Pages

Friday, September 6, 2013

မှော်ဝင်ဆိပ်ကမ်း

တကယ်တော့
ငါဟာ.....အိပ်တန်းထမှားခဲ့တဲ့
ငှက်တစ်ကောင်ပါ......
အချိန်လွန်မှ ရွာတဲ့မိုးကို
စေတန်နတ်ဆိုးတွေရဲ့ ညစာအဖြစ်
ဖန်ဆင်းခံလိုက်ရတယ်.........။
ဒီိဥယျာဉ်တော်ဟာ
ငါကိုယ်တိုင်......
အဆိပ်ချိုတွေ လိမ်းသုတ်ခဲ့တဲ့
ချစ်သူရဲ့ အိပ်မက်ရင်ပြင်ကျယ်ပဲ.။
အခုတော့.
ဖျက်လိုဖျက်ဆီးနဲ့
ကြယ်တွေယိုတဲ့ ညတိုးလျှိုးပေါက်မှာ
အလင်းဖျောက်ခံရတဲ့ ကောင်းကင်ဟာ
ငါတို့ရဲ့ ရိုးသားခြင်းတွေကို
ခိုးယူသွားတယ်.............။
သန်းခေါင်ယံညစူးစူးမှာ
ငါတူးခဲ့တဲ့ အိပ်မက်
အနက်ေ၇ာင် မီးခိုးတွေရွှဲစိုနေတဲ့
လရောင်အောက်
နင်ဟာ ငါ့လယ်တောကိုခြောက်တဲ့
မြတ်နိုးခြင်းတစ္ဆေပဲ................။
မျက်လှည့်ဆရာတစ်ယောက်ရဲ့ ပဉ္စလက်မှာမှ
ပျောက်ဆုံးသွားတဲ့ ငါ့ရဲ့လိပ်စာလေး
ဒုက္ခတွေလား .. သုခတွေလား
သွားတော့သွားရဦးမှာပဲလေ..
ဟိုး.....သိတတ်စအရွယ်
ငယ်ငယ်တုန်းက
ဆန္ဒတွေ ပြည့်လိုပြည့်ငြား
ပန်းချီကားတစ်ချပ်မှာ
အနီရောင် အနားသတ်တွေ ကွပ်ခဲ့ဖူးတယ်
ဒီလိုနဲ့ပဲ....
ငါ့ရဲ့တစ်ပိုင်းတစ်စအိပ်မက်တွေ
သွေးအေးလို့ခြောက်လို့ကောင်းတုန်းပေါ့
အချစ်ရူးဆိုတဲ့ အရသာကို ခံစားဖို့ 
အမှောင်မလာသေးတဲ့အခန်းတခါးကို
လုံအောင်ပိတ်.......
တိတ်ဆိတ်စွာနဲ့ အော်လိုက်တယ်
''သိပ်ချစ်တယ်''
ကြည်ပြာရေ.....
ကြည်.............ပြာ..........ရေ
ကြည်.............ပြာ..........ရေ

နေရစ်ခဲ့တော့....မဏိစန္ဒာရေ....
ရာဇဝင်ထဲမှာပဲ....နေရစ်ခဲ့
ငါ...ဆိုတဲ့ဂါထာဟာ.အရိန္ဓမ္မာမဟုတ်ဘူး
သစ္စာတရားတွေ ပျက်ပျယ်ခဲ့တဲ့
ဒီဇာတ်လမ်းမှာ....
ငါရခဲ့တဲ့....သွေးမဲ့ဒဏ်ရာတွေကို
ငါ..ကျေနပ်တယ်..
ပြန်တွေးတိုင်း လွမ်းရဦးမယ်
ရာဇ၀င်ထဲက သူရဲကောင်းဆုတံဆိပ်တွေ
တေလေတွေရဲ့ ဆဌမမြောက် အမှားမှာမှ
ငါ့ခံစားချက်တွေကို နားလည်ပေးပါ။
ဒီနေရာဟာ..
တစ်ချိန်က မြေဇာပင်အပြိုင်းအရိုင်းနဲ့
ငါရိုင်းခဲ့တဲ့နယ်မြေ
မတော်တဆ
ယဉ်ကျေးမှု ဘာသာဗေဒတွေ
ခြေချေုာ်ကျခဲ့လို့........
အခု့ တော့.....
ဂါဝရပြု လက်နက်ချလိုက်ပြီ...
စုန်းကဝေတစ်ယောက်ရဲ့ ပြုစားသံက
ညအမှောင်တိတ်ဆိတ်မှုကို ဖြိုခွဲလို့..
ထိပ်ထားရေ.....
သန်းခေါင်မှာ
ကြယ်ကြွေတာ မဆန်းတော့ဘူးတဲ့..။
ဘာတွေပဲပြောပြော
လောက၀င်ရိုးကြောင်းမှာ
အမြင်စောင်းသွားတဲ့ သင်ရိုးညွန်းတမ်းထဲ
မစဲဘဲ ၀င်လာတဲ့ ဆန့် သောလက်တွေ
မိုးခါးရေတွေ..စွန်းလို့ ......ထင်လို့ 
၂၀၀၇ (မိုးဖွဲဖွဲကျတဲ့)
ဒီဇင်ဘာညနေခင်းမှာ
ငါ့ခြံဥယျာဉ်ထဲ ပန်းခင်းလေးထဲ
ငါတစ်ယောက်တည်းလွမ်းဆွတ်ကြေကွဲခဲ့ရတယ်.။
ငါတို့ ရဲ့ ယဉ်ကျေးမှုကျောင်းဝင်းလေးထဲ
ရဲခနဲနေအောင် ထွေးခဲ့တဲ့
ဘာသာဗေဒ သင်ခန်းစာတွေ...........
ခုတော့ ငါပျိုးခဲ့တဲ့စံပယ်ပင်က
စံပယ်ပန်းတွေတောင် မွှေးရနံ့ ပြယ်လုပြီ
မှိုင်းညို့ ညို့ တောင်တန်းတွေ
စိမ်းလဲ့လဲ့လယ်ကွင်းတွေနဲ့အတူ
အဖြူ၊အစိမ်းကျောင်းဝတ်စုံနဲ့
နင်ဖန်ဆင်းပေးခဲ့တဲ့ နှလုံးသားတစ်ခု
ငါရင်ခုန်ခဲ့ရတဲ့ပါးပြင်နုနု
သြော်...အခုတော့လည်း
ဆိုးဆေးမပြယ်သေးတဲ့ နင့်နှုတ်ခမ်း
ငါ....ဘယ်သို့နမ်းရပါ့...။
လွမ်းတော့ လွမ်းတယ်.....
အခုလို လှပမှုန်ဝေတဲ့ညမှာ
ငါချစ်ရတဲ့ ငါ့ချစ်သူ
အိပ်မက်လှလှ မက်ပါစေ...။
မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ...(တာရာမင်းဝေ\မီးတောက်ရစ်သမ်)

အဲဒီတုန်းက........
ဘယ်လက်ဟာ မာရ်နတ်ရဲ့ ရန်လိုနေတဲ့
အစွယ်အပွားဖြစ်ပြီး
ညာလက်ဟာ အာဒံရဲ့ ပိုးစားနေတဲ့
ပန်းသီးတစ်လုံးပေါ့
တကယ်တော့ ....ငါဟာ
မာရ်နတ်ရဲ့ နှုတ်ခမ်းတော်က
ပန်းသီးတစ်လုံးပေါ့...
ချစ်သူရဲ့တည်ကြည်မှုတွေနဲ့အတူ
ထုဆစ်ခဲ့တဲ့ ဥယျာဉ်တော်ထဲ
ဘုရားရှင် မသိလိုက်ဘဲ
ပြုတ်ကျလာတဲ့ ပိုးစားပန်းသီးဟာ
ငါပိုင်တဲ့ အနော်မာမြစ်ရေထဲမှာ
စီးနေဆဲ.......မျောနေဆဲ............
စီးမျောနေဆဲပါပဲလေ........။
လူမိုက်ရဲ့လက်ခုံပေါ် စီးကျတဲ့
ဒီရောင်ခြည်တွေ ခါးသီးတယ်ဆိုပေမယ့်
နယူတန် ကိုယ်တိုင် ဆေးကြောသန့် စင်ခဲ့တဲ့
နိယာမရဲ့ ရလဒ်တွေပဲ.............။
ကဲ...........
ဒီတော့ အချစ်ရေ
ငါတို့ရဲ့ ခမ်းနားခြင်းတွေကို.
ခ၀ါ ချလိုက်ကြအောင်.............
ဒါဟာ.....အမွန်မြတ်ဆုံး
"မှော်ဝင် ဆိပ်ကမ်း"ပါ...
လပြည့်ညတွေမှာသာ
နိုးတတ်တဲ့ ညဥ့်ငှက်
လကွယ်ညကို လွမ်းဆွတ်တမ်းတသလိုမျိး
ငါနဲ့ ငါ့ရဲ့ မပီပြင်ဝိုးတဝါး ကမ်းလက်တွေက
နင့်ကို......ထာဝရ.......
သတိရနေဦးမှာပါ....ကြည်ပြာရေ........
ပစ္စုပ္ပန်ဟာ ပန်းပွင့်ဖြစ်ပြီအနာဂါတ်မှာ လျှို့ ဝှက်ချက်ပြီးပြယ်နိုင်ပါစေ
တကယ်တော့...
ငါဟာ....အိပ်တန်းထမှားခဲ့တဲ့
ငှက်တစ်ကောင်ပါ...
အချိန်မတော်ဘဲ.ရွာတဲ့ ဒီဇင်ဘာမိုးကို
စေတန်နတ်ဆိုးတွေက ညစာအဖြစ်
စားသုံးပစ်လိုက်ကြတယ်.....။



တိုင်းမှူး

Wednesday, September 4, 2013

ဝမ်းချုပ်ခြင်းနှင့်အမျှင်ဓါတ်





ဝမ်းချုပ်ခြင်းဆိုတဲ့ အရာကို လူတိုင်း တွေ့ကြုံဖူးပါလိမ့်မယ် ။ ၀မ်းချုပ်စေတဲ့အကြောင်းအရာ အများကြီး ရှိတဲ့အ နက်က ရေဓါတ်နည်းခြင်းနဲ့ အမျှင်ဓါတ်နည်းခြင်းကြောင့် ၀မ်းချုပ်ခြင်းဖြစ်တာ အများဆုံးပါပဲ ။ တချို့ဆိုရင် ၀မ်းချုပ် တဲ့အတွက် ကိုယ်လက်မအီမသာဖြစ်ပြီး ခေါင်းတွေအုံ ခေါင်းတွေကိုက်တဲ့အထိတောင် ခံစားရလေ့ရှိပါတယ် ။ ၀မ်း ချုပ်ခြင်း ကို constipation အပြင် costiveness , dyschezia , dyssynergic defaecation စသဖြင့် လည်း ခေါ်ကြပါသေးတယ် ။ ဆိုလိုတဲ့သဘောကတော့ bowel moments (အူလှုပ်ရှားခြင်း ၊ ကျင်ကြီးစွန့်ခြင်း) ဟာ ခက် ခဲနေ ခြင်း ဖြစ်ပါတယ် ။ ၀မ်းချုပ်ခြင်းဆိုတာ အဖြစ်များတဲ့ ၀မ်းသွားနေစဉ် နာကျင်ခြင်း ( painful defecation) ပဲဖြစ် ပါတယ် ။ အရမ်းကို ၀မ်းချုပ်နေပြီးဆိုရင်တော့ obstipation (လေနှင့်ဝမ်းလုံးဝမသွားနိုင်ခြင်း ) fecal impaction ( ၀မ်းလုံးဝမသွားပဲ ပိတ်ဆို့ခြင်း ) စသည်တို့ ဖြစ်နိုင်ပါတယ် ။

လူဦးရေရဲ့ ပျမ်းမျှ ၂ - ၃၀% လောက်ဟာ ၀မ်းချုပ်ခြင်းကို ခံစားရလေ့ရှိပါတယ် ။ ၀မ်းချုပ်ခြင်းကို ဖြစ်ပွားစေ တဲ့အ ချက်တွေ အများကြီးရှိပါတယ် ။ အဓိကအားဖြင့် ပုံစံ ၂ မျိုးရှိပါတယ်။ လုံးဝပိတ်ဆိုးပြီး ၀မ်းမသွားနိုင်ခြင်း ( obstructed defecation ) နဲ့ အူများလှုပ်လျားမှု လျော့နည်းခြင်း နှေးကွေးခြင်း ( colonic slow transit , hypomobility ) တို့ပဲဖြစ် ပါတယ် ။ ဆေးရုံတွေကိုရောက်လာတဲ့ လူနာတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်ဟာ obsturcted defecation ကြောင့်ရောက် လာတာများပါတယ် ။ အူလှုပ်ရှားမှုနည်းခြင်း ကြောင့်ဖြစ်တဲ့ colonic slow transit constipation ကို ဖြစ်စေ တဲ့အရာတွေကတော့ အစားအသောက် ၊ ဟော်မုန်း ၊ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ heavy metal toxicity တွေ ပဲဖြစ်ပါတယ် ။ သူ့ကို ကုသတဲ့အခါမှာလည်း အစားအသောက်ပုံစံပြောင်းလဲခြင်း ၊ ၀မ်းပျော့ဆေး ၊ ၀မ်းချုဆေးတောင့် ၊ ခွဲစိတ်ခြင်း စသည်တို့ပါဝင်ပါတယ် ။ ၀မ်းချုပ်ခြင်းဆိုတာ လက္ခဏာတစ် ခုသာဖြစ် တယ် ရောဂါတစ်ခုမဟုတ်ပါဘူး ။ သူ့ကို ထိထိရောက်ရောက်ကုသချင်တယ်ဆိုရင်တော့ ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ cause ကို အရင် ရှာဖွေဖို့လိုပါတယ် ။



ဝမ်းချုပ်ခြင်းကို အဓိပ္ပါယ်သတ်မှတ်ထားတာတွေကတော့

- အူလှုပ်ရှားမှု Bowel moment (ကျင်ကြီးစွန့်ခြင်း ) ဟာ တစ်ပတ်ကို သုံးကြိမ်သို့မဟုတ် သုံးကြိမ်ထက်နည်းနေခြင်း
- ၀မ်းသွားရတာ ခက်ခဲခြင်း ( ညှစ်ရခြင်း ၊ စမြင်းခေါ် အမာများသွားခြင်း )
- ၀မ်းသွားပြီးသော်လည်း မပြီးမပြည့်စုံသကဲ့သို့ ခံစားရခြင်း ၊ ၀မ်းကျန်နေသလို ခံစားရခြင်း စသည်တို့ပဲဖြစ်ပါတယ် ။

ကလေးငယ်တွေမှာ ၀မ်းသွားတာကတော့ formula နို့မှုန့်တွေနဲ့ အစာစာကျွေးတဲ့အချိန်မှာ ဖြစ်လေ့ရှိပါတယ် ။ မွေးပြီး တဲ့အခါမှာ မွေးကင်းစကလေးငယ်တွေဟာ ၄ ကြိမ် ၅ ကြိမ်လောက် ပျော့ပျော့ (အရည်သာသာ ) ကျင်ကြီး စွန့်လေ့ ရှိပါတယ် ။ နို့မှုန့်တိုက်တဲ့ကလေးတွေထက် မိခင်နို့စို့တဲ့ကလေးတွေက ကျင်ကြီးစွန့် တဲ့အကြိမ်အရေ အတွက် ပိုများ ပါတယ် ။

ဝမ်းချုပ်ခြင်းကိုဖြစ်စေသောအချက်များ

ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့အချက်တွေကတော့

- congenital ( မွေးရာပါ )
- primary ( ပထမအကြောင်းအရင်း )
- secondary ( ဒုတိယအကြောင်းအရင်း ) စသည်တို့ဖြစ်ပါတယ် ။ အဖြစ်အများဆုံးကတော့ primary ဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်ခြင်းမရှိပါဘူး ။ အသက်ကြီးတဲ့လူတွေမှာတော့ အမျှင်ဓါတ်စားသုံးမှု လျော့နည်းခြင်း ၊ ရေသောက် နည်းခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း ၊ ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေနဲ့ ၊ hypothyroidism နဲ့ကင်ဆာရောဂါတို့ဖြစ်ပါတယ် ။

၁ ။ Primary

Primary မှာတော့ ခြောက်လကျော်လောက်ထိ ၀မ်းချုပ်ခြင်းကို ခံစားရပြီး ဒါဟာ ဆေးဝါးတွေ ရဲ့ ဘေးထွက် ဆိုးကျိုးကြောင့်လည်းမဟုတ်သလို ၊ ရောဂါတစ်ခုခုကြောင့်လည်းမဟုတ်ပါဘူး ။ ဗိုက်အောင့်ဗိုက် နာခြင်းလည်းမ ရှိတဲ့အတွက်ကြောင့် Irritable bowel syndrome နဲ့ခွဲခြားနိုင်ပါတယ် ။ ၀မ်းချုပ်ခြင်းရဲ့ common cause ဖြစ်ပါတယ် ။

၂ ။ အစားအသောက်

အမျှင်ဓါတ်စားတာနည်းတဲ့အတွက်ကြောင့် ၊ ရေသောက်တာနည်းတဲ့အတွက် ၊ အစားအစာ စားတာနည်းတဲ့အတွက် ၀မ်းချုပ်ခြင်းဖြစ်ရပါတယ် ။

၃ ။ ဆေးဝါးများ

ဆေးဝါးအများစုမှုာ ၀မ်းချုပ်တယ်ဆိုတဲ့ ဘေးထွက်ဆိုးကျိုးပါရှိကြပါတယ် ။ ဘာဆေးတွေလဲဆိုတော့ Opioids ( အကိုက် အခဲပျောက်ဆေးများ ) ၊ ဆီးဆေးများ ၊ စိတ်ကျရောဂါပျောက်ဆေးများ ၊ ယားယံခြင်းပျောက်သောဆေးများ ၊ ဗိုက်အောင့်ပျောက်ဆေးများ ၊ အတက်ကျဆေးများ ၊ အလူမီနီယံပါသော အစာအိမ်ဆေးများ စသည်တို့ဖြစ်ပါတယ် ။

၎ ။ Metabolic and Muscular

အင်ဒိုခရိုင်း ပြဿနာတွေဖြစ်တဲ့ ကယ်ဆီယမ်များခြင်း ၊ သိုင်းရိုက် ဟော်မုန်းနည်းခြင်း ၊ ဆီးချိုသွေးချို နဲ့ cystic fibrosis ၊ celiac disease စသည်တို့ဖြစ်ပါတယ် ။ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ မလှုပ်ရှားနိုင်တဲ့လူတွေမှာ ၀မ်းချုပ်ခြင်း အဖြစ်များပါတယ် ။

၅ ။ စိတ်ရောဂါဆိုင်ရာ

နာကျင်မှုကို အလွန်အမင်းကြောက်ရွံ့သူများ ၊ လူစုလူဝေး လူထု နားနေခန်းများကို ကြောက်သူများ ၊ ပျင်းရိသူများ ဟာလည်း ငယ်စဉ်ကတည်းက ၀မ်းချုပ်ခြင်းကို ခံစားရလေ့ရှိတဲ့ သူတွေဖြစ်တတ်ပါတယ် ။

ဝမ်းချုပ်ခြင်းကို ဘယ်လိုကာကွယ်ကုသမလဲ

တခါတခါမှာ ၀မ်းချုပ်ခြင်းကိုကုသတာထက် ကာကွယ်တာက ပိုလွယ်ပါတယ် ။ ၀မ်းချုပ်ခြင်းကို သက်သာစေဖို့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရပါမယ် ။ ရေများများသောက်ဖို့ လိုပြီး အမျှင်ဓါတ်အများကြီးပါတဲ့ အစားအ စာတွေစားဖို့လိုပါတယ် ။ မနက်စောစော ၀မ်းသွားတဲ့အကျင့် အိမ်သာ မှန်မှန်တက် တဲ့အကျင့် ကိုလည်းမွေး မြူဖို့လိုပါတယ် ။ ပုံမှန် ၀မ်းပျော့ဆေးတွေသုံးစွဲခြင်းက သိပ်တော့မကောင်းလှပါဘူး ။ ဘာလို့လည်း ဆိုတော့ ကျင်ကြီး စွန့်တဲ့အလေ့အထဟာ ကြာလာရင် အဲဒီဝမ်းပျော့ဆေးတွေအပေါ်မှာ တည်မှီလာမှာ ဖြစ်တဲ့အ တွက်ဖြစ်ပါတယ် ။ Mechanical stimulation အနေနဲ့ ၀မ်းချူဆေးလုံး Enemas ကိုလည်း အသုံးပြုနိုင်ပါတယ် ။ ဒါပေမယ့်ပလည်း ၀မ်းချူဆေး လုံးဟာ အစာဟောင်းအိမ် ( rectum ) ထဲက မစင်တွေကိုသာလျှင် စွန့်ထုတ်စေနိုင်ပြီး အစာအိမ် နဲ့အူလမ်းကြောင်း Intestinal tract ထဲကိုတော့ မရောက်ရှိနိုင်ပါဘူး ။

ဝမ်းပျော့ဆေးမှာလည်းအ သုံးများတာက MOM လို့ခေါ်တဲ့ Milk of Magensia ဖြစ်ပါတယ်ယ ။ဈေးသက်သာပြီး အန္တရာယ်မ ရှိတာကြောင့် လူသုံးများပါတယ် ။ MOM နဲ့မသက်သာမှသာလျှင် ခုနကပြောတဲ့ ၀မ်းချူဆေးလုံး stimulant တွေ ကိုသုံးသင့်ပါတယ် ။

အမျှင်တွေက ၀မ်းချုပ်ခြင်းကို ဘယ်လိုသက်သာစေသလဲ



အမျှင်ဓါတ် Fiber တွေဟာ အပင်တွေရဲ့ အစိတ်အပိုင်းဖြစ်ပြီး အမျှင်ဓါတ်ပါတဲ့ အစားအသောက်တွေဟာ အစားအ စာတွေ ကိုစားသောက်ပြီးတဲ့အခါမှာ အစာအိမ်နဲ့အူလမ်းကြောင်းအတွင်းမှာ ကျန်ရှိနေခဲ့ပါတယ် ။ အမျှင်တွေ ဟာ အရာဝထ္ထု တစ်ခုတည်းမဟုတ်ပဲ အစုအဝေးကြီးတစ်ခုသာလျှင်ဖြစ်ပါတယ် ။

အမျှင်မှာ soluble နဲ့ insoluble ဆိုပြီး ၂ မျိုးရှိပါတယ် ။ အစာအိမ်နဲ့အူလမ်းကြောင်းချောချောမွေ့မွေ့ဖြစ်စေဖို့အတွက် ဖိုက်ဘာ ၂ မျိုးစလုံး က မရှိမဖြစ်လိုအပ်ပါတယ် ။ ပျော်ဝင်နိုင်တဲ့ soluble fiber တွေဟာ သင့်ရဲ့ မစင် ထဲမှာ ရေတွေ ကို စိမ့်ဝင်စေပြီး ပျော့ပြောင်းစေပါတယ် ။ ဒီတော့ အူတွေကနေ စွန့်ထုတ်ရတာ လွယ်ကူသွားပါတယ် ။ မပျော်ဝင်နိုင်တဲ့ fiber တွေ ကတော့ မစင်တွေရဲ့ ပုံသဏ္ဍာန်ကိုပြောင်းလဲလိုက်ပြီး အလျှင်အမြန်စွန့်ထုတ်စေခြင်းအားဖြင့် သင့်ကို ၀မ်းချုပ်တဲ့ ခံစားချက်ကြီးကနေ လွတ်ကင်းစေမှာဖြစ်ပါတယ် ။ Virginia Commonwealth University Health Center in Richmond,Va မှ ဒါရိုက်တာ နဲ့ ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ Stephen Bickston က " အမျှင်ဓါတ် ပါတဲ့အစားအစာများများစားသုံးတဲ့လူတွေဟာ ၀မ်းချုပ်ခြင်းနည်းလေ့ရှိတယ် " လို့ပြောခဲ့ပါတယ် ။ American Dietetic Association ကတော့ အသက် ၁၉ နှစ်မှ ၅၀ အတွင်း အမျိုးသမီးတွေဟာ နေ့စဉ်အစားအသောက်ထဲမှာ ဖိုက်ဘာ ၂၅ ဂရမ်စားသုံး ရမယ်လို့ဆိုပါတယ် ။ ယောင်္ကျားတွေကတော့အဲဒီအသက်အရွယ်အပိုင်းအခြားမှာ ၃၈ ဂရမ်စားသုံး ရမယ်လို့ဆိုပါတယ် ။ ငါးဆယ်အထက် အမျိုးသမီးတွေကတော့ ၂၁ ဂရမ်စားသုံးသင့်ပြီး အမျိုးသားတွေကတော့ ၃၀ ဂရမ်စား သုံးသင့်ပါတယ် ။ Dr.Bickston ညွှန်ပြခဲ့တာကတော့ အမေရိကန်တွေဟာ ပျမ်းမျှ တစ်နေ့ကို ဖိုက်ဘာ အမျှင် ဓါတ် ၁၃ ဂရမ်စားသုံးတယ်လို့ဆိုပါတယ် ။ ဒါဟာ သတ်မှတ်ထားတာကိုရောက်ဖို့ လိုပါသေးတယ်တဲ့ ။

အမျှင်ဓါတ်ပါတဲ့ အစားအစာ အများစုမှာ ဗီတာမင် သတ္တုဓါတ်တွေနဲ့ပါဝင်ပြီး အဆီနဲ့ ကယ်လိုရီတွေတော့ နည်းလေ့ ရှိပါတယ် ။ အမျှင်ဓါတ်ပါသောအစားစာတွေကတော့

- သစ်သီးများ (သစ်တော်သီး ၊ ပန်းသီး ၊ လိမ္မော်သီး စသည် )
- အရွက်များ ( ဂေါ်ဖီ ၊ ပန်းဂေါ်ဖီစိမ်း ၊ မုန်လာဥ ၊ အာလူး ၊ ဖယုံ စသည်)
- ပဲအမျိုးမျိုး ၊ စားတော်ပဲ ၊ ပဲနီကလေး
- ဂျုံပေါင်မုန့် ၊ ဆန်ညို ၊ ဖွဲမှုန့် ၊ အုတ်ဂျုံမှုန့်
- နေကြာစေ့ ၊ မြေပဲ ၊ မက်မွန် ၊ သစ်ကြားသီး စသည်တို့ပဲဖြစ်ပါတယ် ။ ယခုနောက်ပိုင်းမှာ အမျှင် စားတာနည်း တဲ့သူတွေ အတွက် Ispaghula husk လို့ခေါ်တဲ့ Psyllium လို့ခေါ်တဲ့အပင်တစ်မျိုးကနေထုတ်လုပ်ထားတဲ့ အမျှင်ဖြည့် စွက် အမှုန့် လေးတွေ ဈေးကွက်ထဲဝင်ရောက်နေပြီဖြစ်ပါတယ် ။ တစ်ခါသောက်ရင်ရင် တစ်ထုပ်လုံး ကို ရေဖန် ထွက်ထဲ ထည့် မွှေနှောက်ပြီးသောက်သုံးနိုင်ပါတယ် ။

ဝမ်းချုပ်တဲ့လူတွေကိုအကြံပေးလိုတာကတော့

၁ ။ ရေများများသောက်ပါ ။ သစ်သီးဖျော်ရည်စတဲ့ အရည်မျိုးစုံသောက်သုံးဖို့လိုပါတယ် ။
၂ ။ အမျှင်ပါတဲ့ အစားအစာ အများအပြား စားသုံးပေးဖို့လိုပါတယ် ။
၃ ။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ ။
၎ ။ နေ့စဉ်ပုံမှန်ဝမ်းသွားတတ်တဲ့အလေ့အကျင့်ကိုမွေးမြူပါ ။
၅ ။ စိတ်ဖိစီးမှုကို တတ်နိုင်သလောက်လျော့ချပါ ။
၆ ။ ၀မ်းချုပ်တာ ရှည်ကြာနေပြီ ၊ ၀မ်းပျော့ဆေးတွေသောက်တာလည်းမသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသ မှု ခံယူပါ ။
၇ ။ဝမ်းချုပ်စေတဲ့အစာတွေဖြစ်တဲ့ ကောက်ညှင်း စသည်တို့ကို လျော့စားပေးဖို့လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ် ။

Ref : http://en.wikipedia.org/wiki/Constipation
: http://www.everydayhealth.com/digestive-health/fiber-and-constipation.aspx

သက်တန့်ချို
25 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Facebook video download

Facebook က video file တွေကို ဒေါင်းဖို့အခက်အခဲ ဖြစ်နေသူတွေအတွက် အဆင်ပြေမယ့် apk လေးပါ။ ES file explorer လို့ခေါ်ပါတယ်။ file manager apk ဆိုပေမယ့် သူ့ထဲမှာ download manager တို့ sd analysis တို့ installerတို့ unstaller တို့လို features တွေအများကြီးပါဝင်ပါတယ်။ အဲဒါလေးကို install လုပ်ထားရင် fb က video ကိုဖွင့်တဲ့အခါ ပုံပါအတိုင်း pop upလေးတပ်လာပါလိမ့်မယ်။ အဲဒီမှာ es downloader လေးကိုရွေးပေးလိုက်ပါ။ ဒေါင်းလုတ်ဆွဲသွားပါလိမ့်မယ်။ သုံးကြည့်ရင် ကျန်တဲ့အားသာချက်တွေအများကြီးတွေ့ရဦးမှာပါ။
လိုချင်ရင် အောက်မှာ ဒေါင်းပါ။ သိပြီးသားဆိုရင်တော့ ဆရာကြီးလုပ်တယ် မယူဆစေချင်ပါဘူးနော် :-)
ES file explorer

Mind Freak

အရာရာဟာ ကိုယ်နဲ့မဆိုင်တော့သလို
ကိုယ်ဟာအရာရာနဲ့မဆိုင်တော့
အားလုံးနဲ့ဝေး
ငြိတွယ်ရာ ဖက်တွယ်ရာနဲ့ဝေး
ရူးသွပ်မှုနဲ့ဝေး
စိတ္တဇနာမ်အားလုံးနဲ့ဝေး။
ကလေးငယ်လေးက ပုန်ကန်တတ်တယ်
မိဘစကားနားမထောင်ဘူး
သူထင်ရာသူလုပ်တယ်
တဇွတ်ထိုးလေး
ဖောက်ထွက်တယ်
သူ့ကိုပိတ်လှောင်ထားတဲ့နံရံတွေကို ဖောက်ထွက်တယ်
သူမိထားတဲ့ လောင်းရိပ်ကို ပေါင်းသင်ပစ်တယ်
အချုပ်အနှောင်တွေအားလုံးကို ဖောက်ထွက်တယ်
နောက်ဆုံး ဖောက်ထွက်စရာရှာမရရင်
သူ့ကိုယ်သူဖောက်ထွက်ပစ်တယ်
ခေတ်ကိုဦးဆောင်မဲ့ လူ။
ကျောင်းတတ်ရမှာပျင်းပြီး
ကျောင်းလစ်မိရင် ကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံး
ဘယ်လိုလူ့အဖွဲ့အစည်းနဲ့မှ အံမ၀င်သူ။
ဘီယာကို အမြှုပ်ထလို့ကြိုက်တယ်
ဘီယာကို ခါးလို့ကြိုက်တယ်
ဘီယာဟာ ရီ ဝေ ဝေ မို့ကြိုက်တယ်
ဘီယာဟာ ခန္ဓာကိုယ်ထဲမှာ ကြာကြာမနေလို့ကြိုက်တယ်။
နာကျင်မှုတွေကို မုန်းသလောက်
နာကျင်မှုမရှိရင်မနေတတ်တဲ့
ဒီလူ့အန္ဓက
သူ့ကိုယ်သူ mind freak လို့ခေါ်သတဲ့။
Hello Mr.Mind Freak
Nice to meet you
How do you do?
What u gonna do?
-- Loading—
?problem loading page
Reload
Web page not available.
Thank you.
ခေတ်ကို မျက်ခြေမပြတ်စေနဲ့
ခေတ်နောက်ကိုလိုက်
လိုက် … လိုက်
ခေတ်ရဲ့ခြေရာကို မျက်ခြေမပြတ်စေနဲ့
ရှာ ရှာ ပေါက် ပေါက်
ရိုင်ဖယ် မပြောနဲ့
လေး နဲ့ မြားတောင် တည့်အောင်မပစ်တတ်
ဘယ်လိုလုပ် မုဆိုးကောင်းဖြစ်နိုင်မှာလဲ
ခွေးတွေတော့အများကြီးရှိတယ်။
ဒါဆိုလည်း လိုက် .. လိုက် ..
ခေတ်ရေစီးကြောင်းထဲကို မျှော လိုက်
မျှော ပြီးတော့ လိုက်
မျှော်ပြီးတော့ လိုက်
ဒီလို နဲ့ မျော မျော သွား
ဒီလိုနဲ့ မြစ်ဖျားခံရာနဲ့ ဝေး ဝေး သွား
ကျွန်တော်တို့ရဲ့ အ၀တ်အစားတွေဟာ
အရင်လို ဖိုသီ ဖက်သီ မနေတော့
ကပ်ကပ် ရပ်ရပ်ဖြစ်လာ
ကပ်ကပ် သပ်သပ်ဖြစ်လာ
ကြပ်ကြပ် ညက်ညက်ဖြစ်လာ
အ၀တ်ချုပ်သူတို့ဟာလည်း ဖြတ်တိုင်းပြတ်တဲ့သံမဏိကတ်ကြေးတွေကို
အသုံးပြုလာ
ဒီဂျာနယ်က ခရီးတွေအများကြီးဖြတ်သန်းခဲ့တယ်ထင်ရဲ့
သူ့ရဲ့ ပေါင်လုံးတွေက တုတ်တယ်
ဟိုစာစောင်ကရော .. ..
ဒီမဂ္ဂဇင်းကရော. ..
ဒီလိုနဲ့ ကိုယ်စီးတဲ့မြင်း အထီး အမ ခွဲခြားချိန်မရလိုက်တဲ့အတောအတွင်းမှာ
ရေစီးကြောင်းတွေက ကျွန်တော်တို့ရဲ့ အ၀တ်စတွေကို ခိုးယူသွားတယ်။
Hello Mind Freak
I know you can do it.
Break it.
Right now.
ဘယ်ရုပ်သံလိုင်းကမှ
အရေးတယူလုပ်မပြတဲ့ ပညာပေးအစီအစဉ်ကို
ကျောင်းလစ်ရင်း …
ဘီယာသောက်ရင်း .. ..
နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရင်း….
စီးကရက်သောက်သလိုပေါ့ဗျာ
တိုအောင်ဖွာရှိုက်လိုက်မှရလာတဲ့ခံစားချက်
ထွက်လာတဲ့အခိုးအငွေ့တွေက အတိတ်
ခင်ဗျားဘာတွေကို ဖောက်ထွက်ခဲ့ပြီလဲ
ဆိုကြပါစို့
Obama က post တစ်ခုတင်တယ်
“ဒီ post က like 10000 ရလျင် President အနေဖြင့်
ဒုတိယအကြိမ်ထမ်းဆောင်ခွင့်ရမည်ဟု ရွေးချယ်ရေးအဖွဲ့က ပြောသည်

စိတ္တဇ လွင့်မြော အိပ်မက်

ကောင်းကင်မှာသာနေတဲ့ လမင်း
သူမအပေါ်မှာလည်းအချိုးမပြောင်းကြောင်း သိစေချင်သည်။
အိပ်မက်ထဲမှာတောင် ညင်သာစွာကြဲဖြန့်ခဲ့သေးသည်
သိပ်ကိုမွှေးမြတဲ့ ပန်းဝတ်မုံလေးတွေပေါ့
သူမပါးပြင်ပေါ်မှာနှင်းလိုဝေ့နေတာ။
ဒီအချိန်ဆို သူမအိပ်ပျော်နေရော့မည်
ပျားရည်ရောင်အေးချမ်းမှုများ
သူမမျက်နှာကျက်တွင်စိုရွှဲနေစေချင်သည်။
တေးသံချိုချိုအေးအေးလေးများနှင်
ချော့မသိပ်လိုက်ရသည့်အတွက်
တောင်းပန်ရဦးမည်။
သူမအိပ်ရာနိုးချိန်တွင်အသုံးပြုရန်
အနမ်းများဖြင့်ပြီးသောတဘက်တစ်ထည
ရက်လုပ်ရဦးမည်။
အလွမ်းများနှင့်သာခြုံလွှမ်းပေးနိုင်ပါသည်
ခွင့်လွှတ်ပါ။
စိတ်ကူးများနှင့် အိမ်တစ်လုံးဆောက်တယ်
စမ်းချောင်းလေးလဲ ငြိမ်သက်စွာစီးဆင်းနေတယ်
မြက်ခင်းစိမ်းလေးလည်း လမ်းလျှောက်နေတယ်
ခုံတန်းလေးလဲထိုင်နေတယ်
လေညှင်းတွေကလည်း
ပန်းကလေးရဲ့ဆံနွယ်စတွေကိုဆော့ကစားနေကြတယ်
ငါ့ရဲ့ကမ္ဘာလေးကသာယာလှချေလားကွယ်
ငှက်ကလေးတွေပျံလာသည်
သစ်ပင်တွေပျော်ကြပေလိမ့်မည်။
သစ်သီးလေးများကြွေကျလာသည်
နောက်ထပ်သစ်ပင်များပေါက်ဖွားလာကြဦးမည်။
ငါ့ကမ္ဘာလေးကြွေကျသွားသည်
နှလုံးသားပေါ်ကျသည်။
နောက်ထပ်ကမ္ဘာလေးတစ်ခုမွေးဖွားလာသည်
အလွမ်းကမ္ဘာ။
တိမ်တိုက်ကလေးများရွေ့လာသည်
ကောင်းကင်ကဝေးရာကိုသွားသည်
သူတို့ဝေးမသွားကြပါ။
ဟိုးအဝေးတွင်ကောင်မလေးတစ်ယောက်ရှိသည်
တောင်လေတိုက်မလား
မြောက်လေတိုက်မလား
အလည်တွင်ရပ်စောင့်သည်
ကြာံပီ
ဒီနေ့
ငါမျှော်နေတဲ့သူရောက်မလာပါ။

မိုးဇက်

ခံစားရတယ်

ကျွန်တော်က UCH apk လေးကို ဒီက ဖြန့်လိုက်တော့ ဘယ်သူမှ ကောင်းတယ်လည်း မပြော ဆိုးတယ်လည်းမပြောဆိုတော့
နေနိုင်သူကြီးရယ် သီချင်းဆိုပြီး နှုတ်သာပိတ်နေရ
ဒါပေမယ့်တစ်နေ့ကျတော့ 1comment ဆိုပြီး ပေါ်နေတော့ ပျော်သွားတာဗျ
ခက်တာက တိုက်ခိုက်သူတစ်ယောက်က ရေးသွားတာ။
ပေါက်ကရတွေတဲ့
ဟုတ်ပါတယ်
ကျွန်တော် ပေါက်ကရတွေပဲလုပ်တတ်သေးတာပါ။ ဆရာကြီး မဟုတ်ပါဘူး။ အဲဒီဆရာကြီကတော့ ဘယ်လောက်ပေါက်မြောက်နေပြီလဲ မပြောတတ်ဘူး။
တော်တော်ခံစားရပါတယ်။ ကျွန်တော်သူငယ်ချင်းတွေအတွက်ကျွန်တော်ရေးတာပါ။ မကြိုက်တဲ့သူ ၀င်မကြည့်ဘဲနေနိုင်ပါတယ်။ ဘယ်သူ့ကိုမှကျွန်တော် အတင်းမ၀င်ခိုင်းပါ.။ ဒါကြောင့်အခုထိလည်း ကျွန်တော့်မှာ မန်ဘာတစ်ယောက်မှမရှိပါဘူး။ ကိစ္စမရှိပါဗျာ။

မိုးဇက်ရဲ့ ကဗျာ

ပုံဆိုး ပန်းဆိုးများ facebook ပေါ်ရောက်သွားသောအခါ
ပုံတူတွေကူးကြ
ပုံတူတွေဆွဲကြ
မနေ့က မနက်ဖြန်ဟာ ဒီနေ့ဖြစ်ကြောင်း
Copyကူးလိုသူ မနက်ဖြန်ထံ ကြေးနန်းရိုက်လိုက်တယ်
ဒီလိုနဲ့ ကျွန်တော်တို့ဟာ အမေရိကမှာနေကြ
ဥရောပမှာနေကြ
နေချင်တဲ့ နေရာမှာ နေကြ အိမ်ပြန်မလာနဲ့ ဟုအမေကပြောသည်။
မနေ့ကပို့လိုက်တဲ့ message ရလား
မရသေးရင် ပြန်ရှာဖတ်လိုက်ဦး
အချိန်မရှိဘူးသူငယ်ချင်း
ခေတ်ကိုမီအောင်လိုက်ရဦးမယ်
စားသွက်သွက် သွားသွက်သွက်
ထိုင်ရင်လည်း သွက်သွက်
ဘတ်စ်ကားတိုးစီးနေတာလား
အချိန်ကိုဖမ်းပြီး လှောင်ချိုင့်ထဲထည့်ထား
သူက ခင်ဗျားဖိနပ်ကို နောက်ကနေ တက်မနင်းခင်။
“ကြက်သားရှိသေးလား အမ”
ကိုဇေဦးယျာက မေးတယ်
“မရှိတော့ဘူးမောင်လေး
အရိုးလေးပဲ ပြုတ် ကျော် လုပ်ထားတယ်
စားမလား”
ကိုဇေဦးယျာ ဖိနပ်ပါပျောက်သွားသည်။
ရွေ့နေတယ်
အချိန်က ရွေ့နေတယ်
လူတွေကရွေ့နေတယ်
လမ်းပေါ်မှာ လူတွေ ကိုယ့်ဆန္ဒနဲ့ကိုယ်ရွေ့ဖို့
အာဏာပိုင်တွေဆီကို တစ်ပတ်ကြိုခွင့်တောင်းရတယ်
လောကကြီးတွင် ဘယ်အရာမှမမြဲ
လူတွေကိုယ့်စိတ်ကိုယ်မပိုင်ကြတော့
ကိုယ့်ဆန္ဒကိုယ်မပိုင်ကြတော့
ကိုယ့်ဘ၀ကိုယ်မပိုင်ကြတေှာ့
ပိုင်ဆိုင်မှုကို မပိုင်ရလေတော့
မပိုင်ဆိုင်ခြင်းကိုရင်မှာပိုက်
ခေါင်းငိုက်စိုက်နဲ့
အသည်းကွဲသမားစတိုင်လ်နဲ့
ငယ်တို့နှစ်ယောက်ရဲ့ဘ၀ဟာ မျဉ်းပြိုင်နှစ်ကြောင်းလို
ဘယ်တော့မှမဆုံနိုင်တော့ပါဘူး
ဒီဘ၀ ဒီမျှနဲ့ ဝေးလိုက်ကြပါစို့
ချစ်သူဆီကဖြတ်စာရတယ်
Ok
သူမလို မျဉ်းဖြောင့်ကြီးတစ်ကြောင်းနှင်
ကျွန်တော်မပတ်သက်လိုတော့။
ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို ကင်မရာကိုကြည့်ခိုင်းသည်
ကျွန်တော်မကြည့်တတ်ပါ
ဒီလိုနဲ့ ဓာတ်ပုံကောင်းတစ်ပုံ ဘယ်လိုလုပ်ရမှာလဲဟု
သူကပြောသည်
လှလှလေးရိုက်နော်
Facebookပေါ်တင်ရအောင်
နှုတ်ခမ်းလေးတွေဆူပြီး
မှန်ထဲကြည့်ရိုက်လိုက်ကြသည်။
(flash တောင်ဖွင့်လိုက်သေး)။

မိုးဇက်

ဘ၀စီးခြင်း

ဟောဒီက သောက်ရူးမောင်းနေတဲ့ ဘ၀အိုကြီးမှာ
ခင်များ ဘတ်စ်ကားနံပါတ်တော့မှန်အောင်စီးတတ်ဖို့လိုတယ်။
ရှေ့တိုးရှေ့တိုး အလယ်တန်းလေးကိုင်ပြီး ရှေ့တိုး
ဘေးကပ် အလယ်တန်းဖြုတ်ပြီး ဘေးတန်းလေးကိုင်
နေရာမရခင်အထိတော့ နေရာမရှိဘူး။
သောင်ပြင်ပေါ်ကခွေးကတောင် လွတ်လွတ်လပ်လပ်အူလို့ရသေး။
ခင်များမှာတော့..............။့
သြော်...... .မကျေနပ်ဘူးလား
အူဖို့တော့မစဉ်းစားနဲ့
နေသာအောင် တစ်ချက်လောက်တော့ဘူလိုက်
အထူအပါးမသိရင်တော့ အဆဲခံရမယ်။
ကြားမှတ်တိုင်မှာ မဆင်းရင်တော့ နေရာရမှာသေချာတယ်။
ထိုင်ပါ ဘေးခုံလေးဝင်ထိုင်
၈ယောက်ထိုင်ပါ ၉ယောက်ထိုင်ပါ
နေရာကိုမက်မောရင်း အသက်ရှူရကျပ်ကျပ်လာ
နေရာမှာ အောက်စီဂျင်မပါဘူး။
နေရာမှာအခန့်သားထိုင်မနေနဲ့
ဟိုမှာ ခြင်းတောင်းကိုဆွဲလို့
ကူညီပါရစေ ပြောစရာမလိုဘူး
လက်တစ်ဖက်အသာလှမ်းလိုက်
အပြုံးတစ်ခုပြန်ရမယ်။
ဒါဟာ ယဉ်ကျေးမှုတစ်ခုပဲ
ခင်များမှတ်ထားဖို့က
သောက်ရူးမောင်းနေတဲ့ ဘ၀အိုကြီးပေါ်က
နေရာမှာ အောက်စီဂျင်မပါဘူး

မကြိုက်လည်း ခင်ဗျားနောက်က လိုက်နေမယ့် တံဆိပ်တွေ

တံဆိပ်ကိုမကြိုက်ရင် သမိုင်းဦးဘုံမြေခေတ်ကို ပြန်သွား
တံဆိပ်က လူသားတွေလို
နောင်နှစ်ပေါင်းထောင်ချီသည်အထိ မျိုးမတုံးနိုင်တဲ့သတ္တ၀ါ
တံဆိပ်ဟာ လိုအပ်ချက်တစ်ခု
မလိုချင်လည်း ခင်များနောက်က ကပ်လိုက်လာမယ့်အရိပ်
အသားကိုဆိတ်ရင် အရာထင်နေမယ့် အသားတံဆိပ် ထင်ရှားတဲ့အမှတ်အသား
ခင်များ "levi's" ဘောင်းဘီမကြိုက်ဘူးလား ဒါဆိုဦးဂျမ်းဝတ်လိုက်
နိုင်ငံခြားတံဆိပ်မုန်းရင် ပြည်တွင်းဖြစ်ကိုသုံး
တံဆိပ်လေးတော့ စဉ်းစားထား တံဆိပ်ဟာအရိပ်ပဲ
အိပ်မက်ထဲမှာ တံဆိပ်က လိုက်လို့ ပြေးရတယ်ဆိုလား
ချောက်နက်ကြီးထဲကပ်နေတဲ့ တံဆိပ်ကို အလန့်တကြားခွာလို့
တာဝတိသာတံဆိပ်၊ တုသိတာ၊ စတုမဟာရာဇ်တံဆိပ်၊
ကောင်းကင်ဘုံတံဆိပ်၊ ယောရုဝတံဆိပ်၊ ဂလိုဘယ်တံဆိပ်၊
နျူကလီးယားတံဆိပ်၊ ကိုရီးယားတံဆိပ်၊
မနက်မိုးလင်းရင် တံဆိပ်နဲ့တိုးပြီ၊ လေဆာနဲ့တိုက်မှာလား၊ 3D နဲ့လား
တံဆိပ်မကြိုက်ရင် မီးသွေးဖြစ်ဖြစ်ဆားဖြစ်ဖြစ်
"ရှား"မီးသွေးလား၊ "အိုင်အိုဒင်း" ဆားလား
လာပြန်ပြီတံဆိပ်
လက်ဝဲတံဆိပ်၊ လက်ျာတံဆိပ်၊ ရိုမန်တစ်တံဆိပ်၊ မော်ဒန်တံဆိပ်
ပို့စ်မော်ဒန်တံဆိပ်၊ နီယိုမော်ဒန်တံဆိပ်၊ ဘာတံဆိပ်၊ ညာတံဆိပ်
တံဆိပ်တွေနဲ့လွတ်အောင်ပြေး
ခြေတစ်လှမ်းစတာနဲ့ တံဆိပ်က ကပ်ပါလာပြီ
"ဆင်ခြောက်ကောင်"လား၊ "စက်ယက္ကန်း"လား၊ "ရွှေနှင်းဆီ"လား
မြန်မာမဟုတ်ရင် တရုတ်၊ အင်္ဂလိပ်၊ ဂျပန်၊ ကိုးရီးယား၊ အိန္ဒိယ
"Adda" ကွင်းထိုးလား၊ "TRI" ကြိုးသိုင်းလား
"All Star" လား၊ "WALKER" လား
တံဆိပ်ကတော့ ရှုပ်နေပြီ
မပျော်ရွှင်လို့ မော့သောက်ပစ်မယ့် အဆိပ်ပုလင်းမှာလည်း တံဆိပ်နဲ့
ကိုယ့်နားထင်ကိုယ်တေ့ပစ်မယ့် သေနတ်မှာလည်း တံဆိပ်နဲ့
( မင်းကတံဆိပ်ကြော်ညာသူလား၊ မင်းက တံဆိပ်တွေနောက်လိုက်နေသူလား
မင်းက တံဆိပ်တွေ သိပ်ကြိုက်ပုံပဲ၊ တံဆိပ်တွေ့နည်းနည်းလျှော့ )
တံဆိပ်မကြိုက်လို့ မော့သောက်လိုက်ရတဲ့ အရက်ပုလင်းမှာလည်း တံဆိပ်နဲ့
နားရင်းလက်ပြန်ရိုက်
ပွင့်ထွက်သွားတဲ့အလင်းတန်းမှာ တံဆိပ်တန်းလန်း
အနုပညာဟာလည်း လူနေမှုဘ၀ထဲက တံဆိပ်တစ်ခုလား
ပန်းချီတံဆိပ်၊ ကဗျာတံဆိပ်၊ ရုပ်ရှင်တံဆိပ်၊ သီချင်းတံဆိပ်
တံဆိပ်ကတော့ စိတ်နာအောင် လာလုပ်နေပြီ
အလန့်တကြားကိုယ့်ကို ငုံ့ကြည့် "လင်းသဏ်ညီ" တံဆိပ်
တံဆိပ်တွေက ပျောက်ဆုံးမသွားဘူး၊ တံဆိပ်ဟာ မုန်းစရာလား
ဘာတံဆိပ်မှမကြိုက်ရင် ဗလာကျင်းနေတဲ့ကိုယ်နဲ့လာခဲ့
ဘာမှမပါဘူးဆိုပြီး မှိန်းမနေနဲ့
ခင်များနာမည်ကလည်း တံဆိပ်တစ်ခုပဲ။

စမ်းသပ်ပို့စ်

ဒီပိုစ့်သည် စမ်းသပ်ပို့စ် သာ ဖြစ်သည်။
ဒီဆိုဒ်သည်လည်း ကျောင်းက ယခုလက်ရှိဖွင့်ဖို့ စီစဉ်လျက်ရှိသော ဆိုဒ်အတွက် ဖြစ်စေချင်သော
ပုံစံတစ်ခုသာ ဖြစ်ပါသည်။



 

လှသမိန်၏ ဘန်းစကားဆိုသော စအုပ်ကို အောက်က link မှာ download ရယူပါ


လှသမိန်၏ ဘန်းစကား

စမ်းသပ်ပို့စ်

ဒီပိုစ့်သည် စမ်းသပ်ပို့စ် သာ ဖြစ်သည်။
ဒီဆိုဒ်သည်လည်း ကျောင်းက ယခုလက်ရှိဖွင့်ဖို့ စီစဉ်လျက်ရှိသော ဆိုဒ်အတွက် ဖြစ်စေချင်သော
ပုံစံတစ်ခုသာ ဖြစ်ပါသည်။

စမ်းသပ်ပို့စ်

ဒီပိုစ့်သည် စမ်းသပ်ပို့စ် သာ ဖြစ်သည်။
ဒီဆိုဒ်သည်လည်း ကျောင်းက ယခုလက်ရှိဖွင့်ဖို့ စီစဉ်လျက်ရှိသော ဆိုဒ်အတွက် ဖြစ်စေချင်သော
ပုံစံတစ်ခုသာ ဖြစ်ပါသည်။

Tuesday, September 3, 2013

တစ်ရက် နှစ်ရက် မမြင်ရဘူး

နိုင်ငံတကာ အမျိုးသမီး ညီလာခံတစ်ခု ကျင်းပသည်။ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီး
အများအပြား တက်ရောက်ကြသည်။

အမေရိကန် အမျိုးသမီးတစ်ယောက်က သူ့အတွေ့အကြုံကိုပြောပြသည်။
“ကျွန်မ ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာပဲ သူ့ကို ပြောလိုက်တယ်။ ကျွန်မ
သန့်ရှင်းရေး မလုပ်နိုင်ဘူး၊ အိမ်မရှင်းနိုင်ဘူးလို့။ အဲ့ဒီနောက် သူ့ကို
တစ်ရက် နှစ်ရက် မမြင်ရဘူး။ သုံးရက်မြောက်နေ့မှ သူပုံးတစ်ပုံးနဲ့
ပြန်ရောက်လာတယ်။ ပုံးထဲမှာ စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က သန့်ရှင်းရေး
လုပ်ပေးတယ်။ အိမ်ရှင်းပေးတယ်”
အင်္ဂလိပ် အမျိုးသမီး အလှည့်ရောက်လာသည်။
“ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ ထမင်း
မချက်နိုင်ဘူး၊ ပန်းကန်လည်း မဆေးနိုင်ဘူးလို့။ တစ်ရက် နှစ်ရက် မမြင်ရဘူး။
သုံးရက်မြောက်နေ့မှ သေတ္တာတစ်လုံးနဲ့ ပြန်ရောက်လာတယ်။ သေတ္တာထဲမှာ
စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က ထမင်းချက်ပေးတယ်၊ ပန်းကန်ဆေးပေးတယ်။
မြန်မာအမျိုးသမီး အလှည့်သို့ ရောက်လာရာ …
“ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ
တံမြက်စည်း မလှည်းနိုင်ဘူး၊ ရေမခပ်နိုင်ဘူး၊ ထမင်းမချက်ပေးနိုင်ဘူး၊
ပန်းကန်လည်း မဆေးနိုင်ဘူး။ တစ်ရက် မမြင်ရဘူး။ နှစ်ရက်မမြင်ရဘူး။ အဲ့..
သုံးရက်မြောက်နေ့မှာ ဘယ်ဖက် မျက်လုံးက နည်းနည်း ပြန်မြင်လာတယ်”

ဟာသ ပါပဲ အာဘန်းရယ်

အာဘန်း ~ “ကျွန်တော်ဂုဏ်ယူတယ်ဗျာ။ ကျွန်တော့သားက ဆေးတက္ကသိုလ်မှာလေ”
မိတ်ဆွေ ~ “ဟုတ်လား။ သူက ဘာတွေ လေ့လာနေတာလည်းဗျ”
အာဘန်း ~ “သူကလေ့လာနေတာ မဟုတ်ဘူးဗျ။ လုတွေက သူ့ကို လေ့လာနေကြတာ”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “ဆရာရယ် ကျွန်တော်လေ ညတိုင်း ဘောလုံးကစားနေတယ်လို့ အိပ်မက်မက်နေတယ်”
ဆရာဝန် ~ “ဒီဆေးလေးသာ သောက်လိုက်ပါ။ ခင်ဗျား အဆင်ပြေသွားလိမ့်မယ်”
အာဘန်း ~ “မနက်ဖြန်မှ သောက်လို့ရလား ဆရာ။ ဒီညက ဖိုင်နယ်ပွဲမို့ပါ”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “ငါသေရင် မင်းနောင်အိမ်ထောင်ပြုမှာလား မိန်းမ”
အာဘန်းရဲ့ဇနီး ~ “မပြုပါဘူးရှင်။ ကျွန်မညီမနဲ့ပဲ သွားနေတော့မှာပေါ့။ ဒါနဲ့
ကျွန်မသေရင်ရော ရှင်နောက် အိမ်ထောင်ပြုမှာလား”
အာဘန်း ~ “ငါလည်း မပြုပါဘူးကွာ။ ငါလည်း မင်းညီမနဲ့ပဲ သွားနေတော့မှာပေါ့”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “လူတွေက ငါ့ကိုဘုရားလို့ ထင်ကြတယ်ကွ”
အာဘန်းရဲ့ဇနီး ~ “ရှင်က ဘယ်လိုလုပ်ပြီး သိတာတုန်း”
အာဘန်း ~ “ငါဒီနေ့ ပန်းခြံထဲသွားတော့ လူတိုင်းက “ဘုရား ဘုရား ခင်ဗျားလာပြန်ပြီ”
လို့ ပြောကြတယ်ကွ”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်းက ရဲအရာရှိကို တိုင်ကြားနေပါတယ်။
“ရဲအရာရှိကြီးရယ် ကျွန်တော့်အိမ်မှာ TV ကလွဲလို့ တခြားဘာပစ္စည်းမှ မကျန်တော့ဘူး”
ရဲအရာရှိ ~ “သူခိုးက TV ကိုတော့ ဘာလို့များ ယူမသွားပါလိမ့်”
အာဘန်း ~ “ကျွန်တော်က TV မှာပြတဲ့သတင်း ကြည့်နေတာကိုး”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
ကျောင်းနေတုန်းကအချိန်တွေမှာ အာဘန်းကို ဘယ်လိုပုံစံနဲ့ အမှတ်ရနေပါသလဲ?
အားဘန်းဟာ ဆရာမ ကျောက်သင်ပုန်းကို ဖျက်တိုင်း သူ့မှတ်စုစာအုပ်ထဲက စာတွေကို
ခဲဖျက်နဲ့ လိုက်ဖျက်ပစ်တတ်တဲ့သူပေါ့။

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်းဟာ ဘားဆိုင်တစ်ဆိုင်ထဲမှာ ထိုင်နေတုန်း သူ့ဆယ်လူလာဖုန်းက မြည်လာပါတယ်။
သူက ကောက်ကိုင်လိုက်ပြီး “ဟယ်လို ငါ ဒီမှာရှိနေတာကို မင်းဘယ်လိုလုပ်သိလဲဟင်”
လို့ မေးလိုက်ပါတယ်။

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “ဘာလို့အဲဒီလူတွေအားလုံး ပြေးနေကြတာလည်း”
ဘေးကလူ ~ “ဒါပြိုင်ပွဲလေ။ နိုင်တဲ့သူက အဲဒီဆုဖလားကို ရမှာပေါ့”
အာဘန်း ~ “နိုင်တဲ့သူတစ်ယောက်ပဲ အဲဒီဆုဖလားကိုရမှာကိုများ တခြားလူတွေက
ဘာလို့များ ပြေးနေကြတာလည်း”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်းက သူ့ရဲ့အစေခံလေးကို ပြောလိုက်ပါတယ် “ပန်းပင်တွေ ရေသွားလောင်းစမ်း”
အစေခံလေး ~ “အပြင်မှာ မိုးတွေရွာနေပါပြီ ဆရာ”
အာဘန်း ~ “အဲဒါဘာဖြစ်လည်း။ ထီးယူပြီး သွားလေ…”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

မှားမှ မှားတတ်ပလေ ကွယ်

ခရီးထွက်လာသော လူတစ်ယောက်သည် ဟိုတယ်တစ်ခုတွင် Check-in ၀င်ပြီးသည့်နောက် သူနေရမည့် အခန်းသို့ ၀င်သွားသည်။ အခန်းထဲတွင် ကွန်ပျူတာတစ်လုံးကို တွေ့သော အခါ ၀မ်းသာအားရ သူ၏ ဇနီးသည် ထံသို့ email တစ်စောင် ပို့လိုက်သည်။ ဒါပေမယ့် email မှာ လိပ်စာမှားသွားသည်ကို သတိမထားမိလိုက်ချေ။
မြို့တစ်မြို့၏ နေအိမ်တစ်ခုတွင် လင်ယောက်ျားဆုံးသွား သဖြင့် ပူဆွေးနေသော မုဆိုးမ တစ်ယောက် email စစ်နေသည်။ ခဏနေတော့ သူမ၏ သား အခန်းထဲ ၀င်လာရော email ဖတ်ရင်း လဲကျနေသော သူ၏ မိခင်ကို တွေ့ရလေသည်။
သူ့အမေဖွင့်ထားသော email မှာ
သို့
အချစ်ကလေး
အကြောင်းအရာ။ ကောင်းကောင်းမွန်မွန်ရောက်ရှိကြောင်း
နေ့စွဲ။ ၅ သြဂုတ် ၂၀၀၈
အချစ်ကလေးရေ။ မောင့်စာကို ဖတ်လိုက်ရလို့ အံ့သြသွားလား။ သူတို့ မောင့်ကို ကွန်ပြူတာ ပေးသုံးပြီး ချစ်တဲ့သူတွေဆီ email ပေးပို့တယ်။ မောင်အခုပဲ ဒီကို ရောက်ပြီး Check-In လုပ်လိုက်တယ်။ မနက်ဖြန်ရောက်လာမဲ့ အချစ်လေးအတွက် သူတို့ သေချာ ပြင်ဆင်ထားတာ တွေ့တယ်။
မနက်ဖြန်တွေ့ကြရအောင်နော်
ချစ်တဲ့
မောင်

Health and Misbeliefs ...

ကျန်းမာရေးနှင့်သက်ဆိုင်သောအယူလွဲများ

ကျွန်မတို့ မြန်မာ လူမျိုးများတွင် ရှေးယခင် အဆက်ဆက် ကပင် လိုက်နာ ကျင့်သုံးခဲ့ကြသော မိရိုးဖလာ အယူအဆပေါင်း များစွာ ရှိနေပါသည်။ အခြားသော အယူအဆများကို မဆွေးနွေး လိုသော်လည်း ကျန်းမာရေး ဆိုင်ရာ အယူအဆ အလွဲများကိုတော့ အနည်းငယ် တင်ပြ ဆွေးနွေး လိုပါသည်။ ..................................

ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သော မြန်မာနိုင်ငံတွင် နေရာဒေသမရွေး ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိစေရန် ကျန်းမာရေး ၀န်ကြီးဌာနမှ ကြိုးပမ်း နေသကဲ့သို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှလည်း မြန်မာနိုင်ငံ အစွန်အဖျား ဒေသများထိတိုင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိနေပါသည်။ ..............................................................

ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် ပြည်သူလူထု တစ်ရပ်လုံးကပါ ပါဝင်ပေးပါမှ လုပ်ငန်းများ၊ ကြိုးပမ်းမှုများ ပိုမို လျင်မြန် အထမြောက်နိုင်မည် ဖြစ်သည်။ ထိုသို့ ၀ိုင်းဝန်း ကြိုးပမ်း ပေးကြရာတွင် မိမိတို့၏ ယုံကြည် ယူဆချက်များကို ကျန်းမာရေးဆိုင်ရာ အသိနှင့် ယှဉ်ပြီး လက်ခံသင့်သည်ကို လက်ခံခြင်း၊ အယူအဆ အလွဲများအား နားလည် တတ်ကျွမ်းသော ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းများမှ ပြောပြ ဆွေးနွေး ပါက နားလည် သဘောပေါက်ကာ လွဲမှားနေသော အယူအဆများကို ပြုပြင်သင့်သည်ကို ပြုပြင်ခြင်း၊ စွန့်လွှတ်သင့်သည်ကို စွန့်လွှတ်ခြင်းဖြင့် ၀ိုင်းဝန်း ကူညီကြနိုင်ရန် ရည်ရွယ်ပြီး ဒီပို့စ်လေးကို ရေးသား လိုက်ပါတယ်။

ကျွန်မတို့ ဆေးရုံများတွင် အများဆုံး ကြုံတွေ့နေရသော အယူအဆလွဲများထဲမှ အချို့ကို တင်ပြလိုက်ပါတယ်။

  1. မွေးကင်းစ ကလေးငယ်များ၏ ချက်အတွင်းသို့ ဆေးတို့ဖတ်ဟု ခေါ်ဝေါ်ကြသော နနွင်းများ ထဲ့သိပ်ခြင်းမှာ လုံးဝ မှားယွင်းနေသော အယူအဆ တမျိုးပင် ဖြစ်သည်။ မွေးကင်းစ ကလေးငယ်များသည် အလွန် နူးညံ့ကြပြီး ရောဂါပိုးများ အလွယ်တကူ ၀င်ရောက်နိုင်ကြသော အချိန်ဖြစ်သည်။ ထိုအချိန်တွင် ချက်အတွင်းသို့ သန့်ရှင်းသော ဂွမ်းစဖြင့် အရက်ပြန် ဆွတ်ပေးခြင်းမှာ အမှန်အကန်ဆုံးသော နည်းလမ်းပင် ဖြစ်သည်။ နနွင်းထဲ့သိပ် ပေးခြင်းကြောင့် မည်သည့်အကျိုးမှ မရရှိနိုင်သော်လည်း မွေးကင်းစကလေးငယ်၏ ကိုယ်တွင်းသို့ ချက်မှတဆင့် မသန့်ရှင်းသော နနွင်းများ ၀င်သွားခြင်းကြောင့် မွေးကင်းစ ကလေးငယ်သည် မေးခိုင်ရောဂါပိုး ၀င်ရောက်ခြင်း သွေးဆိပ်ပျံ့နှံ့ခြင်းဖြင့် သေဆုံးနိုင်ပါသည်။
  2. ကလေးငယ်များကို မွေးဖွားချိန်မှ စပြီး အသက် အပိုင်းအခြားအလိုက် ကာကွယ်ဆေးများကို သတ်မှတ်ထားသော အချိန်အတိအကျအတိုင်း ထိုးပေးရန် အလွန် အရေးကြီးလှပါသည်။ သို့ပေမယ့်လည်း အချို့အရပ်ဒေသ များတွင် ကာကွယ်ဆေးထိုးခြင်းကြောင့် အကြောသေသည်ဟု ယူဆကာ ကာကွယ်ဆေးထိုးရန် ငြင်းဆိုကြပါသည်။ ကာကွယ်ဆေးထိုးခြင်းနှင့် အကြောသေခြင်းသည် မသက်ဆိုင်ပါ။ အခြား အကြောင်းအရာ တခုခုကြောင့် အကြောသေခြင်းသာ ဖြစ်နိုင်ပါသည်။ ကာကွယ်ဆေးထိုးခြင်း ဆိုသည်မှာ ရောဂါပိုးများ ၀င်ရောက်မလာနိုင်စေရန် ကာကွယ်ပေးခြင်း ဖြစ်သောကြောင့် အကြော သေခြင်းနှင့် မသက်ဆိုင်ပါ။
  3. ကလေးမီးဖွားထားသော နို့တိုက်မိခင်များသည် ကလေးနှင့် မတည့်မည်ကို စိုးရိမ်လွန်ကဲကာ အစား ရှောင်သော အလေ့အထကိုလည်း ပြုလုပ်ကြပါသည်။ အပူအစပ်များ ရှောင်ခြင်းမှာ သင့်သော်လည်း အာဟာရ ဓါတ် ပြည့်ဝစေသော အစားအသောက်များကို ရှောင်ခြင်းမှာ လွဲမှားနေပါသည်။ ဗီတာမင်ဘီ အုပ်စု ကြွယ်ဝစွာ ပါဝင်သော အစားအစာများကို ပိုမိုစားသုံးပေးရန် လိုအပ်လှသည်။ ၄င်းတို့မှာ ပဲ၊ ၀က်သား၊ အမဲသား၊ နွားနို့၊ ဆန်လုံးညိုနှင့် အသည်း တို့ဖြစ်သည်။ မိခင်နို့တွင် အာဟာရဓါတ် လုံလောက်စွာ ပါဝင်မှ ကလေးငယ် သည် အာဟာရဓါတ် လုံလောက်စွာ ရရှိနိုင်မည် ဖြစ်သည်။ ဗီတာမင်ဘီ ချို့တဲ့ခြင်းသည် နို့စို့ကလေးငယ်များတွင် အသက်အန္တရာယ် ပေးနိုင်သည်ထိ အရေးကြီးလှပါသည်။
  4. ကျေးလက်နေ ပြည်သူများသည် ဆေးပေးခန်းများနှင့်ဝေးကွာခြင်း၊ အသိပညာ လုံလောက်စွာ မရှိခြင်းတို့ကြောင့် ပွန်းပဲ့ဒဏ်ရာများ ရရှိပါက အနာအတွင်းသို့ ဖုန်မှုန့်များ ထဲ့သိပ်ခြင်းကို ကျေးလက် ကွင်းဆင်းချိန်တွင် ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ဖူးပါသည်။ ဖုန်မှုန့်များ ထဲ့သိပ်ခြင်းကြောင့် မေးခိုင်ရောဂါပိုး ၀င်ရောက်ကာ အသက် ဆုံးရှုံးနိုင်ပါသည်။ အနာကို သန့်ရှင်းသောရေဖြင့် ဆေးကြောပြီး အရက်ပြန် ထဲ့ပေးခြင်းမှာ မှန်ကန်သော နည်းလမ်းဖြစ်သည်။

အထက်ဖော်ပြပါ အယူအဆအလွဲများ သည်အများဆုံး ကြုံတွေ့ရသော အလွဲများ ဖြစ်သည်။ ကျွန်မတို့ လက်လှမ်းမမီနိုင် သော ပြည်သူလူထု အတွင်းတွင် အခြားသော အယူလွဲများလည်း ရှိနေဦးမည် ဖြစ်သည်။ ....................................

ယခု ရေးသားလိုက်သော ပို့စ်လေးကို ဖတ်မိသော စာဖတ်သူအပေါင်းမှလည်း မိမိတို့ လက်လှမ်းမီသော သူများသို့ ကျန်းမာရေးအသိများ ဆက်လက် ဖြန့်ဝေပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။

Monday, September 2, 2013

ကျန်းမာရေး အသိပညာ ပေးရာတွင် သတိပြုသင့်သော အချက်များ



အမေရိကန် နိုင်ငံမှာ စက်တင်ဘာ (၁၁)၊ ၂၀၀၁ ခုနှစ်က ဖြစ်သွားခဲ့တဲ့ လေယာဉ် အနုကြမ်းစီးပြီး အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အဲဒီအချိန်တစ်ဝိုက်မှာ အမေရိကန် နိုင်ငံက လူအများစုဟာ လေယာဉ် စီးရမှာကို ကြောက်ရွံ့ သွားခဲ့ကြပါတယ်။ အဲဒီလို ဖြစ်ပြီး သိပ်မကြာခင်လေးမှာလေယာဉ်စီးပြီး ခရီးသွားနေကျ အမျိုးသမီး တစ်ဦးက လေယာဉ် မစီးတော့ဘဲ သူ သွားရမယ့် ခရီးကို ကားနဲ့ သွားဖို့ ရွေးချယ်ခဲ့ပါတယ်။ အဲဒီ ခရီးလမ်းမှာပဲ ကားတိုက်မှု ဖြစ်ပြီး သူမ သေဆုံးသွားခဲ့ပါတယ်။



ကောက်ယူထားတဲ့ ကိန်းဂဏန်း စာရင်း ဇယားတွေ အရ ကြည့်မယ်ဆိုရင် အမေရိကန် နိုင်ငံမှာ လေယာဉ် ကြောင့် သေဆုံးရမှုက ကားကြောင့် သေဆုံးရမှုထက် ပိုပြီး အန္တရာယ် နည်းပါးတယ်လို့ တွေ့ရပါတယ်။
အဲဒီတော့ ကိုယ့်အသက်အန္တရာယ်ကို စိုးရိမ်တယ်ဆိုရင် အဲဒီအမျိုးသမီး ဘယ်နည်းလမ်းကို ရွေးချယ် သင့်ပါသလဲ။
ဒါပေမယ့် လတ်တလော ဖြစ်ထားတဲ့ ကြောက်စရာ ဖြစ်ရပ်ကြီးကို စိတ်ထဲမှာ မထားဘဲ နည်းလမ်းတကျ ရွေးချယ်နိုင်ဖို့ဆိုတာ ပြောလို့ လွယ်သလောက် လုပ်ရတာ ဘယ်လောက် ခက်မယ်ဆိုတာ သိသာပါတယ်။
အဲဒီ ကြောက်စိတ်ရဲ့ အခြေအမြစ်တွေကို ကျန်းမာရေး သတင်းအချက်အလက် မျှဝေတဲ့သူတွေ နားလည်ထားမှ အများ ပြည်သူကို ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေ ပေးတဲ့အခါ အကြောက်လွန်ပြီး အန္တရာယ် ပိုများတဲ့ နည်းလမ်းတွေကို မရွေးချယ်မိကြအောင် ကူညီနိုင်ကြမယ်လို့ ထင်ပါတယ်။

ကျန်းမာရေး အသိပညာပေးရာမှာ စကားလုံး အသုံးအနှုန်းကြောင့် ထိခိုက်ခဲ့ဖူးတာလေးတွေ ရှိပါတယ်။
“အေအိုင်ဒီအက်စ်သည် ကုရာနတ္ထိ ဆေးမရှိ”၊ “အေအိုင်ဒီအက်စ် ဖြစ်လျှင် သင် မုချ သေမည်” စတဲ့ စကားလုံးတွေ သုံးခဲ့ကြတဲ့အတွက် ကြောက်သင့်တာကို မကြောက်ဘဲ၊ မကြောက်သင့်တာတွေကို အကြောက်လွန် ခဲ့တာမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။
ကြောက်သင့်တာက အေအိုင်ဒီအက်စ် ရောဂါပိုး ကိုယ့်ထံကို ၀င်ရောက်လာနိုင်မယ့် အပြုအမူတွေ။
မကြောက်သင့်တာက အိတ်ခ်ျအိုင်ဗွီပိုးနဲ့ နေထိုင်ကြတဲ့သူတွေ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ။
သူတို့က ကိုယ့်ကို အန္တရာယ် ပေးနိုင်တာမှ မဟုတ်တာ။
ကိုယ့် အပြုအမူတွေကသာ ကိုယ့်ကို အန္တရာယ် ပေးနိုင်တာ။
ဒါပေမယ့် “သေကို သေမှာ၊ ကုလို့ မရဘူး”ဆိုတဲ့ စကားက လူတွေရဲ့ တွေးခေါ် စဉ်းစားနိုင်စွမ်းကို ကြောက်စိတ်နဲ့ ဖုံးပစ်လိုက်တဲ့ အတွက် ရောဂါ ရှိသူတွေ၊ ရောဂါပိုးနဲ့ နေထိုင်နေရသူတွေကို အသက်အန္တရာယ် ပြုတဲ့အထိ အဖြစ်ဆိုးတွေ ကြုံခဲ့ရဖူးပါတယ်။

အမေရိကန် နိုင်ငံရဲ့ ၃၂ ယောက်မြောက် သမ္မတဖြစ်တဲ့ ဖရန်ကလင်ရုစဗဲ့က “ကျွန်ုပ်တို့ရဲ့ တစ်ခုတည်းသော ကြောက်စရာက ကြောက်စိတ်ပါပဲ “လို့ ပြောခဲ့ဖူးပါတယ်။

လူတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ကြားသိရချက်တွေ အပေါ်မှာ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေကို သုတေသန လုပ်ရာက ရလာတဲ့ တွေ့ရှိချက် အချို့ကို ပြောပြချင်ပါတယ်။

(၁) ဘာတွေ ဖြစ်နိုင်တယ် ဆိုတာကို ပို သိရင် ပို ကြောက်တယ်။
(၂) အန္တရာယ်က ဘာတွေ ဖြစ်မယ်ဆိုတာကို မသေချာရင် ပိုကြောက်တယ်။
(၃) အဲဒီ အန္တရာယ်က ကိုယ့်ဆီမှာ ဖြစ်နိုင်တယ်လို့ ခံစားရရင် ပိုကြောက်တယ်။
(၄) အများစုက အန္တရာယ် တစ်ခု အကြောင်း ကြားရင် အဲဒါက တခြားသူတွေမှာပဲ ဖြစ်မှာပါ၊ ငါ့မှာတော့ မဖြစ်နိုင်ပါဘူးလို့ တွေးလေ့ရှိကြတယ်။
(၅) အန္တရာယ်က အရင်က မဖြစ်ဖူး၊ မကြားဖူတဲ့ အန္တရာယ် အသစ် ဆိုရင် ပိုကြောက်တယ်။
(၆) တစ်နေရာတည်းမှာ အကြီးအကျယ် ဖြစ်တာမျိုးဆိုရင် ပိုကြောက်တယ်။ ဥပမာ - တစ်နိုင်ငံလုံးမှာ နှလုံးရောဂါနဲ့ သေဆုံးသူ အရေအတွက်က တစ်နေ့ အယောက်(၂၀၀၀) ရှိတယ်၊ ဒါပေမယ့် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေအတွက်က အယောက်(၅၀) ဖြစ်နေမယ်ဆိုရင် လူတွေက ဗုံးပေါက်ကွဲမှုကို ပိုကြောက်ကြပါတယ်။ နှလုံးရောဂါနဲ့ သေဆုံးတာက တစ်နေရာတည်းမှာ စုပြုံပြီး ဖြစ်ကြတာ မဟုတ်တဲ့ အတွက်ကြောင့်ပါ။
(၇) အန္တရာယ်က ကိုယ်က လုပ်ယူတာမျိုး ဆိုရင် သိပ်မကြောက်ကြဘူး။ ဥပမာ - လိင်မှုကိစ္စ အပျော်အပါးလိုက်စားရာမှာ ကွန်ဒုံး မသုံးတာမျိုးလို့ ပြောရမယ် ထင်ပါရဲ့။
(၈) အန္တရာယ်ကို ကိုယ်က ချုပ်ထိန်းနိုင်စွမ်း ရှိတယ်လို့ ယူဆရင် သိပ်မကြောက်ကြဘူး။ ဥပမာ - မော်တော်ဆိုင်ကယ်ကို ခေါင်းဆောင်း မပါဘဲ စီးတာမျိုးပေါ့။
(၉) ကိုယ့်ကို အန္တရာယ်ကနေ ကာကွယ် ပေးနိုင်မယ်၊ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်မယ်လို့ ယူဆထားတဲ့ သူတွေကို ယုံကြည်ရင် သိပ်မကြောက်ကြဘူး။ မယုံကြည်ရင် ပိုကြောက်ကြတယ်။ ဥပမာ- အုပ်ချုပ်သူ အစိုးရကို ယုံကြည်ရင် ပြည်သူတွေရဲ့ ကြောက်ရွံ့ ထိတ်လန့်မှုက အလွန်အကျွံ မဖြစ်ဘူး။ ၂၀၀၀ခုနှစ်မှာ နွားရူးရောဂါ ဖြစ်ခဲ့တုန်းက ဂျာမဏီနိုင်ငံက ကိုင်တွယ် ဖြေရှင်းခဲ့ပုံက မှန်ခဲ့တဲ့ အတွက် လအနည်းငယ် အတွင်းမှာပဲ ပြည်သူတွေ ကြောက်စိတ် လျော့ပါးသွားပြီး အမဲသား ဈေးကွက်က ပုံမှန် ပြန်ဖြစ် သွားခဲ့တယ်။ ဒါပေမယ့် အလားတူ ဖြစ်ရပ်ကို ဂျပန်နိုင်ငံက ကိုယ်တွယ် ဖြေရှင်းပုံ မှားခဲ့တဲ့အတွက် ဂျပန်နိုင်ငံရဲ့ အမဲသား ဈေးကွက်က တော်တော်နဲ့ ပုံမှန် ပြန်ဖြစ် မလာခဲ့ဘူး။

ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေ အကြောင်း ပညာပေး မျှဝေတဲ့ အခါမှာ တစ်စုံတစ်ခုကို အလွန်အမင်း ကြောက်ရွံ့ထိတ်လန့် သွားအောင် ပြောမယ့်အစား သတင်းအချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ပေးပြီး လူတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်အောင် အကူအညီ ပေးရမှာ ဖြစ်ပါတယ်။

အဖြစ်အပျက်တစ်ခုဟာ
- ဖြစ်နိုင်ခြေ ဘယ်လောက်များသလဲ
- ဘယ်လို ကာကွယ်နည်းတွေ ရှိသလဲ
- ဘယ်လို ရွေးချယ်စရာတွေ ရှိသလဲ
- အန္တရာယ်ဘယ်လောက် အထိ ကြီးနိုင်သလဲ
စတာတွေကို သေသေချာချာ နားလည်အောင် အကူအညီ ပေးနိုင်မယ် ဆိုရင် အများပြည်သူမှာ မိမိဘ၀အတွက် မိမိကိုယ်တိုင် မှန်ကန်စွာ ရွေးချယ်နိုင်စွမ်းတွေ ပိုမို တိုးမြင့်လာပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေကို ပိုမို ဆောင်ရွက်ဖြစ်ဖို့ အခွင့်အလမ်းတွေ ပိုများလာနိုင်ပါတယ်။


(စာကိုး - Dealing with the dangers of fear: The role of risk communication by George M. Gray and David P. Ropeik. Health Affairs. Volume 21, No.6)

တီဘီပိုးနှင့် သလိပ်ခပ်ခြင်း အနုပညာ

               

တီဘီပိုးအတွက် သလိပ်စစ်ရအောင် သလိပ်ခပ်ပေးပါလို့ဆိုလာတဲ့ သူနာပြုဆရာမလေးရဲ့ စကားအဆုံးမှာ သလိပ်ထည့်တဲ့ ခွက်ကို ခပ်မြန်မြန်လှမ်းယူလိုက်ကာ အလျှင်စလို တံတွေးထွေးထည့်လိုက်တဲ့ ဝေဒနာရှင်တစ်ဦးရဲ့ အပြုအမူကြောင့် ကျွန်မရင်ထဲ ကျင်ခနဲ ခံစားလိုက်ရသေးသည်။
                ward ထဲမှာ လူနာတော်တော်များများ ကျန်သေးတာမို့ နောက်ထပ် သလိပ်ခွက်အသစ်ပေးပြီး သလိပ်ခပ်ပုံကို သေချာသင်ပေးဖို့ သူနာပြုဆရာမလေးကို ပြောရင်း လူနာတွေ ဆက်ကြည့်နေဖြစ်လိုက်သည်။ ဆေးရုံ ဆေးခန်းတွေမှာ မကြာခဏ မြင်နေရတတ်တဲ့ အဖြစ်အပျက်ပေမယ့် သလိပ်ခွက်ကလေး တခွက်က ဘယ်လောက် အရေးကြီးတယ်ဆိုတာ ဝေဒနာရှင် ကိုယ်တိုင်လည်း သိဖို့အရေးကြီးတယ် မဟုတ်လား။ 
     တကယ်ဆို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၅၀ ခုနှစ်မှာ တီဘီရောဂါ ဖြစ်ပွားမှုနှုန်းကို တမီလီလျှံမှာ တစ်ယောက်နှုန်းအထိ လျှော့ချကာ တီဘီရောဂါကို တိုက်ဖျက်ဖို့ ရည်မှန်းချက်များ ထားခဲ့သလို၊ေ
ထာင်စုနှစ် ရည်မှန်းချက်များထဲမှ တစ်ခုဖြစ်တဲ့ ၂၀၁၅ ခုနှစ်မှာ တီဘီရောဂါဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးမှုနှုန်းကို ၁၉၉၀ ခုနှစ်များထက် ထက်ဝက် လျော့ကျအောင် လျာထားချက်ထားလျှက်ရှိတဲ့ တီဘီရောဂါဟာ အရှေ့တောင်အာရှမှာ ၂၀၁၀ အတွင်း အသစ်ဖြစ်ပွားမှုနှုန်း ၃၅% ရှိနေဆဲပါ။အဲဒီလို သက်ဆိုးရှည်ရှည်နဲ့ ကမ္ဘာကို ချိမ်းခြောက်နေတဲ့ ရောဂါပိုးကြီးကို ရောဂါစစ်ဆေးမှုတွေက အစ ပေါ့ပျက်ပျက် လုပ်နေမယ်ဆို တကယ်ပဲ ရည်မှန်းချက်တွေ အချိန်မှီပြည့်မှီလာနိုင်ပါမလားလို့ စိုးထိတ်မိတာ ကျွန်မလွန်များ နေသလားရှင်။ 
ဒီလို အန္တရာယ်များတဲ့ ရောဂါဆိုလည်း ဘာလို့များ ရှေးရိုးစွဲပြီး သလိပ်ပဲ စစ်နေမလဲ၊ ပိုးမွေးတာတို့ မျိုးရိုးဗီဇ စစ်တာတို့ စတဲ့ ခေတ်မှီစမ်းသပ်စစ်ဆေးမှုတွေ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေနဲ့ အထူးကုဆေးရုံကြီးတွေမှာ စစ်ဆေးနိုင်နေတာပဲ မဟုတ်လားလို့ မေးစရာရှိလာပါတယ်။ 
ဟုတ်ပါတယ်။ တီဘီပိုးမွေးပြီး အဖြေရှာတာဟာ ပိုမိုတိကျတဲ့ စစ်ဆေးမှုဖြစ်ပေမယ့် ပုံမှန် တီဘီပိုးမွေးခြင်းဟာ ၆ပတ်က ၈ ပတ်ထိ ကြာတတ်တာ၊ ကျန်းမာရေးအရင်းအမြစ်တွေ ပိုမိုလိုအပ်တာတွေ အပြင် ခေတ်မှီစမ်းသပ်မှုတွေနဲ့ သလိပ်ပိုးမွေးလျှင် ရက်သတ္တပတ် တစ်ပတ် ကျော်တဲ့အခါ အဖြေသိနိုင်ပေမယ့် ကုန်ကျစရိတ်များတာရယ် ခေတ်မှီနည်းစနစ်တွေ လိုအပ်ပြန်ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရော အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ တီဘီရောဂါပိုးကို စစ်ဆေးရာမှာ ရောဂါလက္ခဏာ ၊ ဓါတ်မှန်၊ သလိပ် စတဲ့အခြေခံ စစ်ဆေးမှုများကို အသုံးပြုဆဲဖြစ်ပါတယ်။
 အဲဒီထဲမှာမှ သလိပ်ပိုးစစ်ခြင်းဟာ နှစ်တစ်ရာကျော်ကတည်း က စတင်သုံးစွဲခဲ့ကာ အခြေခံကျပြီးဈေးသက်သာ လျှင်မြန်တဲ့ စနစ်တစ်ခုဖြစ်တဲ့အပြင် ထိရောက်တဲ့ စစ်ဆေးမှုအဖြစ်လည်း တွင်တွင်ကျယ်ကျယ် ရှိနေဆဲပါ။ ဒါ့အပြင် သလိပ်စစ်တာဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ထားတဲ့ ဝေးလံခေါင်သီတဲ့ ကျန်းမာရေး အရင်းအမြစ်ရှားပါးရာ နေရာတွေမှာ အသုံးပြုဖို့ ထောက်ခံထားတဲ့ စစ်ဆေးမှု တရပ်လည်း ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ဓတ်ခွဲခန်း ပညာရှင်တယောက်ရဲ့ စေ့စပ်တဲ့ စစ်ဆေးမှုနဲ့လုပ်မယ်ဆိုရင် လူအယောက်တစ်ရာမှာ သိလွယ်မှု ၇၂ % ခန့် ရှိပြီး တိကျခိုင်လုံမှု ၉၉% ရှိတဲ့ သလိပ်ပိုးစစ်ခြင်း ဟာ လျှင်မြန်တဲ့စစ်ဆေးမှု တစ်ခုလည်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တစ်ရက်ကနေ နှစ်ရက်အတွင်း အဖြေထုတ်ပေးနိုင်လေ့ရှိတဲ့ သလိပ် စစ်ဆေးမှုဟာ အလျှင်မြန်ဆုံးအနေနဲ့ နာရီပိုင်းအတွင်း ပြုလုပ်နိုင်တာဖြစ်ပါတယ်။
 ဒါဆို သလိပ်စစ်တဲ့အဖြေပေါ်မူတည်ပြီး ဘယ်လို အကျိုးဆက်တွေ ရနိုင်မှာမို့လို့ပါလို့ မေးလာရင်တော့ … ။
 တီဘီပိုးကို ပထမအကြိမ်သလိပ်ထဲမှာပဲ တွေ့ရမယ်ဆိုရင် တီဘီရောဂါနဲ့ သက်ဆိုးမရှည်စေတော့ဘဲ ကုသမှု အမြန်ဆုံးရနိုင်မှာပါ ။ မတွေ့ရသေးဘူးဆိုရင်တော့ အဆုတ်အအေးပတ်မှု အနေနဲ့ကုသနေစဉ် တီဘီပိုးဟုတ်မဟုတ် သေချာတဲ့အထိ တခြား စစ်ဆေးမှုတွေ လုပ်ရမှာဖြစ်ပြီး မလိုလားအပ်တဲ့ အချိန်နှောင့်နှေးမှုတွေနဲ့ ကြုံရပြန်ပါတယ်။ တီဘီပိုး သလိပ်ထဲမှာ မတွေ့ဘဲ တီဘီဖြစ်နိုင်တယ်ဆိုတာ သိထားကြသလို ခုခံအားကျဆင်းမှု ရောဂါများပြားလာတာနဲ့အမျှ တီဘီပိုး သလိပ်မှာမတွေ့တဲ့ ဝေဒနာသည်တွေ များလာတာကိုလည်း အများပြည်သူ သိပြီးဖြစ်မှာပါ။ 
 တီဘီပိုးကို သလိပ်မှာ မတွေ့သူများအတွက် ရောဂါဝေဒနာ ကို ကျွမ်းကျင်သူများမှ စမ်းစစ်ပြီး ကုသနိုင်ဖို့ ပြဌာန်းချက်များရှိပေမယ့် ကမ္ဘာအနှံ့အပြားမှာ အခက်အခဲများစွာ ရှိနေသေးတာကို တွေ့ရပါတယ်။ 
 ဒါကြောင့် သလိပ်ပိုးစစ်ခြင်းဟာ ထိရောက်တဲ့အကျိုးဆက်များရှိတာမို့ သလိပ်စစ်ဖို့ သလိပ်ခပ်ခြင်းဟာလည်း အရေးပါတဲ့အခန်းက ပါဝင်ပြန်ပါတယ်။ ပုံမှန်အားဖြင့် အဆုတ်တီဘီ၊ လည်ချောင်းတီဘီ၊ အဆုတ်မဟုတ်တဲ့အခြားနေရာတွေမှာ တီဘီဖြစ်ပြီးချောင်းဆိုးနေတဲ့ သူတွေ၊ ဓါတ်မှန်မှာ မသင်္ကာစရာ အမှတ်အသားများ တွေ့ရှိတဲ့သူများ၊ တီဘီရောဂါပိုးကို အရေပြားမှတဆင့် စမ်းသပ်စစ်ဆေးတွေ့ရှိပြီး ချောင်းဆိုးနေတဲ့သူများ ဒါမှမဟုတ် ဓါတ်မှန်မှာ တီဘီရောဂါဖြစ်နိုင်ချေရှိတဲ့ လက္ခဏာ တွေ့သူများ စသည်တို့ကို သလိပ်ကို တီဘီပိုးစစ်ဆေးသင့်ပါတယ်။ 
၁။ သလိပ်ခပ်ခြင်းနှင့် ကျန်းမာရေး ပညာပေး 
ကျန်းမာရေးဝန်ထမ်းအနေနဲ့ သလိပ်ခပ်ဖို့ ဗူးလေးတွေကို မပေးခင် လူနာနဲ့ လူနာရဲ့အဖော်ကို သလိပ်ဘယ်လို ခပ်ရမလဲဆိုတာကို သေချာရှင်းပြပေးရပါမယ်။ ဒါ့ပြင် သလိပ်ပိုး စစ်ဆေးခြင်းဟာ ရောဂါရှာဖွေဖို့ ကုသနေစဉ်အတွင်း အခြေအနေကို ဆုံးဖြတ်ဖို့ ဘယ်လောက် အရေးကြီးတဲ့နေရာက ပါတယ်ဆိုတာကို ရှင်းပြရပါမယ်။ 
၂။ သလိပ်ကို ဘယ်နှစ်ခါ ယူရပါမလဲ 
မနက်ခင်းခပ်တဲ့သလိပ်ဟာ ပိုးအများဆုံးပါဝင်နိုင်တာမို့ မနက်ခင်း သလိပ်ခပ်ခြင်းဟာ အသင့်လျှော်ဆုံး ဖြစ်ပါတယ်။ အိပ်ရာထပြီးခါစ အစာမစားခင် ရေနဲ့ (အခြားအာလုပ်ကျင်းရည်များ မသုံးစေလိုပါ ) အာလုပ်ကျင်းပြီး သလိပ်ခံရပါမယ်။ အခက်အခဲကြောင့် အခြေအနေ အချိန်အခါကိုလိုက်ပြီး တီဘီပိုးသလိပ်မှာ စစ်ဆေးဖို့ လိုလာတဲ့သူဆီကတော့ ၈နာရီ မှ ၂၄နာရီ ခြားပြီး သလိပ်ကို သုံးခါ ဆက်တိုက်ယူရမှာဖြစ်ပြီး အနည်းဆုံး မနက်လင်းခပ်တဲ့သလိပ် တစ်ခါပါရမှာဖြစ်ပါတယ်။ 
၃။ သလိပ်ခပ်တဲ့ဗူးကို ဘယ်လိုကိုင်တွယ်ရပါမလဲ သလိပ်ခပ်ဖို့ အဆင်သင့်မဖြစ်မချင်း သလိပ်ဗူးကို မဖွင့်တာ အကောင်းဆုံးပါပဲ။ သလိပ်ခံပြီးရင်တော့ သလိပ်ဗူးကို စနစ်တကျပိတ်ပြီး အပြင်ဘက်ကို ဆေးကြောသန့်စင်ကာ သလိပ်ဗူးထည့်တဲ့ အိတ်ထဲပြန်ထည့်ရပါမယ်။ 
၎။ သလိပ်ကို ဘယ်လိုခံရပါမလဲ 
သလိပ်ဗူးထဲကို သလိပ်ခပ်ဖို့ ကြိုးစားစဉ် တခြားသူများကို တီဘီပိုး ကူးစက်နိုင်တာမို့ လူအများနဲ့ဝေးရာနေရာမှာ သလိပ်ခပ်သင့်ပါတယ်။ ဒါ့အပြင် သလိပ်ပိုးကို ဓါတ်ခွဲခန်းထဲမှာ ဘယ်တော့မှ မခပ်သင့်ပါဘူး။ 
၅။ သလိပ်ကောင်းကောင်းရအောင် ဘယ်လိုခပ်ရမလဲ 
သလိပ်ခပ်ခြင်းမှာ သွားရည် နည်းနိုင်သမျှနည်းပြီး သလိပ်များများပါဖို့အရေးကြီးပါတယ်။ ဒါကြောင့် အသက်ကိုပြင်းပြင်း ထပ်ခါ ထပ်ခါရှုသွင်း ရှုထုတ်ပြီး သလိပ်များပါအောင် ရင်ဘတ်တွင်းမှ ချောင်းဆိုးနိုင်တဲ့အထိ ပြုလုပ်ခြင်းဖြင့် သလိပ်ရနိုင်ပါတယ်။ အဲဒီနောက်မှာ လက်ဘက်စားဇွန်းတစ်ဇွန်း အပြည့်ရအောင် သလိပ်ခပ်ရပါမယ်။ လုံလောက်တဲ့ ပမာဏရမှသာ အဖြေကောင်းကောင်း ထွက်နိုင်မှာမို့ပါ။ 
၆။ သလိပ်ခွက်ကို သိမ်းဆည်းခြင်း 
သလိပ်ခပ်ပြီးရင်တော့ သလိပ်ခွက်ကို အရစ်ကျအောင် သေချာပိတ်ပါ။ သလိပ်ခွက် အပြင်ဘက်ပိုင်းကို သေချာ သန့်စင်ရပါမယ်။ ထုတ်ပိုးပြီး ကျန်းမာရေးဝန်ထမ်းတွေဆီကို ပြန်ပေးနိုင်ပါပြီ။ ကျန်းမာရေး ၀န်ထမ်းတွေက သင့်နံမည်နဲ့ကျန်တဲ့ အချက်အလက်တွေကို ယူပြီးတဲ့နောက်မှတစ်နေ့တာ အတွက် သလိပ်ခပ်ခြင်း ပြီးဆုံးမှာဖြစ်ပါတယ်။ 
နောက်ရက်မှာတော့ ဒီလိုနည်းနဲ့ နောက်တနေ့စာ သလိပ်ကို ခပ်ရမှာဖြစ်ပါတယ်။
 နေ့ခင်းဘက် ထမင်းစားချိန်အပြီးမှာ တာဝန်ကျ သူနာပြုဆရာမလေးကို ခေါ်ပြီး ဝေဒနာရှင်ကို သလိပ်ခပ်နည်းနဲ့ စနစ်တကျသလိပ်ခပ်ခြင်းက တဆင့် ရနိုင်တဲ့ အကျိုးဆက်တွေကို တစ်ခေါက်ရှင်းပြဖြစ်ခဲ့ပါတယ်။ တခြားအလုပ်တွေ ရှုပ်နေတဲ့ကြားက ဘာလို့ အဲလိုအသေးစိတ် ကိစ္စကလေးတွေကို ရေးကြီးခွင်ကျယ်လုပ်နေတာလဲလို့ မေးလာတဲ့ သူနာပြု အသစ်ကလေးကို ကျွန်မ ပြုံးပြရင်း စကားတစ်ခွန်းတော့ ဆိုဖြစ်ခဲ့ပါတယ်။ အပြောင်းအလဲ အကြီးကြီးတွေဆိုတာ အသေးအဖွဲ ကိစ္စကလေးတွေကနေ ဖြစ်ခဲ့တာမဟုတ်လား .. လို့… ။

စာဖတ်ပရိတ်သတ်အား ချစ်ခင်လေးစားလျှက်
မွန်းသက်ပန် (ဆေး ၁)
မောက္ခ ပညာရေး မဂ္ဂဇင်း
၂၆ ရက် ဇွန်လ ၂၀၁၂

Hypnogogic jerk ( ထမင်းလုံး တစ္ဆေခြောက်ခြင်း)


ငယ်ငယ်တုန်းက အိပ်ယာဝင်တဲ့အချိန်ကျရင် အိပ်ပျော်ခါနီးဖြစ်နေတဲ့အချိန် အိပ်မက်လိုလိုနဲ့ တစ်ခုခုထဲကျသွားသလိုဖြစ်ပြီး ရင်ထဲမှာအေးခနဲဖြစ်သွား၊ ပြီးရင် ခန္တာကိုယ်မှာရှိတဲ့ ကြွက်သားတွေ ရုတ်တရက် ဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားတာမျိုး ခဏခဏဖြစ်ဖူးပါတယ်။ အခုထက်ထိလည်း တခါတလေအိပ်မောကျခါနီးဆိုဖြစ်တတ်ပါသေးတယ်။ အရင်တုန်းကတော့ ထမင်းလုံးတစ္ဆေခြောက်တာလို့ မိဘတွေကပြောတတ်ပါတယ်။
အိပ်ခါနီး ထမင်းစားပြီး ထမင်းလုံးနင်းထားမိလို့ဖြစ်တာဆိုပြီးပြောလို့ နောက်ပိုင်းအိပ်ခါနီးတိုင်း ခြေထောက်ဆေးတဲ့အကျင့်ရသွားရော။ ပာုတ်တာမပာုတ်တာထက် ကောင်းတဲ့အကျင့်လေးတော့ဖြစ်သွားတာပေါ့လေ။ ကျနော့်လိုပဲသူများတွေလည်း ကြုံဖူးမယ်ထင်ပါတယ်။ အခုမှသိပံ္ပနည်းကျ ဖြေရှင်းချက်လေးတွေဖတ်မိလို့ ထပ်ဝေမျှပေးလိုက်ပါတယ်။

အိပ်ပျော်ခါနီးအချိန်မှာ ပြုတ်ကျသလိုခံစားရပါတယ်။ အဲဒီနောက် တကိုယ်လုံးဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားပါတယ်။ အဲလိုမျိုးအဖြစ်အပျက်ကို Hypnogogic jerk လို့ခေါ်ပါတယ်။
ဖြစ်နိုင်ချေရှိတာတော့ စိတ်ဖိစီးမှုတွေ၊ ကဖင်းနဲ့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မအိပ်ခင်လုပ်ထားရတာတွေနဲ့သက်ဆိုင်ပါတယ်။ သူလည်းလူဦးရေရဲ့ ၇၀ရာခိုင်နှုန်းလောက်ဖြစ်တတ်တယ်လို့ဆိုပါတယ်။ အိပ်ပျော်ခါနီးအချိန်မှာ တကိုယ်လုံးမှာရှိတဲ့ လူရဲ့ကြွက်သားတွေပာာ ဖြေလျော့သွားပါတယ်။ အနားယူသွားတယ်ပေါ့လေ။ အဲဒါကိုဦးနှောက်က နားလည်မှုလွဲသွားပါတယ်။ ဦးနှောက်က အဲလိုကြွက်သားတွေဖြေလျော့ပြီး အနားယူသွားတယ်လို့မထင်ဘဲ တင်းတင်းရင်းရင်းရှိမနေတော့တဲ့အတွက် ခန္ဒာကိုယ်ကြီးပြုတ်ကျသွားတယ်လို့ ဘာသာပြန်လိုက်ပါတယ်။ အဲလိုဘာသာပြန်ရုံတင်မကဘဲ ခန္ဒာကိုယ်ကိုလည်း တုန့်ပြန်မှုတွေလုပ်ဖို့စေခိုင်းလိုက်ပါတယ်။ အဲဒီအတွက် ခန္ဒာကိုယ်ကကြွက်သားတွေကလည်း balance ကိုထိန်းဖို့အတွက်ဦးနှောက်ပြောတဲ့အတိုင်း လိုက်လုပ်လိုက်ပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ပြုတ်ကျသလို ရင်ထဲမှာအေးသွားပြီး ကြွက်သားတွေအလုပ်ပြန်လုပ်သွားတဲ့အတွက် ဆတ်ခနဲ့တုန်ပြီး လန့်နိုးသွားတတ်တာဖြစ်ပါတယ်။ သာမန်ဖြစ်တတ်ပေမယ့် မူးယစ်ဆေးတွေဖြစ်တဲ့ မော်ဖင်း၊ ပီာရိုအင်း၊ မက်သဒုန်း စတဲ့ဆေးဝါးတွေအသုံးပြုသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီလိုမျိုး Hypnogogoic jerk ပာာ အိပ်ပျော်ဖို့ခက်တဲ့သူတွေ၊ အိပ်ယာသက်တောင့်သက်သာမရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အထူးသဖြင့် မအိပ်မနေ အလုပ်လုပ်နေရတဲ့သူတွေ(စာမေးပွဲနီးလို့ စာကျက်နေရတာမျိုး၊ အလုပ်ပြီးအောင်လုပ်နေရတာမျိုး)မှာဆိုရင် ပြန်အိပ်တဲ့အခါအိပ်ပျော်ခါနီးအချိန်မှာ ဖြစ်တတ်ပါတယ်။ အဲလိုဦးနှောက်ကို အနားမပေးဘဲ အချိန်ကြာကြာခိုင်းထားတဲ့အခါ ဦးနှောက်ကပိုပြီး အမှားအယွင်းတွေဘာသာပြန်လို့ပါ။ ငယ်တဲ့အချိန်မှာပိုဖြစ်တတ်ပြီး အသက်ကြီးလာတာနဲ့အမျှ နည်းသွားတတ်ပါတယ်။ သူ့ရဲ့အကြီးဆုံးဆိုးကျိုးကတော့ အိပ်ရေးပျက်တာဖြစ်ပါတယ်။ ကျနော်လည်း တခါတလေအရမ်းအိပ်ချင်လို့ အိပ်ပျော်ခါနီးမှာအဲလိုမျိုး Hypnogogoic jerk ဖြစ်သွားရင် လန့်နိုးသွားပြီး ပြန်အိပ်ရခက်သွားတတ်ပါတယ်။ အမြဲတမ်းတော့မပာုတ်ပါဘူး။ ဒါပေမယ့်တချို့သူတွေမှာတော့ ခဏခဏဖြစ်တဲ့အခါနောက်ပိုင်း အိပ်ရမှာကိုကြောက်လာပြီး စိတ်ရောဂါလိုမျိုးဖြစ်သွားတတ်ပါတယ်။

ဒီလောက်ဆိုထမင်းလုံးတစ္ဆေခြောက်တာ ဘယ်လိုမျိုးဖြစ်တာလဲဆိုတာ နားလည်လောက်ပြီထင်ပါတယ်။ သားသမီးတွေရှိရင်တော့ ခြေထောက်ရေဆေးပါစေဦး။ ပာုတ်တာမပာုတ်တာထက် သန့်သန့်ရှင်းရှင်းရှိတာပေါ့။ :)
Posted by Dr. Thurein Hlaing Win