်မှာ roll call ပိုများတဲ့အချိန်
ဝင်ငွေထက် ကုန်ဈေးနှုန်းက ခေါင်းပိုမြင့်တဲ့အချိန်
လစာထက် အောက်ဆိုက်ကိုပိုမက်နေတဲ့အချိန်
ဘာသာရေးပွဲမှာ ငရဲအပွက်ဆုံးအချိန်
ယဉ်ကျေးမှုထက် ခေတ်ရေစီးကပိုသန်တဲ့အချိန်
ကမ္ဘာစစ်ထက် ခေါင်းကိုက်တာက ပိုအရေးကြီးတဲ့အချိန်
ထမင်းအိုးထက် skin care က ပိုအရေးပါတဲ့အချိန်
sim card ထက် ph bill က အဆပေါင်းများစွာဈေးကြီးတဲ့အချိန်
ပညာထက် ဈေးကွက်ကိုပိုမက်တဲ့အချိန်
တည်းခိုခန်းမှာ sedora condom မသုံးဖူးရင် ယောကျာင်္းမပီသရာကျနေရတဲ့အချိန်
ကျောင်းလခထက် ကျောင်းကားခက ပိုများနေတဲ့အချိန်
အာစရိယပူဇော်ပွဲထက် ကျူရှင်နှုတ်ဆက်ပွဲက ပိုခမ်းနားတဲ့အချိန်
ကဗျာဆရာထက် ရည်းစားစာက ပိုနုရွနေတဲ့အချိန်
ဦးသန်းရွှေ ဦးသိန်းစိန် ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်းပြောမှ လူရာဝင်တဲ့အချိန်
ဆင်းရဲသားထမင်းအိုးကွဲမှ ခရိုနီထမင်းမြိန်တဲ့အချိန်
အမေရေ
လူယဉ်ကျေး ပညာတတ် ဂုဏ်သရေရှိတယ်ဆိုတာ
အမေထင်သလိုမဟုတ်တာ သေချာပါတယ်အမေ
                                                                    လွမ်းငယ်

Tuesday, March 18, 2014

UCH Profile

အခြေခံကျန်းမာရေးတက္ကသိုလ် အချက်အလက်များဆိုပြီး Mr.UCH page မှာ admin တစ်ယောက် အပိုင်းတွေခွဲပြီး တင်ခဲ့တာလေးကို ပြန်စုစည်းပြီး pdf လုပ်ထားတာလေးပါ။ အချက်အလက်တွေကတော့ out of date ဖြစ်နေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ မသိခဲ့ကြပါဘူး။ ဒီစာအုပ်ကလေးတောင် ကျောင်းသားတစ်ယောက် စာကြည့်တိုက်မှာ  တော်တော်မွှေခဲ့လို့ ရှာတွေ့ခဲ့တာပါ။
ကဲ လိုချင်ရင်တော့ အောက်မှာ download လုပ်ပါ။ တစ်ဆက်တည်း မေတ္တာရပ်ခံချင်တာကတော့ အပန်းမကြီးဘူးဆိုရင် ကျွန်တော့် ဘလော့လေးထဲကို member ၀င်စေချင်ပါတယ်။ blog ရဲ့ အချက်ပြမျှားတွေက အောက်ကိုပဲ ခေါင်းစိုက်နေလို့ပါ။

Download here
 UCH profile