ကဲ SD Card ထဲမှာ ဘာမှမလုပ်ရပါဘဲ Memory တွေ ပြည့်နေသလား။ Installed apk တွေကို uninstall လုပ်လို့လည်း ဘာမှလျှော့မသွားဘူးပေါ့။ လွယ်ပါတယ်။ ပုံတွေ ဗီဒီယိုတွေ ကြည့်တာ များပြီး thumbnails တွေ တက်လာပြီး Memory တွေကို စားသွားတာပါ။ 'ဒါတွေကို ဖျက်လို့ရပါတယ်။ ပုံတွေ ဗီဒီယိုတွေ ပျက်မသွားပါဘူး။ ဘယ်လိုဖျက်ရမလဲ။ Root ဖောက်ထားတဲ့ ဖုန်းဆိုရင် Root ထဲကိုဝင်ပြီး ဟိုပြင် ဒီပြင်လုပ်ရတာပေါ့ဗျာ။မလုပ်တတ်ရင် မလုပ်ပါနဲ့။ ES file explorer ထဲမှာပါပါတယ်။ Root ဖောက်ထားစရာလည်း မလိုပါဘူး။ ဘယ်လိုလုပ်ရမလဲဆိုတော့ apk ကို download ဆွဲပြီး installလုပ်လိုက်ပါ။ ပြီးရင် အောက်ကအတိုင်း ဆက်လုပ်လိုက်ပါ။apkကို ဖွင့်ပြီးတော့ အပေါ်ဘက်ထောင့်လေးက ကမ္ဘာလုံးလေးပုံကို ကလစ်လိုက်ပါ။ အာ့ဆိုရင် အောက်ကပုံလေးအတိုင်းပွင့်လာလိမ့်မယ်။ အနီရောင်ဝိုင်းပြထားတဲ့ Tools ကို နှိပ်လိုက်ပါ။
Tools ကို နှိပ်လိုက်ရင် အောက်ကပုံလေးလို ထပ်ကျလာပါလိမ့်မယ်။အဲဒီမှာလည်း အနီရောင်ပြထားတဲ့ SD Card Analyst ကိုနှိပ်လိုက်ပါ။ အောက်က ပုံလေးလို Analyst လုပ်နေပါလိမ့်မယ် ခဏစောင့်လိုက်ပါ။
အပေါ်ဆုံးက DCIM ဆိုတာ ပုံတွေ ဗီဒီယိုတွေရှိတဲ့ folder ပါ။ သူက ဆိုဒ်အကြီးဆုံးလည်း ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ thumbnails တွေ အရမ်းများနေလို့ပါ။ Memory အလွတ်မရှိအောင် ပြည့်နေရင် wallpaper တို့ contact photo တို့လို ဟာတွေ တင်လို့မရ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူ့ကို ဖျက်ပစ်ရပါမယ်။ အကုန်လုံးဖျက်လိုက်ရင်တော့ camera photoတွေပါ ပျက်ကုန်မှာ။ ဒါကြောင့် အဲဒီ folder လေးကိုဖွင့်လိုက်ပါ့မယ်။အောက်ကအတိုင်း တွေ့ရပါမယ်။
အဲဒိထဲကမှ thumbnails ဆိုတဲ့ folder လေးကို ခပ်ကြာကြာဖိထားပြီး select လုပ်ပြီး ဖျက်လိုက်ပါ။ ဒါဆိုရင် နေရာတော်တော်များများလွတ်သွားပါလိမ့်မယ်။
အဲဒီ apk လေးကို လိုချင်ရင်တော့ အောက်မှာ download လုပ်ပါ။
ကျန်တဲ့ အသုံးဝင်တာတွေ အများကြီး ရှိပါသေးတယ် ခင်ဗျာ။
ES file explorer




No comments:
Post a Comment