musician ထက် vocalist က အနုပညာဈေးပိုရတဲ့အချိန်
ဆရာဝန်ထက် ဆေးကုမ္မဏီဝန်ထမ်းက လခပိုကောင်းတဲ့အချိန်
သမ္မတထက် စစ်ဗိုလ်က အာဏာပိုပြင်းတဲ့အချိန်
နိုင်ငံရေးသမားထက် ဘုန်းကြီးက မဲဆန္ဒပိုကောက်ခံနေတဲ့အချိန်
ဘီယာက ကော်ဖီထက်ရောင်းအားကောင်းနေတဲ့အချိန်
စာသင်ခန်းထက် ဂိမ်းဆိုင်မှာ roll call ပိုများတဲ့အချိန်
ဝင်ငွေထက် ကုန်ဈေးနှုန်းက ခေါင်းပိုမြင့်တဲ့အချိန်
လစာထက် အောက်ဆိုက်ကိုပိုမက်နေတဲ့အချိန်
ဘာသာရေးပွဲမှာ ငရဲအပွက်ဆုံးအချိန်
ယဉ်ကျေးမှုထက် ခေတ်ရေစီးကပိုသန်တဲ့အချိန်
ကမ္ဘာစစ်ထက် ခေါင်းကိုက်တာက ပိုအရေးကြီးတဲ့အချိန်
ထမင်းအိုးထက် skin care က ပိုအရေးပါတဲ့အချိန်
sim card ထက် ph bill က အဆပေါင်းများစွာဈေးကြီးတဲ့အချိန်
ပညာထက် ဈေးကွက်ကိုပိုမက်တဲ့အချိန်
တည်းခိုခန်းမှာ sedora condom မသုံးဖူးရင် ယောကျာင်္းမပီသရာကျနေရတဲ့အချိန်
ကျောင်းလခထက် ကျောင်းကားခက ပိုများနေတဲ့အချိန်
အာစရိယပူဇော်ပွဲထက် ကျူရှင်နှုတ်ဆက်ပွဲက ပိုခမ်းနားတဲ့အချိန်
ကဗျာဆရာထက် ရည်းစားစာက ပိုနုရွနေတဲ့အချိန်
ဦးသန်းရွှေ ဦးသိန်းစိန် ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်းပြောမှ လူရာဝင်တဲ့အချိန်
ဆင်းရဲသားထမင်းအိုးကွဲမှ ခရိုနီထမင်းမြိန်တဲ့အချိန်
အမေရေ
လူယဉ်ကျေး ပညာတတ် ဂုဏ်သရေရှိတယ်ဆိုတာ
အမေထင်သလိုမဟုတ်တာ သေချာပါတယ်အမေ
လွမ်းငယ်
No comments:
Post a Comment