Pages
▼
Saturday, June 29, 2013
ကျွန်တော့်ရဲ့ မဟာကဗျာကြီးအား မသမာသူတစ်ယောက်မှ ဖျက်စီးထားသည်။
ကြွက်ငယ် (သို့မဟုတ်) Black Label
ကြွက်ငယ်ရေ.....
တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ပါ
မကွေးမြသလွန်စောင်းတန်းက
တောင်းရမ်းတဲ့ဇာတ်ဝင်ခန်း
လွမ်းသလားမေးရင်ဖြေဖို့ခက်တယ်။
မှိုတက်နေတဲ့ငွေစက္ကူနဲ့
ပိန်လိန်နေတဲ့ဒန်ခွက်တစ်ခွက်
နင်မေ့ပစ်တဲ့အတိတ်ပုံပြင်
ကိုယ့်ကိုကိုယ်တော့ဟုတ်လှပြီထင်နေမှာပေါ့။
အဲဒီညကမိုးတစ်ပေါက်တောင်မကျဘူး
ထုံးစံအတိုင်းမကွေးမှာမီးပျက်ပေမယ့်
မြသလွန်မှာမီးလာတယ်
ပြက္ခဒိန်ကြည့်ရလို့ပြဿဒါးမှန်းသိရင်
ဒါဟာနမိတ်ဆိုးတစ်ခုမှန်းငါတန်းသိပါရဲ့။
အခုတော့.......
ပြက္ခဒိန်မရှိလို့
မူးစုမတ်စုလေးကိုနှစ်ဆယ်တိုးနဲ့ချေးမိတာ
ငါ့အိပ်မက်တွေသာတာရိုးကျိုးသွာတယ်။
တောင်းစားသူနဲ့လိမ်စားသူ
ဘယ်သူပိုပြီးဖြူစင်ပါသလဲကြွက်ငယ်
ထမီခြုံလို့လဒဖြစ်သွားတဲ့စုန်းတစ်ကောင်အကြောင်း
ငါကောင်းကောင်းသိခဲ့ရပါပြီ။
ကြွက်တစ်ကောင်ရဲ့လိမ်ညာမှုကြောင့်
ခွက်ပျောက်ဖြစ်သွားတဲ့
သူတောင်းစားတစ်ယောက်အကြောင်း
ကြွက်ငယ်ကောင်းကောင်းသိပါလေစ။
အတိတ်သည်အတိတ်ဖြစ်သည်
ပစ္စုပ္ပန်သည်ပစ္စုပ္ပန်ဖြစ်သော်လည်း
အတိတ်ကအကြွေးကိုပစ္စုပ္ပန်မှာပြန်တောင်းမရလို့
နင့်ကိုသတ်ချင်တယ်ကြွက်ငယ်။
အရင်းတောင်ဆုံးတဲ့ဒီဇာတ်လမ်းမှာ
အပေါင်မပါတဲ့ငွေချေးသူကို
လက်တည့်စမ်းမိတာ
တကယ့်ကိုလွမ်းလောက်စရာပါ။
ပိုက်ဆံချေးသူကကြွက်ငယ်
ပွားချင်သူကျွန်တော်မျိုးမ
ဒီနှစ်ကောင်သားအနက်တွင်မှ
အမိုက်မအယုံလွယ်မိလို့
နင်ချည်းပဲခံပေရော့ဟု
အတိုးမှန်မှန်မပေးလည်းလွမ်း
အရင်းပြန်ရဖို့တော့မမှန်းရဲပါဘူးကြွက်ငယ်။
ကြွေးယူပြုံးပြုံးတောင်းတော့မုန်းပြီပေါ့ကြွက်ငယ်
နင်ကတော့တစ်လပြီးတစ်လအတိုးမပေးပဲဆိုင်းလာ
ငါကတော့ပြန်မရနိုင်တဲ့black labelတစ်ပုလင်းစာ
ခုချိန်ထိတမ်းတဆဲပါ။
လွန်လေပြီးသောအခါကို
တရားတို့ဖြင့်မဖြေနိုင်ပါ
မြသလွန်စောင်းတန်း
ကမ်းနားလမ်း
အကြွေအချို့
ရေသန့်ဘူးခွံအချို့
ဆဲဆိုသံပြင်းပြင်းများ
ချွေးစေးများ
ထို့ထက်ပိုပြီးနက်ရှိုင်းသော
ထပ်တူကျတဲ့အသံစာစာလေးများ
သောက်မြင့်ကပ်စရာမျက်နှာပေးများ
အားလပ်သောအခါ
နှလုံးသားနဲ့ခံစားပါကြွက်ငယ်။
နင့်ဖိနပ်စုတ်လေး
ဟိုး.....အဝေးမှာ
တဖြည်းဖြည်းနဲ့ပြတ်လုနီးနီးဖြစ်လာတဲ့အခါ
ငါပေးခဲ့တဲ့ချစ်သက်လက်ဆောင်တွက်ချိတ်လေးကို
အရင်ရင်ဘတ်နဲ့ကိုယ်တိုင်ချိတ်ပါ။
အရင်းမရှိပေမယ့်
ပျင်းရိမနေပဲ
မနေမနားတောင်းစားမယ်
ကိုယ်ဟာ...........
သူတောင်းစားပါကြွက်ငယ်
မူရင်းကဗျာဖတ်ရန် ငှက်ငယ်(သို့မဟုတ်)Black Angel 3
သူငယ်ချင်းများကို နောက်သည်။
အဲဒိညကတော့ နှစ်ယောက်တည်းပါ။ သောက်ဖော်သောက်ဖက်နှစ်ယောက် ဂစ်တာတစ်လက်ကို လက်မှာဆွဲပြီးတော့ ၁၃ လမ်းကိုထွက်လာခဲ့ကြတယ်။ ဘယ်သူတွေရှိရမှာလဲ နေလက နာမည်ကျော် Aungzin Tun နဲ့ Moe Zaak တို့ပေါ့။ အချိန်က သန်းခေါင်ကျော်လို့ တစ်ချက် ထိုးခါနီးပြီ။ အဆောင်သူတွေလည်း စာမေးပွဲနီးလို့ စာကျက်ပြီး ပင်ပင်ပန်းပန်း အိပ်ပျော်ကုန်ကြလေပြီ။ အောင်ကြီးက ဂစ်တာတဂွမ်ဂွမ်တီးလို့ မိုးဇက်လည်း သူ့အသံပြဲကြီးနဲ့ပေါ့ဗျာ။ အဲဒီအချိန်မှာပဲ အဆောင်ပေါ်ထပ်က တစ်ခါးလေးတစ်ချပ်ပွင့်လာပြီး စာရွက်ကလေးတစ်ရွက်ကျလာပါတယ်။ အောင်ကြီးကတော့ ခပ်အေးအေးပါပဲ။ သူ့အတွက် ဒီလိုသီချင်းအတောင်းခံရတာတွေက ရိုးနေပါပြီ။ စာရွက်လေးမှာ အပေါ်ဆုံးတစ်ကြောင်းက" တောင်းပန်ပါတယ် "တဲ့။ အေးဆေးပေါ့.။ တီးပေးလိုက်ပါတယ်။ ကြိုက်လို့တောင်းတာပဲဟာ။ နောက်တစ်ကြောင်းက "ပြန်ပါတော့" တဲ့ေ၇ှးတုန်းက သိချင်းကြီးဖြစ်လိမ့်မယ်.။မရဘူး . ။ ကျော်လိုက်တယ် ။နောက်တစ်ပုဒ် ။ အိပ်ချင်ပြီ။ ဟာ ဘာတွေတောင်းမှန်းလဲ မသိဘူး။ ဒါနဲ့ အကုန်ဖတ်လိုက်တယ်။
"တောင်းပန်ပါတယ်
ပြန်ပါတော့
အိပ်ချင်ပြီ
လူလိုသိပါ
လူတွေအိပ်ချိန်ရောက်မှ လာပြီး မနှောင့်ယှက်ပါနဲ့
ဒါပဲ" တဲ့
အဲလိုနဲ့ပဲ သူတို့နှစ်ယောက် အမူးပြေပြီး အဆောင်ကို ပြန်ရောက်လာပါတော့တယ်။
ကာယံကံရှင်များ၏ သိက္ခာအရ အမည်များကို ပြောင်းလဲထားပါသည်။
"တောင်းပန်ပါတယ်
ပြန်ပါတော့
အိပ်ချင်ပြီ
လူလိုသိပါ
လူတွေအိပ်ချိန်ရောက်မှ လာပြီး မနှောင့်ယှက်ပါနဲ့
ဒါပဲ" တဲ့
အဲလိုနဲ့ပဲ သူတို့နှစ်ယောက် အမူးပြေပြီး အဆောင်ကို ပြန်ရောက်လာပါတော့တယ်။
ကာယံကံရှင်များ၏ သိက္ခာအရ အမည်များကို ပြောင်းလဲထားပါသည်။
မှတ်တိုင်
ကျွန်တော်တို့ ၀ါသနာအရ လေးနှစ်တာ ထုတ်ဝေခဲ့တဲ့ ကဗျာစာအုပ်ကလေးတွေပါ။ နွေအကြို လမ်းခွဲတေးဆိုတဲ့ နာမည်နဲ့ပဲ လေးအုပ်လုံးကို တစ်နှစ်တစ်အုပ် ထမင်းဖိုးချွေတာပြီး ထုတ်ခဲ့တာပါ။ ရှာလိုက်တော့ ၃ နဲ့ ၄ နှစ်အုပ်ကိုပဲ တွေ့ရတော့တယ် ။ တန်ဖိုးမထားလို့ ပျောက်နေတာ မဟုတ်ပါဘူး။ တန်ဖိုးထားလွန်းပြီး အသိမ်းလွန်နေတာပါ။ ကျောင်းကသူငယ်ချင်းတော်တော်များများကတော့ ဒီစာအုပ်ကလေးတွေကို အလကားရဖူးကြလိမ့်မယ်
သူမ
သူမက ကျွန်တော့်အတွက်တော့ အမြဲတမ်း ၁၆ နှစ်သမီးလေးပါပဲ။
စာသင်ခန်းအိုလေးမှာ စာသင်နေတုန်း။
ဆံပင်တွန့်တွန့်နဲ့ အဲဒီဘောင်းဘီရှည်ဝတ်တဲ့ကောင်မလေးက စာသင်ခန်းထဲမှာလျှောက်သွားနေတုန်းပေါ့။
ကြာတော့ ကြာခဲ့ပြီ။ အရာအားလုံးက ကြာခဲ့ပြီ။
နောက်ချန်ထားခဲ့ဖို့ ကြိုးစားသည်။ သို့သော် ထိုအရာတွေကကျန်မနေခဲ့။ သူမနှင့် ပတ်သက်သော အရာများသည် ယခင်နှင့် ယခု၊ အတိတ်နှင့် ပစ္စပ္ပုန် ကြားတွင် တံတားတစ်စင်း ဖြစ်သည်။ နွယ်ရှင်တံတား။ ထိုနွယ်ရှင်များက ကျွန်ုပ်ထံသို့သာ လူးလွင့်ုလာသည်။ အချိန်ကာလများကို ဖြတ်ကျော်လာသည်။ ပြန်လှည့်ကြည့်တိုင်း သူမရဲ့ မျက်ဝန်းများအား မြင်နေရဆဲဖြစ်သည်။ မှန်သည်။ ကျွန်ုပ်တို့ မျက်ဝန်း များ အကြိမ်ကြိမ် ဆုံခဲ့ဖူးသည်။ မှန်သည်။ ဆုံတိုင်းလည်း အရင်လွှဲ ဖယ်မိသူမှာ ကျွန်ုပ်သာဖြစ်သည်။ မှန်သည်။ ကျွန်ုပ်တို့ကြားတွင် အမှန်တရားများသာ များသည်။ သို့ဆိုလျင် မည်သည့်အရာသည် ကျွန်တော့်ဘ၀တွင် မှားယွင်းနေပါသနည်း။
စာသင်ခန်းလေးကများ မှားခဲ့လေသလား။ သို့မပာုတ် လေတိုက်တိုင်း ရယ်ခဲ့သော ကျွန်တော်သည်သာမှားခဲ့သလား။ တစ်ခုခုကတော့ အကြီးအကျယ် မှားယွင်းနေခဲ့ပြီ။ သူမ ကတော့ မမှားခဲ့တာသေချာသည်။
မိုးဇက်
စာသင်ခန်းအိုလေးမှာ စာသင်နေတုန်း။
ဆံပင်တွန့်တွန့်နဲ့ အဲဒီဘောင်းဘီရှည်ဝတ်တဲ့ကောင်မလေ
ကြာတော့ ကြာခဲ့ပြီ။ အရာအားလုံးက ကြာခဲ့ပြီ။
နောက်ချန်ထားခဲ့ဖို့ ကြိုးစားသည်။ သို့သော် ထိုအရာတွေကကျန်မနေခဲ့။ သူမနှင့် ပတ်သက်သော အရာများသည် ယခင်နှင့် ယခု၊ အတိတ်နှင့် ပစ္စပ္ပုန် ကြားတွင် တံတားတစ်စင်း ဖြစ်သည်။ နွယ်ရှင်တံတား။ ထိုနွယ်ရှင်များက ကျွန်ုပ်ထံသို့သာ လူးလွင့်ုလာသည်။ အချိန်ကာလများကို ဖြတ်ကျော်လာသည်။ ပြန်လှည့်ကြည့်တိုင်း သူမရဲ့ မျက်ဝန်းများအား မြင်နေရဆဲဖြစ်သည်။ မှန်သည်။ ကျွန်ုပ်တို့ မျက်ဝန်း များ အကြိမ်ကြိမ် ဆုံခဲ့ဖူးသည်။ မှန်သည်။ ဆုံတိုင်းလည်း အရင်လွှဲ ဖယ်မိသူမှာ ကျွန်ုပ်သာဖြစ်သည်။ မှန်သည်။ ကျွန်ုပ်တို့ကြားတွင် အမှန်တရားများသာ များသည်။ သို့ဆိုလျင် မည်သည့်အရာသည် ကျွန်တော့်ဘ၀တွင် မှားယွင်းနေပါသနည်း။
စာသင်ခန်းလေးကများ မှားခဲ့လေသလား။ သို့မပာုတ် လေတိုက်တိုင်း ရယ်ခဲ့သော ကျွန်တော်သည်သာမှားခဲ့သလား။ တစ်ခုခုကတော့ အကြီးအကျယ် မှားယွင်းနေခဲ့ပြီ။ သူမ ကတော့ မမှားခဲ့တာသေချာသည်။
မိုးဇက်
မီးရောင်အောက်ကို ၀င် လူပျက်တွေနဲ့ တွဲ …..
၁
သမီးလေးကြီးလာရင် ဘာလုပ်မလဲ
ဆရာဝန်မကြီးလုပ်မယ်
၂
သမီးလေးကြီးလာရင်ဘာလုပ်မလဲ
မင်းသမီးလုပ်မယ်
၃
သမီးလေးကြီးလာရင်ဘာလုပ်မလဲ
အဆိုတော်လုပ်မယ်
၎
ကြယ်မြင် လမြင် အိမ်လေးက
လေတိုက်တိုင်း ပုခက်လို လွှဲရမ်းနေပေမဲ့
ဝမ်းမီးကိုတော့ အငိုတိတ်အောင်
ချော့မသိပ်နိုင်ရှာပါဘူး။
၅
ရောင်စုံမီးလုံးတွေရဲ့အောက်
ရောင်စုံမျက်လုံးတွေရဲ့ရှေ့
အမြှုပ်တစီစီထနေတဲ့ ရမက်တွေကြားမှာ
သွေးသားကို ရမ်းခါပြမယ်။
၆
ငွေသံ ချွင် ချွင်
ရွှေသံလွင်လွင်
လူတွေဘာများ ကိုးကွယ်ကြပါသလဲ။
၇
အိနြေ္ဒသိကာကို ကပိုကယိုချွတ်ခွါလို့
မိန်းမဆန်ခြင်းတစ်ခုတည်းကိုသာကိုင်ဆောင်
ညအခါ
လမသာပါပဲ
ဘ၀က ပေဖြစ်တမ်း ကစားနေတယ်။
၈
သမီးလေးကြီးလာရင် ဘာလုပ်မလဲ
… … … … .. … .. … … … ….. .
သမီးလေးကြီးလာရင်ဘာလုပ်မလဲ
…. …. … .. … … … … … … …
သမီး .. ..
သမီး .. ….
ဘာပြောရမှန်း မသိတော့ပါဘူး မေမေ..။
မိုးဇက်
သမီးလေးကြီးလာရင် ဘာလုပ်မလဲ
ဆရာဝန်မကြီးလုပ်မယ်
၂
သမီးလေးကြီးလာရင်ဘာလုပ်မလဲ
မင်းသမီးလုပ်မယ်
၃
သမီးလေးကြီးလာရင်ဘာလုပ်မလဲ
အဆိုတော်လုပ်မယ်
၎
ကြယ်မြင် လမြင် အိမ်လေးက
လေတိုက်တိုင်း ပုခက်လို လွှဲရမ်းနေပေမဲ့
ဝမ်းမီးကိုတော့ အငိုတိတ်အောင်
ချော့မသိပ်နိုင်ရှာပါဘူး။
၅
ရောင်စုံမီးလုံးတွေရဲ့အောက်
ရောင်စုံမျက်လုံးတွေရဲ့ရှေ့
အမြှုပ်တစီစီထနေတဲ့ ရမက်တွေကြားမှာ
သွေးသားကို ရမ်းခါပြမယ်။
၆
ငွေသံ ချွင် ချွင်
ရွှေသံလွင်လွင်
လူတွေဘာများ ကိုးကွယ်ကြပါသလဲ။
၇
အိနြေ္ဒသိကာကို ကပိုကယိုချွတ်ခွါလို့
မိန်းမဆန်ခြင်းတစ်ခုတည်းကိုသာကိ
ညအခါ
လမသာပါပဲ
ဘ၀က ပေဖြစ်တမ်း ကစားနေတယ်။
၈
သမီးလေးကြီးလာရင် ဘာလုပ်မလဲ
… … … … .. … .. … … … ….. .
သမီးလေးကြီးလာရင်ဘာလုပ်မလဲ
…. …. … .. … … … … … … …
သမီး .. ..
သမီး .. ….
ဘာပြောရမှန်း မသိတော့ပါဘူး မေမေ..။
မိုးဇက်
Thursday, June 13, 2013
ခေါင်းစဉ်မသိ
လိမ်ညာတတ်သူတစ်ယောက်ရယ်
အရူးတစ်ယောက်ရယ်
ငါနင့်ကို ချစ်တယ်ဆိုတဲ့ စကားရယ်ပေါင်းတော့
ငါလည်း နင့်လိုပါပဲတဲ့။
မီးဝိုင်းတဲ့ အရူးရယ်
ဆူးဝိုင်းတဲ့ နှင်းဆီရယ်
အချစ်(လို့ ထင်ရတဲ့အရာ) ရယ်ပေါင်းတော့
ဆူးနဲ့ မီးဝိုင်းအလယ်က
အရူးနဲ့ နှင်းဆီ။
အချိန်တွေကြာလာတော့
နှင်းဆီက မီးကို တစ်ကိုယ်စာငြိမ်းသတ်
မီးဝိုင်းအပြင်ဘက်ကို ထွက်သွားတော့တယ်
နှင်းဆီလေး မီးကို ငြိမ်းသတ်နေသရွေတော့
ဒီအရူး
ဆူးတွေ စူးနေဦးမှာပါပဲ။
အလိမ်အညာမလေးရေ
နောက်ဆုံးနင်ပြောခဲ့တဲ့
"ငါနင့်ကို လိမ်ပြောခဲ့တာ"ဆိုတဲ့စကားလေ
ငါထင်တယ်
နင်လိမ်ပြောခဲ့တာပါ။
မိုးဇက်
အရူးတစ်ယောက်ရယ်
ငါနင့်ကို ချစ်တယ်ဆိုတဲ့ စကားရယ်ပေါင်းတော့
ငါလည်း နင့်လိုပါပဲတဲ့။
မီးဝိုင်းတဲ့ အရူးရယ်
ဆူးဝိုင်းတဲ့ နှင်းဆီရယ်
အချစ်(လို့ ထင်ရတဲ့အရာ) ရယ်ပေါင်းတော့
ဆူးနဲ့ မီးဝိုင်းအလယ်က
အရူးနဲ့ နှင်းဆီ။
အချိန်တွေကြာလာတော့
နှင်းဆီက မီးကို တစ်ကိုယ်စာငြိမ်းသတ်
မီးဝိုင်းအပြင်ဘက်ကို ထွက်သွားတော့တယ်
နှင်းဆီလေး မီးကို ငြိမ်းသတ်နေသရွေတော့
ဒီအရူး
ဆူးတွေ စူးနေဦးမှာပါပဲ။
အလိမ်အညာမလေးရေ
နောက်ဆုံးနင်ပြောခဲ့တဲ့
"ငါနင့်ကို လိမ်ပြောခဲ့တာ"ဆိုတဲ့စကားလေ
ငါထင်တယ်
နင်လိမ်ပြောခဲ့တာပါ။
မိုးဇက်

