Pages

Saturday, December 21, 2013

လူနှင့်တောအုပ် pdf

စာရေးဆရာ တာရာမင်းဝေရဲ့ စာအုပ်တွေတော်တော်များများကို စာဖတ်သူတော်တော်များများက ဖတ်ဖူးပြီးသားဖြစ်မှာပါ။ ဖတ်ပြီးသားဆိုပေမယ့် သိမ်းစည်းထားချင်သူများအတွက် "လူနှင့်တောအုပ်"ဆိုတဲ့ စာအုပ်လေးကို တင်ပေးလိုက်ပါတယ်။ ကျွန်တော်တွေ့တာက pdf မဟုတ်ပါဘူး။ ဒါပေမယ့် အဆင်ပြေအောင် pdf ပြောင်းပေးလိုက်ပါတယ်။

Download here
လူနှင့်တောအုပ်

Thursday, December 19, 2013

မိုးဇက်ရဲ့ကဗျာ

အသံများ
တီးတိုးစကားသံများ
တံစက်မြိတ်မှာ ခိုတွဲနေတဲ့ေ၇စက်ကလေးတွေ
ခုန်ဆင်းသွားသလို
မိုးစက်ကလေးတွေမှန်ပြတင်းကို ခုန်ကပ်လိုက်သလို
သွပ်မိုးပေါ်ကိုနှင်းစက်တဖြောက်ဖြောက်ကျသံလို
စကားသံများ။
Symphony တေးသွား
မင်းကိုငေးကြည့်နေရတာလောက်
ကြည်နူးစရာမကောင်း
ကြေကွဲစရာမကောင်း
နှုတ်ခမ်းလှလှလေးမမဲ့၇ွဲ့ပါနဲ့
မျက်ခွံမို့မိုများ မမှိတ်လိုက်ပါနဲ့
နီ၇ဲနေသောဖနောင့်များ ကျောပေးမ၇ပ်ပါနဲ့
ကျွန်တော်ကလှောင်ချိုင့်ထဲက ငှက်တစ်ကောင်ဆို၇င်
ဒီခန္ဓာက ဘယ်သူ့ခန္ဓာ
ကျွန်တော့်ကို အိမ်ေ၇ှ့ခန်းမှာချိတ်ထားပါ
ကျွန်တော့်ကိုစကားပြောသင်ပေးပါ
ကျွန်တော့်ခြေထောက်များကိုကြိုးချည်ထားပါ
မျက်လုံးများအမှန်ကိုမမြင်ပါစေနဲ။့
အိမ်ခေါင်မိုးကကြက်ခိုးတွေလို
အလွမ်းတွေခိုတွဲ
ည က ဇီးကွက်ဝင်စားသလိုလို
တကယ်ဆိုဘယ်အ၇ာမှ မျက်တောင်တစ်ခက်စာမကြာခဲ့ပါဘူး
့မနေ့ကဆိုတာ ဒဏ်၇ာအခြေအနေမဆိုးခင်
တစ်ရက်အလိုကပါ
အချစ်ဆိုတာ ဘယ်တုန်းကမှ
မင်းမျက်လုံးတွေလိုမကြည်လင်ခဲ့ 
အချစ်ရေ
ငါ့ဖုန်းရဲ့wall paper ကိုမင်းပိုင်တယ်
ငါ့လက်မှာပတ်ထားတဲ့နာရီရဲ့မျက်နှာပြင်ကိုမင်းပိုင်တယ်
ငါ့ကိုမင်းရဲ့ဆံခြည်တစ်မျှင်စာလောက်သတိရပေးပါလားကွယ်။
ဒီနေ့ငါ့ညကို မကောင်းဆိုးဝါးများယစ်ဝိုင်းလိမ့်မယ်
မင်း
အလင်းပြ၍ကယ်တင်တော်မူပါ။
စွန်ကြိုးလေးကိုဖြတ်လိုက်ပါ
စုတ်ပြဲနေသောဖိနပ်ကိုစွန့်ပစ်ခဲ့ပါ
သစ်ကိုင်းကိုခြေစုံကန်၍ပျံပါ
ခြေရာများမချန်ခဲ့ပါနဲ့။်
Sacrifice
မင်းလက်ကလေးရမ်းခါရင်း
ငါ့အသက်ဓာတ်ကို တစိမ့်စိမ့်ကြွေစေပေါ။

Wednesday, December 18, 2013

အဖြစ်အပျက်တစ်ခုကို မြင်ဖူးသလိုခံစားရခြင်း (Déjà vu)

ကျနော်ခပ်ငယ်ငယ်တုန်းက မိဘတွေနဲ့အတူတူ တောမြို့လေးတစ်ခုကိုသွားခဲ့တယ်။ အဲဒီမှာတည်းတဲ့အိမ်ကိုအရောက်မှာ ကျနော်အဲဒီအိမ်ကို ရောက်ဖူးသလိုခံစားရတယ်။ ဒီမြင်ကွင်းတွေကိုလည်း မြင်ဖူးသလိုပဲ။ ဒါနဲ့မိဘတွေကိုပြောပြလိုက်တော့ ၀ိုင်းရယ်ကြတယ်။ ရယ်မှာပေါ့ သူတို့တောင်ခုမှရောက်ဖူးတဲ့ နယ်လေးတစ်ခုကိုကျနော်ရောက်ဖူးတယ်ထင်တယ်လို့ ပြောလိုက်မိတာကိုး။ အဲဒီတုန်းကစိတ်ထဲမှာတော့ ဇ
ဝေဇ၀ါပဲ။ စိတ်ကူးယဉ်တတ်တဲ့အရွယ်ဆိုတော့ ငါပဲစွမ်းအင်တွေများရပြီး ရှေ့ကြိုမြင်နေတာလားလို့ထင်မိသေးတာ။ နည်းနည်းကြီးလာတော့လည်း အဲလိုအဖြစ်အပျက်တွေခဏခဏကြုံရတယ်။ အဖြစ်အပျက်တစ်ခုကိုတွေ့လိုက်မိရင် စိတ်ထဲမှာအရင်ကဖြစ်ခဲ့ဖူးသလို၊ ရှေ့ကိုပဲကြိုမြင်နေသလို ထင်မိတယ်။ စိတ်ထဲကနေဒီအဖြစ်အပျက်မျိုး ငါမြင်ဖူးပါတယ်လို့ စဉ်းစားမိတယ်။ ဘယ်သူ့ကိုမှလည်း မပြောရဲဘူး။ တော်ကြာကိုယ့်ကိုစိတ်ဂယောက်ဂယက်ဖြစ်နေတယ်လို့လည်း ထင်မှာစိုးရသေးတာကိုး။ တခြားသူတွေမှာလည်း ဖြစ်တတ်မှန်း သတိမထားမိခဲ့ဘူး။ အင်္ဂလိပ်လို Déjà vu လို့ခေါ်တယ်ဆိုတာကိုတောင် သိတာသိပ်မကြာသေးဘူးဗျ။ ရုပ်ရှင်ကားတစ်ကားကြည့်ရင်းနဲ့ ရုပ်ရှင်ထဲမှာ အဲလိုအဖြစ်အပျက်ကို Déjà vu လို့ညွှန်းပြီးပြောသွားတော့မှ သတိထားမိတယ်။ အဲဒါနဲ့ ဒီလိုအဖြစ်မျိုးတွေ တွေ့ကြုံနေရတတ်ပြီး ဘာမှန်းညာမှန်းမသိ၊ သူများကိုလည်း မပြောရဲဖြစ်နေတဲ့သူတွေအတွက် ကျနော်ဖတ်မိထားတာလေး ဝေမျှပေးလိုက်ပါတယ်။

Déjà vu ဆိုတာက အဖြစ်အပျက်တစ်ခုကို သိနေသလိုမျိုးခံစားရတာဖြစ်ပါတယ်။ သိတာကလည်း ဇဝေဇ၀ါ ဖြစ်တာမျိုးမပာုတ်ပါဘူး။ ဥပမာပြောရရင် Déjà vu ဆိုတာအရင်ကတွေ့ခဲ့ဖူးတဲ့လူတစ်ယောက်ကို လမ်းမှာပြန်တွေ့ရင် မမှတ်မိတဲ့ခံစားချက်မျိုးမပာုတ်ဘူး။ ဒီအဖြစ်အပျက်ပာာ ကျိန်းသေကိုဖြစ်ပျက်ခဲ့ဖူးတယ်လို့ ခံစားရတာမျိုးပါ။ အဓိကဖြစ်တာကတော့ အရာဝထ္ထုတစ်ခု၊ အဖြစ်အပျက်တစ်ခုကို တွေ့ကြုံလိုက်ရတဲ့အချိန်မှာ ဦးနှောက်က အဲဒါကိုဘာလဲဆိုတာပုံဖော်ပါတယ်။ အဲဒီမှာ ဒီအဖြစ်အပျက်ပာာ ရင်းနှီးပြီးသားလား၊ ကိုယ်နဲ့အစိမ်းသက်သက်လားဆိုပြီး ဆုံးဖြတ်ချက်ပေးပါတယ်။ အဲလိုဆုံးဖြတ်ချက်ပေးတဲ့အချိန်မှာ တခါတရံမှာ ဦးနှောက်က မှားယွင်းပြီးဆုံးဖြတ်လိုက်ပါတယ်။ အဲဒါကဘာလဲဆိုတော့ ကိုယ်တစ်ခါမှမမြင်ဖူးတဲ့အဖြစ်အပျက်တစ်ခုကို ကြုံတွေ့နေပါရက်နဲ့ ဒီလိုမျိုးအဖြစ်အပျက်ဖြစ်ဖူးတယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ Déjà vu ပာာအကြားအမြင်ရနေတာ၊ ရှေ့ဖြစ်ကိုသိနေတာမျိုးမပာုတ်ပါဘူး။ တကယ်တော့ ဦးနှောက်ရဲ့မှတ်ဥာဏ်ပိုင်းဆိုင်ရာ မှားယွင်းဖော်ပြတာပါ။ အဲဒါကြောင့် Déjà vu ဖြစ်ပြီဆိုရင် မြင်ဖူးတယ်၊ ဖြစ်ဖူးတယ်လို့ ခံစားမိနေပေမယ့် ဘယ်အချိန်တုန်းက၊ ဘယ်နေရာမှာဆိုတာ စဉ်းစားလို့မရပါဘူး။ အိပ်မက်ထဲမှာပဲလား၊ အပြင်မှာဖြစ်ခဲ့တာလား ဘယ်လိုမှမသဲကွဲပါဘူး။ Déjà vu ပာာရောဂါမပာုတ်ပါဘူး။ ကမ္ဘာ့ လူဦးရေရဲ့ ၃ပုံ၂ပုံပာာ Déjà vu ကိုခံစားရလေ့ရှိပါတယ်။ Déjà vu ပာာရောဂါတစ်ခုမပာုတ်ပေမယ့် temporal lobe epilepsy (၀က်ရူးပြန်ရောဂါ) တစ်မျိုးနဲ့တော့ ဆက်စပ်မှုရှိပါတယ်။ Déjà vu ပာာ တချို့ဆေးတွေနဲ့လည်းဆက်စပ်မှုရှိပါတယ်။ တုပ်ကွေးသက်သာအောင်သုံးတဲ့ဆေးတွေဖြစ်တဲ့ amantadine and phenylpropanolamine ဆေးတွေပာာ Déjà vu ဖြစ်စေတယ်လို့ဆိုပါတယ်။ အဲဒီဆေးတွေပာာ ဒိုပါမင်း(Dopamine) ဓါတ်ကိုများစေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ဗပာုသုတအနေနဲ့ပဲဖော်ပြပေးလိုက်တာပါ။ Déjà vu ဆိုတာကိုနားမလည်သေးခင်တုန်းက အတော်လေးကိုစိတ်ကသိကအောက်ဖြစ်ရပါတယ်။ ကိုယ်မြင်ဖူးသလို၊ ခံစားဖူးသလို ဒါပေမယ့်လည်း ဘယ်လိုမှတွေးမရ။ ရှေ့ပဲကြိုမြင်နေတာလား ရူးပဲရူးနေပြီလားဆိုပြီး အမျိုးမျိုးတွေးမိပါတယ်။ Déjà vu ဆိုတာကိုဖတ်မိပြီးနားလည်သွားတဲ့အခါကျတော့ အခုဆိုရင် အဲလိုအဖြစ်အပျက်မျိုးကြုံရရင် အော်ငါ Déjà vu ဖြစ်နေတာပါလားဆိုပြီး နားလည်သွားတော့ စိတ်သက်သာသွားပါတယ်။ လိုက်ပြီးငါမြင်ဖူး တွေ့ဖူးတယ်လို့ဆက်စဉ်းစားစရာမလိုတော့ပါဘူး။ အတော်လေးစိတ်ချမ်းသာသွားရပါတယ်။
Posted by Dr. Thurein Hlaing Win (www.academicmedicines.blogspot.com)

Thursday, December 5, 2013

Prevention of Mortality (Death) due to Induced Abortion

ကိုယ်ဝန်ဖျက်ချခြင်းကြောင့် မသေကြအောင်
မြန်မာနိုင်ငံရှိ မိခင်များ သေဆုံးနှုန်းတွင် ကိုယ်ဝန်ဖျက်ချခြင်းဖြင့် မိခင်များ သေဆုံးရခြင်းသည် ဒုတိယအများဆုံး ဖြစ်ပါသည်။ ကိုယ်ဝန်ဖျက်ချရာတွင် သွေးထွက်လွန်၍သော်လည်းကောင်း၊ ရောဂါပိုးဝင်၍သော်လည်းကောင်း သေကြရပါသည်။ ကိုယ်ဝန်ဖျက်ချခြင်းဆိုသည်မှာ မည်သည့်ဘာသာရေးတွင်မဆို တင်းကြပ်စွာ တားဆီးထားသည့် မလုပ်ဆောင်သင့်သော လုပ်ရပ်တစ်ခုဖြစ်ပါသည်။ တကယ်တော့ ၎င်းသည် လူသတ်မှုပင် မြောက်ပါသည်။ သို့သော် ဘာသာတရားကိုင်းရှိုင်းပါသည် ဆိုကြသည့် မြန်မာအမျိုးသမီးများသည် ထိုသို့ကိုယ်ဝန် ဖျက်ချခြင်းကို မည်သည့် အတွက်ကြောင့် လုပ်ဆောင်ကြပါသနည်း။



အများစုသည် ငွေကြေးအဆင်မပြေသောကြောင့်၊ လူမှုရေးကိစ္စများကြောင့်လုပ်ကြပါသည်။ မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်ဝန်ဖျက်ချပိုင်ခွင့် မရှိပါ။ ထို့ကြောင့် အရပ်လက်သည်များ၊ ကိုယ်ဝန်ဖျက်ချပေးသူများ ရှားရှားပါးပါး အကျင်ပျက်ဆရာဝန်တချို့ မှတဆင့် လုပ်ဆောင်ပေးကြကြောင်း သိရပါသည်။ ပြင်ပတွင် ကိုယ်ဝန်ဖျက်ချတယ်ဆိုတာသည် သန့်ပြန့်သော ခွဲစိတ်ခန်းထဲတွင် လုပ်ဆောင်ခြင်းမဟုတ်သောကြောင့် အများစုသည် ရောဂါပိုးဝင်ကာ ဒုက္ခရောက်နိုင်ပါသည်။

ကိုယ်ဝန်ဖျက်ချသော လူနာများ(သို့) ကိုယ်ဝန်ပျက်ကျသော လူနာများနှင့် ပတ်သက်လာလျှင် ဆရာဝန်တို့၏ တာဝန်ကား ရှင်းပါသည်။ မိခင်အား သွေးထွက်လွန်၍ သော်လည်းကောင်း၊ ရောဂါပိုးအဆိပ်တက်၍ သော်လည်းကောင်း မသေအောင် ကာကွယ် ကုသပေးရန် ဖြစ်ပါသည်။ လူနာကို အပြစ်တင်ရန် ဆူရန် မဟုတ်ပါ။ ရဲစခန်းကိုလည်း ကိုယ်ဝန်ဖျက်ချသောကြောင့် တိုင်မည် မဟုတ်ပါ။ သို့ရာတွင် ဆေးရုံများသို့ရောက်သောအခါ OG များ ဆရာမများသည် abortion လူနာများအား ဆူတတ် ငေါက်တတ်သောကြောင့် တချို့သည် ကြောက်လန့်ပြီး မလာရဲဘဲ အသက်သေဆုံးခါနီး ဖြူကာပြာကာ ကျခါမှ ရောက်လာတတ်ကြပါသည်။ ထိုအခါမှ လာသောအခါ သေဆုံးကြတာ များပါတယ်။

ထို့ကြောင့်လည်း အမျိုးသမီးများအနေဖြင့် မလိုချင်သော ကိုယ်ဝန်ကို မရအောင် အစတည်းက စနစ်တကျ ကာကွယ်သင့်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ရှိလာရင်လည်း မိမိ၏ partner နှင့် ငြိနှိုင်းပြီး ကိုယ်ဝန်ကို ဆောင်စေချင်ပါတယ်။ ဒီကိုယ်ဝန်ကို ဘယ်လိုမှ မယူနိုင်လို့ ဖျက်ချမယ်ဆိုရင်လဲ ခေတ်မှီနည်းပညာများကို သုံးပြီး ကိုယ်ဝန်ဖျက်ချသော လက်သည်များထံတွင် ဖျက်ချစေလိုပါသည်။ ထို့နောက် ထိုသို့ကိုယ်ဝန်ဖျက်ချပြီးပါက နီးစပ်ရာဆေးရုံဆေးခန်းများတွင် ဆက်လက်သွားရောက် ကုသသင့်ပါသည်။

ကျွန်တော့်၏ ဆောင်းပါးသည် အမျိုးသမီးများကိုယ်ဝန်ဖျက်ချမှုကို အားပေးအားမြှောက်ပြုထားသည်ဟု ထင်စရာရှိပါသည်။ ကိုယ်ဝန်ဖျက်ချခြင်းကို ကျွန်တော်ကိုယ်တိုင်လည်း အားမပေးပါ။ သို့သော် အဆိုပါ အမျိုးသမီးများကို ကိုယ်ဝန်မဖျက်ချအောင် ကျွန်တော်တို့ မတားဆီးနိုင်ပါ။ ကိုယ်ဝန်ဖျက်ချသူများကိုလည်း ကျွန်တော်တို့ ဖမ်းခွင့်မရှိပါ။ ကျွန်တော်တို့က ရဲမှ မဟုတ်ဘဲ။ အဲဒီတော့ ကျွန်တော်တို့ လုပ်နိုင်တဲ့ ဆေးပညာနယ်ပယ်ထဲကနေ အကောင်းဆုံးလုပ်ပေးရန်သာ ရှိပါသည်။

ဖွံဖြိုးပြီးနိုင်ငံများတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ဆေးရုံများတွင် တရာဝင်လုပ်ခွင့်ပေးထားပါသည်။ မြန်မာနိုင်ငံတွင်လည်း ထိုသို့သာ ခွင့်ပြုလိုက်ပါက ကိုယ်ဝန်ဖျက်ချခြင်းကြောင့် မိခင်များသေဆုံးရသည့် အရေအတွက်သည် သိသိသာသာ နည်းပါးသွားမည်ဖြစ်သည်။

crd to public health in myanmar

Microgynon 30 ED ကိုယ်ဝန်တားဆေး

ကျွန်မက Microgynon ED ဆိုတဲ့ သန္ဓေတားဆေး သောက်ပါတယ်။ ပြသနာက ကျွန်မက အားဆေး နောက်ဆုံး ၂ လုံးလောက် (သို့) ၁ လုံးလောက် ကျန်တဲ့အချိန်မှ ရာသီလာပါတယ်။ အဖြူပြန်သောက်ရင် ရာသီမလာဘူးဆိုလို့ ရာသီလာပြီးချိန်ထိ စောင့်ပြီးမှ ဆေးအဖြူ ပြန်သောက်ပါတယ်။ အဲတာမှန်ပါသလား။ အခု ၂ လ ရှိပြီ ရာသီ အလွန်နည်းပါတယ်။ ကျွန်မ သားကို ဗိုက်ခွဲပြီးမွေးပါတယ်။ ၆ လ ရှိပါပြီ။ နို့မတိုက်တော့ပါ။ (ကိုယ်ဝန်မရှိခင်တုန်းက အဲဒီဆေး သောက်တာ သွေးတိုးဖူးပါတယ်။)

• Combined oral contraceptives ကိုယ်ဝန်တား စားဆေးဖြစ်တယ်။
• Oestrogen (Ethinylestradiol) နဲ့ Progesterone (Levonorgestrel) ဟော်မုန်း ၂ မျိုး ပါတယ်။
• ၂၈ လုံး ပါတာမှာ အရောင်နု (အဖြူ) ကို စသောက်ရတယ်။ တနေ့ ၁ လုံး။ အတိအကျ သောက်ပါ။ နောက် ၇ လုံး၊ အရောင်ရင့်မှာ ဆေး-ဟော်မုန်း မပါဘူး။
• ပဌမ ၂၁ လုံးသောက်ပြီးရင် သွေးပြန်ဆင်းမယ်။
• ဆေးကပ်ကို သွေးဆင်းရပ်တာ-မရပ်တာ မကြည့်ဘဲ တကပ်ကုန်ရင် နောက်တကပ် ဆက်သောက်ရတယ်။
• ဆေးစသောက်သူဟာ ရာသီစဆင်းတဲ့နေ့ကနေ စရမယ်။
• ရက်နံပါတ် (၁) ဆိုတာ ရာသီ-ကိုယ်ဝန်ဆောင်- မျိုးဥထွက်ရက် ဘာဘဲတွက်တွက် သွေးဆင်းတဲ့ ပဌမရက်လို့ ယူရတယ်။ ရာသီသွေးဆင်းတာက ၃-၄-၅ ရက်ကြာ တတ်တယ်။ နောက်ဆုံးရက်ဆိုတာ ပြောဘို့၊ မှတ်ဘို့ စွန်းယုံလေး စွန်းတော့လား၊ (ဒိုင်ယာပါ) မသုံးရတဲ့နေ့လား၊ မတိကျတတ်ဘူး။ ရာသီသွေး စဆင်းတဲ့နေ့ ဆိုတာ မှားစရာ မရှိဘူး။
• ပြက္ခဒိန်နည်းလဲ ကြားဘူးကြမယ်။ ရာသီစလာတဲ့နေ့ကနေ ၅ ရက်အတွင်းမှာ အတူနေပေမဲ့ ကိုယ်ဝန်မရနိုင်ဘူး။ ဒါ့ကြောင့် ဒီဆေးမျိုး သောက်သူတွေက ၅ ရက်မြောက်နေ့ကနေ စသောက်ရင်လဲ ကလေးမရနိုင်ဘူး။
• ဒါပေမဲ့ တချို့မှာက တလဆိုတာ ရက်တိုတတ်တယ်။ ဆိုပါစို့ ၂၂-၂၃ ရက်နဲ့ ရာသီတပါတ်လည်သူတွေ ရှိတယ်။ သူတို့ဆိုရင် ၅ ရက်အတွင်း စိတ်ချ ကိုယ်ဝန်မရဘူး ပြောဘို့ မှန်ခြင်မှ မှန်တယ်။
• ဆရာဝန်ကနေ စသောက်ပါ ပြောတဲ့ရက်မှာလဲ ကြားရက်ဖြစ်ဖြစ် သောက်နိုင်တယ်။ ကိုယ်ဝန်တားဘို့ မဟုတ်ဘဲ တခြား အကြောင်းကို ကုသဘို့ ညွှန်တာ ဖြစ်မယ်။ ဆေးသောက်တဲ့သူမှာ ကိုယ်ဝန် ရှိမနေဘို့သာ အရေးကြီးတယ်။
• ကလေးဖွါးပြီး ကလေးကို နို့မတိုက်ရသူဆိုရင် မီးဖွါးပြီးနောက် ၂၁ ရက်အကြာမှာ ဆေးစသောက်ရမယ်။
• ကိုယ်ဝန်ပျက်ပြီးနောက်ဆိုရင် အတိအကျ ပြောမရလို့ ကိုယ်ဝန်ပျက်လို့ သွေးစဆင်းပြီး ၇ ရက်နေရင် သောက်ရမယ်။ သွေးဆင်းရပ်တာ မရပ်တာကို မကြည့်ရပါ။
• ဆေးကို နေ့လဲမှန်၊ အချိန်လဲ မှန်မှန်သောက်ပါ။ တကယ်လို့ အချိန်နောက်ကျရင် သတိရတာနဲ့ သောက်ပါ။
• ၁ ရက် နောက်ကျသွားရင် ၂ လုံးတခါထဲ သောက်ပါ။
• နောက်ဆုံး သောက်ရမဲ့ ၇ လုံးက မေ့လဲ ကိစ္စမရှိပါ။
• နောက်ဆုံးသောက်ရမဲ့ဆေးတွေ သောက်နေရင်း သွေးပြန်လာရင် ဆေးကပ်ဟောင်း စွန့်လိုက်ပြီး ဆေးကပ်သစ် စသောက်ပါ။
• သီအိုရီအရ ပြောရရင် ဆေးကပ်ဟောင်းက ဆေးမှန်သမျှ ကုန်အောင်သောက်လို့ သွေးဆင်းနေတာ ၅ ရက် ကြာတယ်ဆိုလဲ နောက်ဆေးသစ် မသောက်သေးပေမဲ့ ပြက္ခဒိန်နည်းအရ ကိုယ်ဝန်မရနိုင်ပါ။
• တကယ်လို့ ဆေးသောက်ဘို့ မေ့တာက ၃ ရက်အထိ ဖြစ်ရင် စိတ်မချရတော့ပါ။ အကာအကွယ်သစ်ပါ သုံးရပါမယ်။ ဆေးလုံး ၂ လုံးထက် ပိုမသောက်ရပါ။ တရက် ၁ လုံးသာ ဆက်သောက်ပါ။
• တကယ်လို့ အတူနေစရာမရှိလဲ ဆေးသောက်ရမှာသာ ဖြစ်တယ်။ ဒါမှ လမှန်လိမ့်မယ်။
• ဒီဆေးမျိုး သောက်နေရင်းနဲ့ (ကွန်ဒွမ်) သုံးနေပေမဲ့လဲ ဆေးကို ရက်မှန်-အချိန်မှန်သောက်ရပါမယ်။
• တကယ်လို့ ဆေးသောက်ဘို့ မေ့တာက တတိယအတန်း (၁၄ ရက်ကနေ ၂၁ ရက်) အတွင်းက ဖြစ်နေရင် နောက်ဆုံး အရောင်မတူ ၇ လုံးကို မသောက်တော့ဘဲ ဆေးကပ်သစ်စပါ။
• ဆေးသောက်ဘို့ မေ့တာက ပဌမအတန်း (၁ ရက်ကနေ ၇ ရက်) အတွင်းဖြစ်နေရင် အရေးပေါ် ကာကွယ်ဆေး Emergency contraception (Morning after pill) သောက်ပါ။
• ဆေးသောက်ပြီး ၂ နာရီအတွင်း အန်တယ်ဆိုရင် မအန်ချင်တဲ့အချိန်မှာ နောက်ဆေး ၁ လုံးထပ်သောက်ပါ။ အန်နေတာက ၂၄ နာရီကျော်သွားရင် သိပ်စိတ်မချရတော့ပါ။ အကာကွယ်သစ်ပါ သုံးပါ။
• ဝမ်းလျောတာ ဆိုးသူတွေလဲ ထိရောက်မှု နည်းတတ်တယ်။
• ဆေး စသုံးဘူးသူတွေဆိုရင် ရာသီမမှန်တာ ဖြစ်တတ်တယ်။
• ဒီဆေး မသုံးသူတွေထက် သွေးခဲစေတာ ပိုဖြစ်နိုင်တယ်။ ရင်သားကင်ဆာ ပိုဖြစ်နိုင်တယ်။
• ကိုယ်ဝန်ရှိနေသူ မသုံးရပါ။ နို့တိုက်နေသူ မသုံးသင့်ပါ။ (ကိုလက်စထော) များနေသူ၊ နှလုံးရောဂါရှိနေသူ၊ သွေးတိုး နေသူ၊ ဆီးချို များနေသူ၊ အသက် ၅ဝ ကျော်သူ၊ စိတ်ကျရောဂါ ဆိုးနေသူ၊ မိုင်ဂရင်း ရောဂါရှိသူ၊ ကျောက်ကပ် မကောင်းသူ၊ အသဲ မကောင်းသူ၊ အသားဝါ ဖြစ်နေသူ၊ သည်းခြေအိတ် ကျောက်ရှိနေသူတွေ မသုံးသင့်ပါ။
• တချို့က ဝတာများတယ်။ တချို့ပိန်မယ်။ ရင်သားတင်း-နာ-ကြီးလာတတ်တယ်။ လိင်စိတ်နည်းတာ တချို့မှာ ဖြစ်တယ်။
• Aprepitant, Bosentan, Barbiturates, Carbamazepine, Eslicarbazepine, Modafinil, Nevirapine, Oxcarbazepine, Phenobarbital, Phenytoin, Primidone, Rifampicin, Rifabutin, Ritonavir ဆေးတွေ ပေးနေရင် ဒီဆေးအစွမ်း နည်းစေတတ်တယ်။
• Melatonin, Selegiline, Tacrolimus, Theophylline, Tizanidine, Voriconazole ဆေးတွေရဲ့အစွမ်းကို ဒီဆေးက သက်ရောက်စေနိုင်တယ်။
• Logynon, Logynon ED နဲ့ Microgynon 30 ဆေးတွေက ဆေးပါတာတူတယ်။
• Microgynon 20 ED ဆေးကို Alesse နာမည်နဲ့ အမေရီကားမှာ ရောင်းတယ်။

Dr. တင့်ဆွေ
၁၇-၃-၂ဝ၁၁