Pages

Sunday, April 27, 2014

မိတ်ဆွေတုများ



(က) ယူသာယူတတ်သော မိတ်ဆွေတုလေးယောက်
       -အယူသာရှိ၍ အပေးမရှိသူ
       -နည်းနည်းပေးပြီး များများယူသူ
       -ဘေးရန်ကြုံမှ လုပ်ကိုင်ပေးသူ
       -ကိုယ်ကျိုးငဲ့၍ပေါင်းသူ
(ခ) နှုတ်ဖြင့်သာ ဟန်ဆောင်ပေါင်းတတ်သော မိတ်ဆွေတုလေးယောက်
     -လွန်ပြီးသားကိုပြော၍ လောကွတ်ပြုသူ
     -အနာဂတ်ကိုပြော၍ လောကွတ်ပြုသူ
     -ပစ္စည်းမပါ လက်ဗလာဖြင့် လောကွတ်ပြုသူ
     -လောလောဆယ်ပျက်စီးမှုကို အကြောင်းပြုသူ
(ဂ) မြှောက်စားတတ်သော မိတ်ဆွေတုလေးယောက်
     -မကောင်းရာကို ခွင့်ပြုသူ
     -ကောင်းရာကိုလည်း ခွင့်ပြုသူ
     -ရှေ့တွင်သာ ချီးမွမ်းသူ
     -ကွယ်ရာတွင် ကဲ့ရဲ့သူ
(ဃ) ပျက်စီးစေတတ်သော မိတ်ဆွေတု လေးယောက်
      -အရက်သောက်ရာတွင် အဖော်လုပ်လုပ်သူ
      -အခါမဲ့သွားရာတွင် အဖော်လုပ်သူ
      -ပွဲလမ်းသဘင်သွားရာတွင် အဖော်လုပ်သူ
      -လောင်းကစားရာတွင် အဖော်လုပ်သူ
မိတ်ဆွေအတုအစစ် ခွဲခြားဆက်ဆံနိုင်ကြပါစေ။

မိတ်ဆွေစစ်များ

(က) ကျေးဇူးကို ဆောင်ရွက်တတ်သော မိတ်ဆွေစစ်လေးယောက်
      -မေ့လျော့သော မိတ်ဆွေကို စောင့်ရှေက်တတ်သူ
      -မေ့လျော့သောမိတ်ဆွေ၏ ဥစ္စာကို စောင့်ရှောက်တတ်သူ
      -ဘေးအန္တရာယ်ကြုံလာပါက အားကိုးရသူ
      -အရေးကြုံက နှစ်ဆတိုး၍ ကူညီတတ်သူ

(ခ) ဆင်းရဲမကွာ ချမ်းသာမပစ်သော မိတ်ဆွေစစ်လေးယောက်
      -မိတ်ဆွေအားလျှို့ဝှက်သောစကားကို ပြောကြားသူ
      -မိတ်ဆွေဖြစ်သူ၏ လျှို့ဝှက်အပ်သောကိစ္စကို လျှို့ဝှက်ထားသူ
      -မိတ်ဆွေဖြစ်သူက ဘေးအန္တရာယ်ကြုံသော် အနားမှမခွာသူ
      -မိတ်ဆွေ၏အကျိုးငှာ အသက်ကို စွန့်သူ

(ဂ) အကျိုးစီးပွားကို ပြောကြားတတ်သော မိတ်ဆွေစစ်လေးယောက်
     -မကောင်းရာကို တားဖြစ်သူ
     -ကောင်းရာကို ပြုလုပ်စေသူ
     -မကြားဖူးသေးသော ကုသိုလ်တရားကို ပြောကြားသူ
     -နတ်ရွာနိဗ္ဗာန်ခရီးကို ညွှန်ပြတတ်သူ

(ဃ) အမြဲသနားတတ်သော မိတ်ဆွေစစ်လေးယောက်

      -မိတ်ဆွေဖြစ်သူ ဆုတ်ယုတ်ပျက်စီးမှာကို မလိုလားသူ
      -မိတ်ဆွေဖြစ်သူ တိုးတက်ကြီးပွားမှာကို လိုလားသူ
      -မိတ်ဆွေဖြစ်သူ၏ကျေးဇူးမဲ့ကို ပြောလာလျှင် တားမြစ်သူ
      -မိတ်ဆွေဖြစ်သူ၏ ကျေးဇူးကို ပြောလာလျှင် ချီးမွမ်းသူ

မိတ်ဆွေအတုအစစ်ခွဲခြားဆက်ဆံနိုင်ပြီ မိတ်ဆွေစစ်များနဲ့ ဆုံစည်းနိုင်ကြပါစေ
မိတ်ဆွေတုများကို ဆက်ဖတ်ရန် 

Saturday, April 26, 2014

သူနာပြုကျင့်ဝတ်

ဘုရားဟော သူနာပြုကျင့်ဝတ်ကလေးပါ။ ဘုရားဟော သူနာပြုဖြစ်လို့ ဒီဘက်ခေတ် nurse ကိုဆိုဘိုတာ မဟုတ်ပါဘူး။ health personnel တိုင်းကို ဆိုလိုတာ ဖြစ်ပါတယ်။

သူနာပြုတို့ပြုကျင့်အပ်သော တာဝန်ဝတ္တရားများ

သူနာပြုတို့ ရှိသင့်ရှိထိုက်သည့် အင်္ဂါငါးရပ်ကို အင်္ဂုတ္တရနိကာယ်၊ ဒုတိယ ဥပဠာကသုတ်တွင် အောက်ပါအတိုင်း ညွှန်ပြထားသည်။

၁။ ဆေးကို စီရင်ရန် စွမ်းနိုင်၏။
၂။ (အနာရောဂါအား) လျှောက်ပတ်သည်၊ မလျှောက်ပတ်သည်ကို သိတတ်၏။ မလျှောက်ပတ်သည်ကို ဘေးဖယ်ထား၏။ လျှောက်ပတ်သည်ကို ဆပ်ကပ်တတ်၏။
၃။ အာမိသဟူသော အကြောင်းကြောင့် သူနာကိုပြုစုသည်မဟုတ်။ မေတ္တာစိတ် ရှိသည်ဖြစ်၍ ပြုစု၏။
၎။ ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ အန်ဖတ်ကိုလည်းကောင်း၊ တံတွေးကိုလည်းကောင်း ထုတ်ဆောင်ရန် စက်ဆုတ်ရွံရှာလေ့မရှိ။
၅။ အခါအားလျော်စွာ သူနာကို တရားစကားဖြင့် အကျိုးစီးပွားကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေခြင်းငှာ စွမ်းနိုင်၏။